ချစ်သူနဲ့ပတ်သက်လို့ ဒီလိုအတွေးတွေ တွေးမိနေရင် ရပ်ပစ်သင့်နေပါပြီ…

ဘယ်အရာမဆို အကောင်းမြင်စိတ်ရှိတာကောင်းပါတယ်။အချစ်ရေးမှာဆိုလည်း ကိုယ့်ချစ်သူ is the best လုပ်ကြတာပါပဲ။ကိုယ့်ချစ်သူကအချောဆုံး၊ကိုယ့်ချစ်သူကအတော်ဆုံး၊စိတ်သဘောထားပြည့်ဝဆုံး၊ကိုယ့်ချစ်သူကလွဲ ဖွဲနဲ့ဆန်ကွဲဆိုတဲ့စိတ်လေးတွေရှိတာ ကောင်းပေမဲ့ တစ်ခါတစ်လေဒီလိုအကောင်းမြင်လွန်းတဲ့စိတ်ကြောင့် အချစ်ရေးမှာ ဆူးညှောင့်ခလုတ်ဖြစ်တတ်ပါတယ်။ဒီတော့ ယူတို့ရဲ့Bae နဲ့ပတ်သက်လို့ ဘယ်အချက်တွေ အမြဲတွေးထား၊ထင်ထားတာကိုရပ်ပစ်ရမလဲဆိုတာကြည့်လိုက်ပါဦး။

*ကိုယ့်ချစ်သူက တစ်လောကလုံးမှာပြီးပြည့်စုံဆုံးသောသူ

လူတိုင်းက ကိုယ့်ချစ်သူကို စူပါဟီးရိုးအဖြစ်တွေးကြမှာပါ။ဒါပေမဲ့ ဘယ်သူမှပြီးပြည့်စုံတဲ့သူဆိုတာမရှိပါဘူးနော်။ဒါကိုမေ့ထားလို့မရပါဘူး။လူတစ်ယောက်က ကျွမ်းကျင်တာရှိသလို သူမသိတဲ့အရာတွေလည်းရှိပါတယ်။ဒါကြောင့်ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီးအရာအားလုံးကိုအကောင်းမြင်ပေးနေတာထက်သူ့ရဲ့ဆိုးကွက်ရော ကောင်းကွက်ပါ မြင်တတ်၊လက်ခံပေးတတ်လို့ရပါတယ်။ကိုယ်ကအမွှန်းတင်ထားလွန်းအားကြီးရင် သူ့အတွက်လည်းဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။

*ကိုယ်ချစ်သလောက် ပြန်မချစ်ဘူးတွေးတယ်

ဒါကတော့ မိန်းကလေး၊ယောကျ်ားလေးရယ်မဟုတ်ပါဘူး။နှစ်ယောက်လုံးက ကိုယ်ချစ်သလောက်သူကပြန်မချစ်ဘူးလို့တွေးကြတာပါပဲ။ဒီလိုမျိုးအမြဲတွေးနေတာလည်းမကောင်းပါဘူး။သူက ကိုယ့်အပေါ် ကိုယ်ချစ်သလောက်မချစ်ဘူးလို့တွေးနေတာက သူ့ရဲ့ ဂရုစိုက်မှုတွေကိုပါ မမြင်နိုင်ပဲဖြစ်သွားပါလိမ့်မယ်။ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ။သူက သူမချစ်တဲ့လူတစ်ယောက်ကိုအနွံတာခံမလား၊ဂရုစိုက်နေမလား၊သူ့အချိန်တွေကိုပေးထားမလား?

