နှစ်ပေါင်း ၇၀ကျော် ဘီယာ သုံး ပုလင်း နဲ့ဝီစကီ တစ်ပက်ကို နေ့စဉ် သောက်သုံးခဲ့တဲ့ အသက် ၁၁၀ နှစ် အရွယ် အမျိုးသမီး

နယူဂျာစီသူ အမျိုးသမီးကြီးတစ်ဦးဟာ သူ့ရဲ့ ၁၁၀ နှစ်မြောက်မွေးနေ့မှာ ဆရာဝန်တစ်ဦးက ညွှန်ကြားတဲ့အတွက် Miller High Life ဘီယာ နဲ့ စကော့ဝီစကီ တစ်ပက်ကို နေ့တိုင်း သောက်သုံးခဲ့တာ နှစ်ပေါင်း ၇၀ကျော်ပြီလို့ ဆိုပါတယ်။

Englewood မှ Anges Fenton ဟာ စနေနေ့က အသက်ရာကျော်ရှည်သူတစ်ယောက် မွေးနေ့ကျင်းပခဲ့ပြီး ခုလိုအသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ခဲ့လို့ ဘုရားသခင်ကို ကောင်းချီးပေးကျေးဇူးတင်ခဲ့ပါတယ်။

Fento ဟာ “ ကျွန်မ အသက်၁၀၀ ပြည့်တုန်းက မှန်ရှေ့ကိုသွားပြီး ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးတော့ မနက်တိုင်းလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ် “လို့ The Record newspaper ကို ပြောကြားခဲ့ပါတယ်။

“ ဘုရားသခင်က ကျွန်မကို ကောင်းမွန်တဲ့ဘဝနဲ့ အသက်ရှည်ရှည်နေနိုင်အောင် ပြုလုပ်ပေးခဲ့လို့ ကျွန်မမှာ ဘာမှတောင်းဆိုစရာ မရှိတော့ပါဘူး။ ဘုရားသခင်သာမရှိရင် ရှင်တို့လည်း ဘာမှ ရှိမှာ မဟုတ်ပါဘူး”လို့လည်း ပြောထားပါသေးတယ်။

Fenton ရဲ့ ၁၀၅ နှစ်မွေးနေ့တုန်းက ABC News က အင်တာဗျူးလုပ်စဉ် နှစ်ပေါင်း ၇၀ မတိုင်ခင် သူ့ရဲ့ဆရာဝန်က သူ့ကို အကြံဉာဏ်တစ်ချို့ ပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

“ သူကပြောတယ် Agnes ခင်ဗျား တစ်နေ့ကို Miller High Life ဘီယာ ၃ပုလင်း သောက်သင့်တယ်လို့ ပြောတယ် “ လို့ ရှင်းပြပါတယ်။

Fenton ဟာ နေ့စဉ် ဘီယာ ၃ ပုလင်း နဲ့ စကော့ဝီစကီ တစ်ပက်ကို သောက်သုံးခဲ့တာ ခုချိန်ထိဖြစ်ပြီး သူရဲ့ နာစ့်မတွေက ခုလိုဆက်လက်သောက်သုံးခွင့် မပြုတော့ဘူးလို့ဆိုပါတယ်။ သူရဲ့ အကြိုက်ဆုံး ဝီစကီကတော့ Johnny Walker Blue Label ပါပဲတဲ့။

“အသက်ရာကျော်ရှည်သူတိုင်းမှာ သူတို့ရဲ့ လျှို့ဝှက်ချက်တွေရှိကြပါတယ်” လို့ New England Centenarian Study မှ ပရောဂျက်မန်နေဂျာ Stacy Andersen ကဆိုပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*