ဒီအစားအစာလေးတွေက ပျိုမေတို့ရဲ့ဆံပင်ကို နှစ်ဆအရှည်မြန်စေမှာပါ…

ဆံပင်အရှည်နှေးနေလို့စိတ်ညစ်နေကြလားပျိုမေတို့။ဒီမှာနည်းလမ်းကောင်းလေးတွေလာပါပြီ။ဘယ်လိုနည်းလမ်းကောင်းလဲဆိုတော့အစားစားရင်း ဆံပင်အားဖြည့်ရမယ့်နည်းလေးပါ။အစားအစာတွေကလည်း အလှအပနဲ့ပတ်သက်လို့တစ်ဖက်တစ်လမ်းကနေပံ့ပိုးပေးနေတယ်ဆိုတာပျိုမေတို့အားလုံးသိပြီးသားဖြစ်မှာပါနော်။ဒီအစားအစာလေးတွေသာ ပုံမှန်စားပေးမယ်ဆိုရင် ဆံပင်အတွက်လည်းအားဖြည့်ပေးလို့ ဆံသားလေးတွေကျန်းမာကာ မြန်မြန်ရှည်လာပါလိမ့်မယ်။ဘာတွေစားပေးရမလဲဆိုတော့…

ဆဲလ်မွန်ငါး

အိုမီဂါ 3 ပါဝင်တဲ့ဆယ်လ်မွန်ငါးစားပေးတာက ဆံပင်အရှည်မြန်စေပါတယ်။ဆဲလ်မွန်ငါးမှာပါဝင်နေတဲ့ ဗီတာမင်ဘီ12 နဲ့သံဓာတ်ဟာ ဆံပင်သားကျန်းမာသန်စွမ်းပြီးအရှည်မြန်အောင်အားဖြည့်ပေးပါတယ်။

ကြက်ဥ

ကြက်ဥစားပေးတာကလည်း ဆံပင်မြန်မြန်ရှည်စေပြီး ပရိုတင်းဓာတ်ပါလို့ ဆံသားကိုနူးညံ့ပျော့ပျောင်းစေပါတယ်။အထူးသဖြင့် ကြက်ဥမှာ ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေအားလုံးပါဝင်လို့ အကောင်းဆုံးဆံပင်အားဖြည့်အစားအစာလို့တောင်ပြောလို့ရပါတယ်။

ကြက်သား

ဆံပင်အရှည်မြန်ဖို့ ပရိုတင်းဓာတ်ကိုမေ့ထားလို့မရပါဘူး။ပရိုတင်းဓာတ်လုံလောက်စွာပါဝင်တဲ့ကြက်သားစားပေးဖို့လိုပါတယ်။ပရိုတင်းဓာတ်ဟာ ဆံပင်သန်စွမ်းမှုကို ၈၀ ရာခိုင်နှုန်းအားဖြည့်ပေးထားတာပါ။

ဗာဒံစေ့

ဗာဒံစေ့မှာတော့ ဗီတာမင်အီးပါဝင်လို့ ဆံပင်အရှည်မြန်စေပြီးဆံသားကို ဖြောင့်စင်းစေပါတယ်။ဗီတာမင်ဘီလည်းပါဝင်လို့ နေ့တိုင်း ၁၀စေ့လောက်စားပေးမယ်ဆိုရင် ဆံသားလေးတွေမကျွတ်တော့တာ၊ပိုပြီးအရှည်မြန်လာတာသတိထားမိမှာပါ။

ကမာကောင်

ပင်လယ်စာကြိုက်တဲ့သူတွေအတွက်တော့ ဂွတ်ပေါ့။ကမာကောင်များများစားပေးမယ်ဆိုရင်ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ဆည်းပေးပြီးဆံပင်အရောင်တောက်ပစေပါတယ်တဲ့။

ဖရုံစေ့

ဆံသားကို အစေ့အဆန်တွေက အများကြီးအားဖြည့်ပေးတာပါ။ဗာဒံစေ့အပြင် ဖရုံစေ့မှာလည်း ဗီတာမင်ဘီဝမ်း၊ဘီတူး၊ဘီသရီးနဲ့ ဘီဖိုးတို့ပါဝင်လို့ ဆံပင်အတွက်လိုအပ်တဲ့ဓာတ်တွေဖြည့်ဆည်းပေးပြီး ဆံပင်မြန်မြန်ရှည်စေဖို့အထောက်အကူပြုပါတယ်။

အရှည်မြန်ပြီးလှပတဲ့ဆံသားလေးတွေပိုင်ဆိုင်ရပါစေနော် ❤

Be the first to comment

Leave a Reply

Your email address will not be published.


*