Deodorant (ချွေးနံ့ပျောက်ဆေး)ကို ဒီလိုနေရာတွေမှာလည်းသုံးလို့ရတယ်…

ဒီတစ်ခါတော့ Deodorant လေးတွေရဲ့တမူထူးခြားအသုံးဝင်တဲ့နည်းလမ်းလေးတွေအကြောင်းပြန်ပြီးမျှဝေသွားမှာဖြစ်ပါတယ်။Deodorant ဆိုတာချွေးနံ့ပျောက်ဆေးအဖြစ် ချိုင်း၊ခြေဖဝါး၊ခန္ဓာကိုယ်ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာအသုံးပြုတဲ့ပစ္စည်းမှန်း အားလုံးသိပြီးသားဖြစ်မှာပါ။ဒါပေမဲ့Deodorant ကို နောက်ထပ်အသုံးပြုလို့ရတဲ့နည်းလမ်းသုံးခုရှိပါသေးတယ်။ဘယ်လိုနေရာတွေမှာလဲ?

မျက်နှာမှာသုံးလို့ရတယ်

Natural Deodorant ကို မျက်နှာမှာသုံးလို့ရပါတယ်။ဘာအတွက်သုံးရမလဲဆိုရင် မိတ်ကပ်လိမ်းတဲ့အခါ ပြောင်ပြောင်တောက်တောက်လေးဖြစ်နေစေဖို့ပါ။ပါး၊နှာခေါင်း၊နဖူးနေရာတစ်ဝိုက် deodorant လေး နည်းနည်းပွတ်လိမ်းလိုက်ပေးမယ်ဆိုရင် မိတ်ကပ်လိမ်းတဲ့အခါမှာ ပိုတောက်ပပြီးကြည့်ကောင်းနေပါလိမ့်မယ်။Mineral salts ဒါမှမဟုတ် crystal ပါဝင်တဲ့ Deodorant ဟာ မျက်နှာကအဆီတွေကိုစုပ်ယူပေးလို့ အမည်းစက်တွေ၊ဝက်ခြံတွေကိုပါ ချပ်ရပ်ပျောက်ကင်းသွားစေပါတယ်။

ပေါင်သားပွန်းပဲ့မှုမဖြစ်အောင်ကာကွယ်ပေးတယ်

စကတ်အကျပ်တွေဝတ်တာများလို့၊လမ်းလျှောက်တာများသွားလို့ ပေါင်သားအချင်းချင်းပွတ်တိုက်ပြီး ပွန်းပဲ့နာကျင်မှုတွေဖြစ်တတ်ပါတယ်။ဒီလိုတွေမဖြစ်အောင်deodorant က ကာကွယ်ပေးနိုင်ပါတယ်။စကတ်အကျပ်တွေမဝတ်ခင် deodorant ကိုပေါင်ပေါ်မှာနည်းနည်းလိမ်းပေးပါ။အဲ့ဒါဆိုရင် ပေါင်ပွန်းပဲ့မှုတွေမဖြစ်တော့ပါဘူး။

ခြေထောက်အရည်ကြည်ဖုမဖြစ်အောင်ကာကွယ်ပေးတယ်

ဒေါက်ဖိနပ်စီးတဲ့အခါ ဖိနပ်နောက်ပိတ်ကြောင့်ခြေဖဝါးမှာအရည်ကြည်ဖုတွေဖြစ်လာတတ်ပါတယ်။ဖိနပ်အသစ်စီးတဲ့အခါမှာလည်းဖိနပ်ပေါက်တာမျိုး၊အရည်ကြည်ဖုဖြစ်လာတာမျိုးကြုံဖူးမှာပါ။ဒီလိုတွေမဖြစ်အောင် deodorant ကိုသုံးပေးလို့ရပါတယ်။ဖိနပ်မစီးခင်ခြေထောက်မှာ deodorant လိမ်းပေးပါ။ပြီးမှစီးပါ။အဲ့ဒါဆို အရည်ကြည်ဖုမဖြစ်တော့ပါဘူး။

ခြင်ကိုက်ဖုကြောင့်ယားယံနီမြန်းတာတွေမဖြစ်အောင်ကာကွယ်ပေးတယ်

Deodorant ဟာ အတော်လေးအသုံးဝင်တယ်ဆိုရမှာပါပဲ။ခြင်ကိုက်တဲ့အခါ လက်မှာအဖုဖြစ်လာပြီးယားယံလာတတ်၊နီရဲလာတတ်ပါတယ်။အဲ့ဒီအခါDeodorant ကိုသုံးလိုက်ရုံပါပဲတဲ့။ယားယံမှုနဲ့နီမြန်းတာကိုလျှော့ချပေးနိုင်ပါတယ်။

ဆံပင်အတွက်လည်းလျှပ်တပြက်အသုံးဝင်တဲ့နည်းလမ်းလေး

ခေါင်းမလျှော်တာကြာနေလို့ဆံပင်တွေကစီးကပ်ပြီးအဆီတွေထွက်နေပြီလား။မပူပါနဲ့။Deodorant ကို ဆံသားအနှံ့ဖြည်းဖြည်းချင်းပွတ်လိမ်းလိုက်ပါ။အဆီတွေကိုစုပ်ယူပေးတဲ့အပြင် ချွေးနံ့ပါပျောက်စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*