
ကက်သွန်နီခွါပြီးတိုင်း အခွံတွေကို လွှင့်ပစ်တတ်ကြတယ်မလား ။ ဒီအကြောင်းအရာကို ဖတ်ပြိးရင်တေ့ာ လွှင့်ပစ်မိမှာ မဟုတ်တော့ပါဘူး ။ ကြက်သွန်နီ အခွံမှာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ စားလို့တော့မရပါဘူးနော် ..
၁။ရောင်ရမ်းနာကြင်မှုတွေ သက်သာစေ
ကြက်သွန်နီအခွံမှာ ရောင်ရမ်းနာကြင်မှုတွေကို သက်သာစေနိုင်တဲ့ သဘာဝအစွမ်းသတ္တိရှိပါတယ် ။ ခွာထားပြီးသော ကြက်သွန်နီအခွံတွေကို ရေထဲတစ်ညလုံး စိမ်ထားပါ ။ ထိုရေဖြင့် အရေပြားပွန်းရှခြင်း ၊ အလာဂျီဖြစ်ခြင်း ၊ ထိခိုက်ရှနာဖြစ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ် ။
၂။ယင်ကောင်နှင့်ပိုးမွှားများကို အဝေးပြေးစေ
ခြင်နှင့် ယင်ကောင်ကဲ့သို့သော အင်းစက်ပိုးမွှားတွေ အိမ်မှာရှိနေရင်တော့ ကြက်သွန်နီအခွံက ကူညီမောင်းထုတ်ပေးနိုင်ပါတယ် ။ အထက်ဖော်ပြပါအတိုင်း ကြက်သွန်နီအခွံ တစ်ညလုံးစိမ်ထားတဲ့ရေကို ခွက်ထဲအနည်းငယ်ထည့်ပြီး ပြတင်းပေါက် နှင့် အင်းစက်ပိုးမွှားရှိတတ်သော နေရာများတွင် ချထားပါ။ ကြက်သွန်နံ့ကြောင့် အင်းစက်တွေ အဝေးခွာပြေးသွားကြမှာပါ ။
၃။ဆံပင်ပျော့ဆေး
ကြက်သွန်နီအခွံကို ရေဖြင့်ပြုတ်ပြီး အအေးခံကာ ခေါင်းလျှော်ပြီးတိုင်းမှာ ခေါင်းပေါ်လောင်းချပေးခြင်းက ဆံပင်ကို ပျော့ပြောင်းစေပြီး ဆံပင်အတွက် လိုအပ်သော အာဟာရဓါတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ် ။
Leave a Reply