ကားမဝယ်ခင် စစ်ဆေးသင့်သည့် အချက် (၅)ချက်

ကိုက်တဲ့ကားတွေ့လို့ သွားဝယ်တော့မယ်ဆိုရင် သတိပြုစစ်ဆေးသင့်တဲ့ အချက်(၅)ချက် ကို ဖော်ပြပေးချင်ပါတယ်။

(၁) ကားအောက်ပိုင်း

ကားတစ်စီးကို ကြည့်လိုက်လို့ အပေါ်ယံအနာ အဆာတွေဆိုတာက ဖုံးကွယ်လို့ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ကားရဲ့အောက်ပိုင်းကို သေချာ စစ်ဆေးခြင်းအားဖြင့် ကားတစ်စီးရဲ့ အခြေအနေ ကို အကြမ်းဖျင်းလေ့လာ သုံးသပ်နိုင်ပါတယ်။ ဒါကြောင့် အဆင်ပြေမယ်ဆိုရင် ကားအောက်ပိုင်းကို စစ်ဆေးပေးခြင်းအားဖြင့် ကားအောက်ပိုင်းထိခိုက်မှု နဲ့အခြား အနာအဆာတွေပါ သိမြင်နိုင်ပါတယ်။

(၂) ကားကြမ်းခင်း

ကားအတွင်းပိုင်းနဲ့ပတ်သက်ပြီး အခြားအရာတွေစစ်ဆေးပြီး မေ့ကျန်တတ်တာကတော့ ခြေနင်းအ ခင်းတွေအောက်ကိုစစ်ဆေးတာပါပဲ။ခြေနင်း အခင်းတွေအောက်မှာ စိုစွတ်နေတာတို့ ကား ကိုယ်ထည်
အောက်ပိုင်း ပေါက်နေတာမျိုးတွေက နောက်ပိုင်းဆိုးကျိုးတွေရှိလာစေနိုင်တာမို့ သတိပြုစစ်ဆေးသင့်ပါ တယ်။

(၃) ခြေနင်းတံ

ကားတစ်စီးရဲ့ သက်တမ်းရင့်မှုက မော်ဒယ်၊ အသုံးပြုထားတဲ့မိုင်တွေနဲ့တင်ဆုံးဖြတ်နိုင်တာမဟုတ်ပါ ဘူး။ ကားဂီယာ၊လီဘာ၊ ဘရိတ်ခြေနင်းတံတွေကိုစစ်ဆေးခြင်းအားဖြင့်လည်း သိနိုင်ပါ တယ်။ ဒါကြောင့်အတွင်း ပိုင်းကိုစစ်ဆေးမယ်ဆိုရင် ကားထိုင်ခုံနဲ့တခြားအရာတွေတင်မကခြေနင်းတံတွေကိုပါ စစ်ဆေးပေးသင့် ပါတယ်။

(၄) အင်ဂျင်

အင်ဂျင်ပိုင်းစစ်ဆေးမှုအတွက်က ကားကို စမ်းမောင်းကြည့်ရုံက မလုံလောက်ပါဘူး။ သေချာဖို့အတွက် ကတော့ Mechanic တစ်ယောက်ခေါ်ပြီး စစ်ဆေးတာ အကောင်းဆုံးပါပဲ။

(၅) စာရွက်စာတမ်း

စာရွက်စာတမ်း ဆိုတာကတော့ စစ်ဆေးဖို့လိုတယ်ဆိုတာပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့်တ ချို့ကျတော့ ကားရောင်းချသူရဲ့ ဖိအားပေးမှုကို သိပ်မခံနိုင်ပါဘူး။ လိုအပ်တဲ့သေချာစစ်ဆေးမှုတွေကို မလုပ်တော့ဘဲ အမှားအယွင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် မိမိဝယ်ယူမယ့် ကားနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း အားလုံးကိုစစ်ဆေးသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*