ဆိုးရွားလွန်းတဲ့အချစ်ရေးမျိုး ကြုံတွေ့လာရတဲ့သူတွေသာ ရနိုင်တဲ့စူပါ ပါဝါတွေ…

ထစ်ခနဲရှိကိုယ့်ကိုလက်ပါမယ်။ရိုက်နှက်မယ်၊ဆဲဆိုမယ်။ပြီးရင်တော့ သူမဟုတ်သလို ပြန်ချော့မယ်။တစ်ပတ်မှာ ၅ရက်လောက်က အမြဲတမ်းရန်သတ်နေရမယ် စသဖြင့် အဆင်မပြေတဲ့အချစ်ရေးကိုကြုံခဲ့ရပြီလား။ဒီလိုအချစ်ရေးကို ဖြတ်သန်းလာရလို့ စိတ်ညစ်စရာအတွေ့အကြုံတွေ၊ခံစားချက်တွေအပြင် အရှုံးထဲကအမြတ်ဆိုသလို ဒီလိုအစွမ်းအစတွေလည်းရရှိလာစေပါတယ်တဲ့။ဆိုးရွားလှတဲ့အချစ်ရေးတစ်ခုကနေ ရရှိနိုင်မယ့်စူပါ ပါဝါတွေကတော့…

စွန့်လွှတ်နိုင်စွမ်းရှိလာတယ်

ဘယ်အရာမဆိုကိုယ်ထင်ထားသလိုတွေမဖြစ်လာတဲ့အခါ၊စိတ်ညစ်စရာတွေကြုံတွေ့လာရတဲ့အခါ ကြိုးစားပြီး ဖက်တွယ်ထားတာထက် စွန့်လွှတ်လိုက်တာက ပိုပြီးနာကျင်မှုလျော့နည်းစေတယ်ဆိုတာသိလာပါတယ်။သူတို့ရဲ့စိတ်ညစ်စရာအပြုအမူလုပ်ရပ်တွေကြောင့် ကိုယ်နာကျင်နေဖို့၊စိတ်ညစ်နေဖို့မလိုဘူးဆိုတာသိလာမယ်။ဒီလိုဆိုးရွားတဲ့အချစ်ရေးကိုမကြုံတွေ့ဖူးသူတွေကတော့ စွန့်လွှတ်လိုက်ရမှာကိုကြောက်နေဆဲပေါ့။

ကိုယ့်ကိုယ့်ကိုယ် ပြန်မြင်လာမယ်

ဆိုးရွားပြီးအဆင်မပြေတော့တဲ့အချစ်ရေးတစ်ခုကိုအဆုံးသတ်လိုက်တဲ့အခါ၊ဒီအချစ်ရေးကနေ လွတ်မြောက်လာတဲ့အခါ ကိုယ်ဘာတွေလိုအပ်နေလဲဆိုတာကိုတွေ့လာပါလိမ့်မယ်။အစကတော့ ဒီအချစ်ရေးကိုကယ်တင်ဖို့ကြိုးစားနေရတာနဲ့ ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ဖို့မေ့နေတတ်ပါတယ်။ဒါပေမဲ့ အဆုံးသတ်လိုက်တဲ့အခါမှာတော့ ကိုယ်ဘာတွေလိုအပ်နေလဲ၊ကိုယ်ဘာတွေကိုပိုင်ဆိုင်ခွင့်ရှိလဲ၊ကြိုးစားခွင့်ရှိလဲစသဖြင့် ပြန်ပြီးမြင်လာပါလိမ့်မယ်။

ခွင့်လွှတ်နိုင်စွမ်းရှိလာတယ်

တကယ်လို့သင်ဟာ ဆိုးရွားလှတဲ့အချစ်ရေးတစ်ခုကိုကြုံလာပြီးပြီဆိုရင် ခွင့်လွှတ်တတ်ဖို့သင်ယူပါဦး။ခွင့်လွှတ်တယ်ဆိုတာ ကိုယ့်အပေါ်မှားယွင်းစွာပြုမူခဲ့တဲ့လူတစ်ယောက်နဲ့ပြန်ပြီးအဆင်ပြေဖို့မဟုတ်သလိုသူတို့ကို ကိုယ့်ဘဝထဲပြန်ဝင်လာခိုင်းဖို့မဟုတ်ပါဘူး။ခွင့်လွှတ်လိုက်တာကသာ ကိုယ့်ဘဝကိုပြန်ပြီးတည်ငြိမ်အောင်အခြေချနိုင်ပြီး သူတို့ပေးတဲ့ဒဏ်ရာတွေကြောင့် ထပ်ပြီးမနာကျင်တော့မှာပါ။ခွင့်လွှတ်တတ်လာတဲ့အခါ ကိုယ့်ကိုနာကျင်အောင်ဘယ်လောက်လုပ်လုပ် နာကျင်မှုတွေကိုမယူတတ်တော့ပါဘူး။

ဒီစာကိုဖတ်မိတဲ့သူတွေထဲမှာ ဒီလိုဆိုးရွားပြီးအဆင်မပြေခဲ့တဲ့အချစ်ရေးမျိုး လတ်တလောကြုံတွေ့ထားတယ်ဆိုရင် ဒီစူပါ ပါဝါတွေရပြီး ဘဝကို အကောင်းဆုံးပြန်ပြီးဖြတ်သန်းနိုင်မယ်လို့မျှော်လင့်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*