မှတ်ဉာဏ် ပိုကောင်းလာအောင် ဒီ (၅) မျိုးကို လုပ်ဆောင်ပါ

ကျွန်တော်တို့ရဲ့ ဦးနှောက် တွေကလည်း ဓားများလိုပါပဲ။ နာနာသွေးပေးနိုင်လေ ပိုပြီးထက်လေလေပါပဲ။အရမ်းရိုးရှင်းတဲ့ အရာလေးတွေကအစ အကြောင်းအရာတော်တော်များများကို မှတ်မိနိုင်ဖို့ ခက်ခက်ခဲခဲ ဖြစ်နေပါသလား။ စိတ်ပိုင်း ဆိုင်ရာ ပိတ်ဆို့မှုတွေ၊ မွန်းကျပ်မှုတွေကြောင့် သင့် ဦးနှောက် ရဲ့ မှတ်ဉာဏ် စွမ်းရည် တွေ ကျဆင်းသွားတယ်လို့ ထင်နေပါသလား။ ဒီလိုအနေအထားမျိုးတွေနဲ့ ကြုံနေရတယ်ဆိုရင် အခုဖော်ပြပေးထားတဲ့ နည်းလမ်း (၅) မျိုးနဲ့ သင့် ဦးနှောက် ရဲ့ မှတ်ဉာဏ် စွမ်းရည် ကို မပင်မပန်းနဲ့ မြှင့်တင်ပေးလိုက်ပါ။


(၁) အိပ်ပါ

ညအချိန်အိပ်မောကျရတာလောက် ကောင်းတာ ဘာမှမရှိဘူး။ ဒီ ဆိုရိုးစကား လေးက အတော်လေးကို ရေပန်းစားပါတယ်။ အိပ်ချိန် ကို ၄-၅ နာရီလောက်ပဲ ပေးတတ်တဲ့လူတွေဟာ၊ များသောအားဖြင့် ဦးနှောက် မှတ်ဉာဏ် ချို့ယွင်းစေတတ်ပါတယ်။ ဦးနှောက် ကို အနားမပေးတာတွေ၊ အိပ်ရေး မဝမလင် အိပ်တာတွေဟာ မကောင်းပါဘူး။ ဒါ့ကြောင့် ဦးနှောက် မှတ်ဉာဏ် အား ပိုကောင်းလာချင် တယ်ဆိုရင် တစ်ညကို ၇ နာရီ၊ ၈ နာရီလောက်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပေးပါ။

(၂) ဓာတ်စာ

ရုံး လုပ်ငန်းခွင် မှာ တစ်နေကုန်တစ်နေခမ်း အလုပ်လုပ်ကိုင်နေကြရတော့ အိမ်ပြန်ရောက်တဲ့အခါ ချက်ရပြုတ်ရမှာ ပျင်းနေပြီး ကျန်းမာရေးအ ရလည်း နားနားနေနေနဲ့ သက်သောင့်သက်သာ နေချင်သလို ဖြစ်နေနိုင်ပါတယ်။ ဒိအတွက်တော့ မပူပါနဲ့။ ဦးနှောက် မှတ်ဉာဏ် အား ပိုကောင်းလာစေမယ့် အဆင်သင့်စား သုံးနိုင်တဲ့ အစားအသောက်တွေ ရှိပါတယ်။ သင့်အိမ်နားက စတိုးဆိုင်လိုနေရာမျိုးမှာလည်း ရနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပန်းသီး၊ ချောကလက်နဲ့ ဘလက်ဘယ်ရီ အသီးတွေကို စားသုံးပေးခြင်းက သင့်ဦးနှောက်ရဲ့ မှတ်ဉာဏ် စွမ်းရည်တွေ ပိုကောင်းလာစေနိုင်ပါတယ်။

