၁ မိနစ်အတွင်း လည်တိုင် မာတောင့် နာကျင်ကိုက်ခဲမှုကို သက်သာစေနည်း

လည်ပင်းတောင့်တောင့်ကြီးဖြစ်ပြီး နာကျင်မှုနဲ့အတူ အိပ်ယာထတဲ့အချိန် ကြုံဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ် လာရင် စိတ်ပျက်စရာ အရမ်းကောင်းပါတယ်။ ကံကောင်းစွာနဲ့ပဲ အလွန်ရိုးရှင်းသော နည်းနဲ့ မိမိကိုယ်တိုင် ဒီပြသနာကို အောင်မြင်စွာ ကျော်လွှားနိုင်ပါတယ်။ ဒီထိရောက်တဲ့ နည်းအတွက် အချိန်စက္ကန့် ၆၀ သာလို ပါတယ်။

အဆင့် (၁)

လက်ချောင်းတွေနဲ့ အဓိက နာကျင်နေတဲ့ အချက်အချာကို ရှာပါ။ ညာဘက်ဖြစ်ရင် ဘယ်ဘက် လက်ချောင်းတွေနဲ့ ဘယ်ဖြစ်ရင် နောက်တစ်ဖက်နဲ့ ပေါ့။


အဆင့် (၂)

လက်ချောင်းတွေနဲ့ အဓိက နေရာကို ဖိထားပါ။ အဲဒီလို ဖိနေစဉ် သိသိသာသာ နာကျင်လာအောင် လုပ်ပါ။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်ပါဘူး။ အဓိကနေရာကို လက်ချောင်းနဲ့ ဖိလို့မရရင် တင်းနစ်ဘော သို့မဟုတ် အဲဒီလို ဆင်တူပစ္စည်း တစ်ခုခု သုံးနိုင်တယ်။

အဆင့် (၃)

ခေါင်းကို နာကျင်တဲ့ဘက်ရဲ့ ဆန့်ကျင်ဖက်သို့ ဖြည်းဖြည်းသာသာ လှည့်ပါ။ ချိုင်းကြားကို မေးစေ့နဲ့ ထိစေချင် တာမို့ ကျကျနနဆန့်ပြီး ထောင့်ကျဖြစ်တဲ့ အထိလှည့်ပါ။ ပြန်မလွှတ်မီ ၁၀ စက္ကန့်လောက်ကြာအောင် အဲဒီအနေအထား အတိုင်း ဆက်ထိန်းထားရပါမယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*