ရုံးသွား ရုံးလာ၊ ကုမ္ပဏီဝန်ထမ်းပျိုမေတွေ သိထားရမယ့် အလှအပရေးရာများ

ရုံးဝန်ထမ်း ပျိုမေတွေအတွက် မျက်နှာပြင်ဆင်ခြယ်သမှုအပိုင်းဟာ အလွန်ပဲ အရေးပါလှပါတယ်။ ထသွားထ လာလို ဖြစ်သလို ပြင်ဆင်သွားဖို့ရာလည်း မသင့်တော်၊ ပါတီတွေ၊ ဒင်နာတွေသွားသလိုအလွန်အကျွံခြယ် သမယ်ဆိုရင်လည်း ကုမ္ပဏီ၊ ရုံးတက်တာနဲ့ မတူတော့တာမို့ ရုံးတက် ရုံးဆင်း မိတ်ကပ်ခြယ်သမှု၊ ဆံပင်ပြင် ဆင်ထုံးဖွဲ့မှုအကြောင်း ပြောပြပေးပါ့မယ်။

မိတ်ကပ်


သဘာဝဆန်ဆန်လေး ပြင်ဆင်သွားလိုက်ပါ။ မိတ်ကပ်ကို အထူကြီးလိမ်းထားတာမျိုး ရှောင်သင့်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်းနီကို နီရဲအောင် ဆိုးတာမျိုး၊ လက်သည်းအရှည်ကြီးထားတာမျိုးတွေဟာ တစ်ချို့သော ရုံးတွေအတွက် ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ နှုတ်ခမ်းနီနီရဲရဲဆိုးရတာကိုမှ နှစ်ခြိုက်တယ်ဆို ရင်လည်း စနေ၊ တနင်္ဂနွေအပြင်သွားတဲ့အချိန်မှသာ ဆိုးပါ။ သဘာဝဆန်ဆန် ပြင်ဆင်ခြင်းဟာ ပျင်းစရာ
ကောင်းတယ်လို့ ထင်ရင်မှားပါလိမ့်မယ်။ သူ့ကို ကွန့်ချင် တယ်ဆိုရင်တော့ မျက်ခုံးမွှေးကို ထူထူလေး ဆွဲလို့ရပါတယ်။ ဖောင်ဒေးရှင်း ပါးပါးလေးလိမ်း၊ 2way လေးပုတ်လိုက်ပြီး ပါးနီကိုတော့ ပြေပြေလေးသာ ခြယ်လိုက်ပါ။ အဲ့ဒီနောက် mascara ဆိုးချင်တယ်ဆိုရင် ဆိုးနိုင်ပြီး အသားရောင်နှုတ်ခမ်းနီ၊ ဒါမှမဟုတ် gloss လေး ဆိုးပြီး အပြီးသတ်ပေးလိုက်ရုံပါပဲ။
ဆံပင်

ကုမ္ပဏီဝန်ထမ်းဖြစ်တဲ့အတွက် ဆံထုံးထုံးဖို့အထိ မလိုအပ်ရင်တောင် ဆံပင်ကို ဒီအတိုင်းချထားတာထက် စာရင် အားလုံးကို နောက်မှာ ပိုနီတေး စုချည်ထားတာမျိုး၊ ဒါမှမဟုတ် တစ်ဝက်ချည်၊ တစ်ဝက်ချ ပုံစံမျိုးတွေ ပြင်ဆင်နိုင်ပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်း ခေတ်စားလာတဲ့ ကျစ်ဆံမြီးဒီဇိုင်းဆန်းလေးတွေကိုလည်း စမ်း သပ်ကြည့်နိုင်ပါတယ်။

လက်သည်း

အမျိုးသမီးတွေအတွက် လက်သည်း၊ ခြေသည်းတွေကို သပ်ရပ်သန့်ရှင်းအောင် ထားခြင်းဟာ သူမရဲ့တစ် ကိုယ်ရည်သန့်ရှင်းမှု ဘယ်လောက်ရှိသလဲဆိုတာကိုပါ ပြသနေပါတယ်။ ဒီတော့ လက်သည်းမှာ အလှဆင် ထားတာ မရှိဘူးဆိုရင် တောင် သပ်သပ်ရပ်ရပ်လေး တိဖြတ်ထားတဲ့ လက်သည်းကို bast coat အကြည်
လေးဆိုးထားတာနဲ့တင် အဆင်ပြေနေပါပြီ။ လက်သည်းအလှဆင်မယ်ဆိုရင်တော့ ကလေးဆန်လွန်းတဲ့၊ ကြောင်တောင်ကြားတား ဒီဇိုင်းမျိုးတွေကို ရှောင်ပြီး ကိုယ်ဝတ်နေကျ အင်္ကျံအရောင်တွေ၊ ကုမ္ပဏီဝတ်စုံရှိ ရင်လည်း အဲ့ဒီဝတ်စုံနဲ့ အဆင်ပြေမယ့် ဒီဇိုင်းကို ရွေးပါ။
ရေမွှေး

ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ ရေမွှေးဆွတ်တဲ့အခါ ကိုယ်နဲ့အတူ အလုပ်လုပ်တဲ့သူတွေဟာ အနံ့စူးစူးတွေ ခံနိုင်သလား၊ အဲ့ဒီလိုဟာတွေ မကြိုက်တဲ့သူတွေလား ဆိုတာတော့ သိထားရပါမယ်။ မဟုတ်ရင် ကိုယ့်ရေ
မွှေးနံ့ကြောင့် သူတို့ စိတ်အနှောင့်အယှက်ဖြစ်နေရနိုင်ပါတယ်။ တတ်နိုင်သလောက်တော့ သဘာဝဆန်တဲ့ ရနံ့မျိုးလေးတွေကိုသာ ရွေးချယ်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*