(၃) အာရုံစိုက်ပါ

တစ်ချိန်တည်း၊ တစ်ပြိုင်တည်းနဲ့ အလုပ် တွေအများကြီး စုပြုံလုပ်နေရတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ရပ်တန့်ပစ်လိုက်ဖို့ အကြံပြု ချင်ပါတယ်။ တာဝန်စုံအောင် ထမ်းဆောင်တာက စကေး တွေ၊ အတွေ့အကြုံတွေနဲ့ လုပ်နိုင်စွမ်းတွေ တက်လာစေတာမှန်ပေမဲ့ သတ်မှတ်ကန့်သတ်ချက်တစ်ခုတော့ ရှိထားဖို့လိုပါတယ်။ အဲဒီလို လေးငါးခြောက်မျိုးလောက်ကို စုပြုံလုပ်ကိုင်နေမယ့်အစား တစ်မျိုး နှစ်မျိုးလောက်ကိုပဲ ကောင်းကောင်း အာရုံစိုက်နိုင်အောင် ကြိုးစားပါ။

အိုင်းစ်တိုင်းလို ဉာဏ်ရည်ထက်မြက်ချင်လား: သင်ရပ်တည်နေတဲ့ သင့်ပတ်ဝန်းကျင် ကမ္ဘာငယ်လေးကို ကောင်းကောင်းလေ့လာနိုင်လေ၊ သင့်အာရုံမှာလည်း မြုပ်နေတဲ့အရာ တွေကို တွေ့လာလေလေ ဖြစ်ပါလိမ့်မယ်။
အိုင်းစ်တိုင်းလို ဉာဏ်ရည် ထက်မြက်ချင်လားသင်ရပ်တည်နေတဲ့ သင့် ပတ်ဝန်းကျင် ကမ္ဘာငယ်လေး ကို ကောင်းကောင်းလေ့လာနိုင်လေ၊ သင့်အာရုံမှာလည်း မြုပ်နေတဲ့အရာ တွေကို တွေ့လာလေလေ ဖြစ်ပါလိမ့်မယ်။

(၄) လေ့ကျင့်ခန်း

ဦးနှောက် အမှန်ဉာဏ်နဲ့ ကျန်းမာရေး ကောင်းမွန် တိုးတက်ချင်တယ်ဆိုရင် သွေးပူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဒါက အကောင်း ဆုံး ည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းက သိပ်ကို ရိုးရှင်းနေတာမှန်ပေမဲ့ လူတော်တော် များများက ဒီနည်းလမ်းကို ရှောင်ကြ တာများပါတယ်။ ဘာလို့လဲဆိုတော့ အားစိုက်လုပ်ဆောင်ဖို့ ကရိကထများ လွန်းတယ်ဆိုတဲ့အနေနဲ့ ဂရုတစိုက်မလုပ်နိုင်ကြလို့ ဖြစ်ပါတယ်။
တကယ်တော့ အဲဒီလို အားစိုက်လုပ်နေစရာ အထိ မလိုအပ်ပါဘူး။ မိနစ် နှစ်ဆယ်၊ နှစ်ဆယ့်ငါးမိနစ်စာလောက် လမ်းလျှောက်တာပဲ ဖြစ်ဖြစ်၊ ငါးမိနစ်လောက် ရွရွလေး ပြေးကြည့်နေတာပဲဖြစ်ဖြစ်၊ မိနစ်ခြောက်ဆယ်စာလောက် ယောဂလေ့ကျင့်နေတာပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်။

(၅) စစ်ဆေးမှု

ကျောင်းသား ဘဝတုန်းကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက် တွေက အမြဲလိုလို စစ်ဆေး ခံကြရတယ်။ ပဟေဠိတွေ၊ စစ်ဆေးမှုတွေနဲ့ စာမေးပွဲတွေ စတဲ့ အမျိုးမျိုးသော စစ်ဆေးမှုတွေနဲ့ စစ်ဆေး ခံကြရပါတယ်။ တကယ်တော့ အဲဒီလို စစ်ဆေး ပေးခြင်းဟာ ဦးနှောက် ကို အလုပ်ပေးပြီး လေ့ကျင့်ခိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက် တွေကလည်း ဓားများလိုပါပဲ။ နာနာသွေးပေးနိုင်လေ ပိုပြီးထက်လေလေပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*