မိဘတိုင်းသိထားသင့်တဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့စိတ်လေးအရိုင်းမဆန်စေဖို့…

1. ပျော်တတ်အောင်သင်ပေးပါ


ဒီအရွယ်ဟာ ပျော်စရာတွေနဲ့ပြည့်နှက်နေတဲ့အချိန်ကောင်းပါ။ ဒီလိုအချိန်မှာမှ လောကကြီးရဲ့အနှစ်သာရကိုအပြည့်အဝမခံစားရင် သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုမပိတ်ပင်ပဲ အတိုင်းတာတစ်ခုထိလွှတ်ထားပေးသင့်ပါတယ်။

2. အကောင်းမြင်တတ်အောင်သင်ပေးပါ

အကောင်းမြင်တတ်တဲ့စိတ်လေးကို ဆယ်ကျော်သက်အရွယ်ထဲကနေတြစ်ဖည်းဖြည်းသင်ပေးပါ။ တစ်ဘဝလုံးအတွက် စိတ်ချမ်းသာဖို့အကောင်းမြင်တတ်တဲ့စိတ်လေးလည်းရှိဖို့လိုပါတယ်။

3. တင်းတိမ်ရောင့်ရဲတတ်အောင်သင်ပေးပါ


ဒီအရွယ်မှာ အရှိသင့်ဆုံးကတော့တင်းတိမ်ရောင့်ရဲနိုင်တဲ့ စိတ်ထားလေးပါပဲ…ဆိုလိုချင်တာက တစ်ချို့သော ဆယ်ကျော်သက်လေးတွေဟာ ဒီလိုမနူးမနပ်အရွယ်မှာ စိတ်ထွေပြီး အရမ်းကိုသူများထက်သာချင်တာမျိုး၊ လောဘကြီးတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့လက်ရှိမိသားစုအခြေနေကိုနားလည်ပြီးမလိုအပ်တဲ့နေရာတွေမှာမလိုလောဘမကြီးဖို့ထိန်းပေးသင့့်ပါတယ်။

4. ဝမ်းနည်းပါစေ၊ ကြာကြာစိတ်ဓာတ်မကျတတ်အောင်သင်ပေးဖို့လိုပါတယ်


စိတ်ပင်ပန်းမှုတွေရှိလာတဲ့ဝမ်းနည်းရင်ဝမ်းနည်းပါစေ လွှတ်ထားလိုက်ပါ၊ အချိန်တိုင်းတာတစ်ခုမှာတော့ပြန်ထနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်အောင် သင်ကြားထားပေးပါ။

5. ကြိုးစားချင်စိတ်ကိုနိုးဆွပေးပါ


ဆယ်ကျော်သက်အရွယ်ဆိုတာဘဝရဲ့စလို့အကောင်းဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ သူတို့ဘဝကိုသူတို့ကြိုးစားချင်စိတ်ရှိလာအောင် နှိုးဆွပေးသင့့်ပါတယ်။ ပျင်းရိငြီးငွေ့မှုတွေကိုဖယ်ရှားပေးပြီးဘဝဆိုတာဘယ်လိုရုန်းကန်ရမလဲ။ ဘာလိုချင်ရင်ဘယ်လိုကြိုးစားမရမယ်ဆိုတဲ့အသိလေးကိုထည့်ပေးဖို့လိုပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*