အနုပညာလောကထဲက ထွက်ဖို့ထိလုပ်ခဲ့ဖူးတဲ့ နာမည်ကျော်အနုပညာရှင်များ

ကိုယ်တွေချစ်တဲ့အနုပညာရှင်မင်းသမီးတွေက ဒီအနုပညာလောကထဲကနေ ထွက်ဖို့ထိဆုံးဖြတ်ခဲ့ကြဖူးတယ်ဆိုတာ သင်သိပါသလား?ဘယ်သူတွေလဲဆိုတော့…

Shailene Woodley

မင်းသမီးချော Shailene Woodley ဟာ အနုပညာလောကထဲကထွက်ဖို့ထိစဉ်းစားခဲ့ဖူးပါတယ်။ဘာလို့လဲဆိုတော့သူမကို ပရိသတ်တွေက အများကြီးယုံကြည်ထားကြလို့ပါတဲ့။The Descendants ဇာတ်ကားမှာပါဝင်ခဲ့ပြီးတဲ့နောက် Shailene Woodley သူမရဲ့အလုပ်ကိုအကောင်းဆုံးလုပ်ဖို့ဖိအားပေးမှုတွေအများကြီးခံစားခဲ့ရပါတယ်။အင်တာဗျူးတစ်ခုမှာ “ကျွန်မ ဒီအလုပ်ကိုရပ်ချင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ လူတိုင်းက ကျွန်မကိုပြောကြတယ်။နောက်ထပ် ကျွန်မဘာတွေလုပ်ပြနိုင်ဦးမလဲဆိုတာ ကြည့်ဖို့မစောင့်နိုင်တော့ဘူးဆိုပြီးတော့ပေါ့။အဲ့ဒါက ကျွန်မကို စိတ်ဖိစီးမှုတွေအများကြီးဖြစ်စေခဲ့ပါတယ်။သူတို့မျှော်လင့်ထားသလို အကောင်းဆုံးပြနိုင်ဖို့ ကျွန်မကြိုးစားပြရတော့မယ်ဆိုပြီး လအတော်ကြာဖိစီးမှုခံစားခဲ့ရပါတယ်။ဒါပေမဲ့ နောက်တော့ တစ်ခြားသူတွေဘယ်လိုပဲတွေးထင်ထင် ကျွန်မနဲ့မသက်ဆိုင်ဘူး။ကျွန်မက ကျွန်မအလုပ်ကိုအကောင်းဆုံးတတ်နိုင်သလောက်လုပ်ရမှာပဲဆိုပြီးသဘောပေါက်ခဲ့တာပါတယ်”လို့ပြောခဲ့ပါတယ်။ဒါကြောင့်သူမကိုအနုပညာလောကထဲမှာ အရည်အချင်းရှိတဲ့မင်းသမီးတစ်လက်အဖြစ်ဆက်ပြီးမြင်တွေ့နေရတာဖြစ်ပါတယ်။

Kristen Stewart


Kristen Stewart ဟာ အနုပညာလောကထဲကို မင်းသမီးတစ်လက်အဖြစ်စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အစပိုင်းကာလတွေမှာ အဆင်မပြေမှုတွေအများကြီးကြုံခဲ့ရပါတယ်။အင်တာဗျူးတစ်ခုမှာ “ဘယ်ကြော်ငြာ၊ဘာရုပ်ရှင်မှလက်မခံရပဲ တစ်နှစ်နီးပါးလောက်ကြာပြီးတဲ့နောက် ဒီအလုပ်ကိုဆက်ပြီးမလုပ်ချင်လောက်အောင်စိတ်ပျက်မိခဲ့တယ်။လူရွေးပွဲဝင်တိုင်း စိတ်လှုပ်ရှားမှုတွေ၊အဆင်မပြေမှုတွေပဲကြုံခဲ့ရတယ်။အဲ့ဒါနဲ့ နောက်ဆုံးလူရွေးပွဲတစ်ခုပဲကျန်တော့တဲ့အချိန်အမေက ကျွန်မကိုပြောတယ်။နည်းနည်းလေးစိတ်ရှည်ရှည်ထားပြီးနောက်ဆုံးတစ်ခုကိုသွားပါဆိုပြီး။ပြီးတော့ အဲ့ဒါက The Safety of Objects ဇာတ်ကားဖြစ်ခဲ့ပြီး အရွေးခံခဲ့ရတယ်။တကယ်လို့အဲ့ဒါသာမရခဲ့ရင် ဒီလောကထဲက ထွက်တာကြာပြီ”ဆိုပြီးပြောပြခဲ့ဖူးပါတယ်။

Leonardo DiCaprio


Leonardo DiCaprio က Titanic ဇာတ်ကားမှာပါဝင်ခဲ့ပြီးနောက် အနုပညာလောကထဲက ထွက်ဖို့ထိလုပ်ခဲ့တယ်ဆိုရင် အံ့သြသွားမလား။သူကတော့ စိတ်ဖိစီးမှုကြောင့်လည်းမဟုတ်သလိုအဆင်မပြေလို့လည်းမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ သူက အရမ်းလန်းတယ်၊အရမ်းမိုက်တယ်ဆိုတာသိနေလို့ပါတဲ့။အင်တာဗျူးတစ်ခုမှာ”ဒီလိုမျိုး ကျွန်တော် ကြည့်ကောင်းချောမောနေတာက တစ်ယောက်ယောက်အတွက်အခွင့်အရေးတွေသွားပြီးပိတ်မိနေသလိုဖြစ်စေပါတယ်။အဲ့ဒါကြောင့်ဒီလောကထဲက ထွက်ချင်တဲ့စိတ် နည်းနည်းလေးဖြစ်ခဲ့ပါတယ်။ကျွန်တော့်အတွက်အခွင့်အရေးတွေအများကြီးမရခဲ့ဘူးလို့ပြောတာမဟုတ်ပါဘူး။ဒါက ပထမဆုံးအကြိမ် ကျွန်တော့်ရဲ့ အလုပ်နဲ့ပတ်သက်ပြီးချင့်ချိန်ဖို့စဉ်းစားမိခဲ့တာပါပဲ”ဆိုပြီးပြောပြခဲ့ပါတယ်။

Sandra Bullock


နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Sandra Bullock ဟာလည်း အနုပညာလောကထဲကထွက်ဖို့ထိဖြစ်ခဲ့ပါတယ်။အနုပညာရှင်ဆိုတာသိတဲ့အတိုင်းကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ချိန်မှာတောင် အာရုံစိုက်ခံရတဲ့သူတွေပါ။Sandra Bullock ဟာလည်း လူမှုရေးကိစ္စတစ်ချို့ကြောင့် မီဒီယာတွေ၊ပရိသတ်တွေရဲ့စိတ်ဝင်စားမှု၊အာရုံစိုက်မှုအပြင်းအထန်ရရှိခဲ့ပြီး ဒီလောကထဲကထွက်ဖို့ထိစဉ်းစားခဲ့ဖူးပါတယ်။အင်တာဗျူးတစ်ခုမှာ “ကျွန်မအလုပ်လုပ်ချင်တဲ့နေရာတစ်ခုမှာ ရှိနေတယ်လို့ ကျွန်မတကယ်ကိုမထင်ခဲ့ပါဘူး။ကျွန်မရောက်နေတဲ့နေရာကနေ ထွက်ပြေးချင်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ထပ်အလုပ်ဆက်လုပ်ဖို့အခွင့်အလမ်းပေါ်လာခဲ့ပြီး အခုလိုအနုပညာလောကထဲမှာဆက်ပြီးရှိနေတာပါ”လို့ပြောခဲ့ပါတယ်။

Chris Hemsworth


Chris Hemsworth ဟာလည်း အနုပညာလောကထဲကထွက်ဖို့ထိစဉ်းစားဖူးတဲ့သူတစ်ယောက်ပါ။ဘာလို့လဲဆိုတော့ သူ့ကိုယ့်သူ မအောင်မြင်ဘူးလို့ခံစားနေရလို့ပါတဲ့။Thor ဇာတ်ရုပ်အတွက် သူ့ကိုလာပြီးမကမ်းလှမ်းခင်ကပေါ့။အခုတော့ မာဗယ်ရဲ့နာမည်ကျော်ဟီးရိုးတစ်ယောက်ဖြစ်နေပါပြီ။

Jena Malone


နာမည်ကျော်ဇာတ်ကားဖြစ်တဲ့ Hunger Games မှာပါဝင်ခဲ့ဖူးတဲ့ Jena Malone ဟာလည်း အဲ့ဒီဇာတ်ကားမရိုက်ကူးခင်အချိန်တုန်းက အနုပညာလောကထဲမှာအဆင်မပြေမှုတွေပဲကြုံခဲ့ရပါတယ်။အဲ့ဒါနဲ့ ဒီလောကထဲက ထွက်ဖို့ထိလုပ်ခဲ့ပါတယ်တဲ့။ဒါပေမဲ့မထွက်ဖြစ်ခဲ့ပဲ Hunger Games:Catching Fire ဇာတ်ကားမှာ အရေးပါတဲ့ဇာတ်ကောင်တစ်ခုအဖြစ်ဆက်ပြီးပါဝင်ရိုက်ကူးခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*