*ကိုယ့်ချစ်သူသည်သာ အမှန်

အပေါ်မှာပြောခဲ့သလို လူတိုင်းကပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ဘယ်သူမှလည်း အလုံးစုံမမှန်ကန်ပါဘူး။ဒါကြောင့် ကိုယ့်ချစ်သူလုပ်တာသာအမှန်၊ကိုယ့်ချစ်သူပြောတာသာအမှန်ဆိုတဲ့ အတွေးကြီးကို ဖယ်ထုတ်လိုက်ပါ။သူက ဘာမဆိုအားလုံးသိမနေနိုင်ပါဘူး။ကိုယ့်ရဲ့စဉ်းစားတွေးတောဉာဏ်ကိုလည်း နည်းနည်းတော့ယုံကြည်ချက်ထားပေးသင့်ပါတယ် 😉

*မယုံကြည်ရဘူးလို့တွေးနေမယ်

ကိုယ့်ချစ်သူက မသင်္ကာစရာဘာမှမလုပ်ထားပဲ တစ်ချိန်လုံး အယုံအကြည်ကင်းမဲ့နေမယ်ဆိုရင် အဲ့ဒီအတွေးကြီးကမကောင်းပါဘူးနော်။ယုံကြည်မှုနဲ့မယုံကြည်မှုဆိုတာ စဉ်းစားတွေးတောဉာဏ်နဲ့ ဆက်စပ်နေပါတယ်။သံသယဖြစ်စရာအခြေအနေမရှိတဲ့အပြင် ကိုယ့်ကိုအမြဲဂရုစိုက်နေတဲ့သူတစ်ယောက်ကို သူင့ါကိုမယုံကြည်ပါလားဆိုတဲ့အတွေးမျိုးမဝင်မိပါစေနဲ့။သူ့ဘက်ကအနေအထိုင်မှန်ကန်တယ်၊မမှန်ကန်ဘူးဆိုတာ သေချာဆန်းစစ်တွေးသင့်ပါတယ်။

*ကိုယ့်ချစ်သူအတွက်ပြောင်းလဲပေးဖို့လိုအပ်တယ်လို့တွေးမိနေမယ်

သူ့ဘက်ကဘာမှမပြောပဲ ကိုယ့်ရဲ့ပုံစံရုပ်သွင်ပြင်ကိုပြောင်းလဲတာ၊အိပ်ချိန်စားချိန်အနေအထိုင်ပြောင်းလဲပစ်တာ၊အဝတ်အစားပုံစံပြောင်းလိုက်တာစသဖြင့်ပေါ့ ကိုယ့်ချစ်သူသဘောကျမယ်ထင်ပြီးပြောင်းလဲပစ်ဖို့တွေးမိထားတယ်ဆိုရင် ဒီအတွေးတွေကိုစွန့်လွှတ်လိုက်ပါ။ကိုယ်တကယ်ဆန္ဒရှိတယ်ဆိုရင်တော့ မတားပါဘူး။ဒါပေမဲ့ ချစ်သူသဘောကျမယ်ထင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ပြောင်းလဲစရာမလိုပါဘူး။ကိုယ့်ဆန္ဒမပါပဲလုပ်တဲ့အရာမှန်သမျှက ကြာလာရင်ညည်းငွေ့စိတ်ပျက်စရာဖြစ်လာတတ်ပါတယ်။

*ကိုယ့်ချစ်သူဘာပြောပြော သဘောတူလက်ခံရမယ်လို့တွေးမိနေတယ်

ဒါက ကိုယ့်ချစ်သူက အမြဲမှန်တယ်တွေးမိနေသလိုပါပဲ။ဒါပေမဲ့ နည်းနည်းတော့ကွာခြားပါတယ်။ကိုယ်သဘောမတူတဲ့အယူအဆတစ်ခုကို ကိုယ့်ချစ်သူက သဘောကျကြောင်းပြောလာရင် အဆင်မပြေ အငြင်းပွားရမှာစိုးလို့ ခေါင်းညိတ်လက်ခံသဘောတူလိုက်ရတာမျိုးပေါ့။ကိုယ့်ချစ်သူနဲ့ဘာမဆို စည်းဝါးကိုက်နေရမယ်လို့ ခံစားနေစရာမလိုပါဘူး။လူတစ်ယောက်မှာ ကိုယ်ပိုင်လွတ်လပ်တဲ့အတွေးအခေါ်ဆိုတာရှိရမှာပါပဲ။ဒါက တမင်တကာရန်ဖြစ်အောင်လုပ်နေတာလည်းမဟုတ်ပါဘူး။သူသဘောတူပေမဲ့ ကိုယ်သဘောတူမှဖြစ်တာလေ။ဒါကြောင့် ကိုယ့်ချစ်သူနဲ့အမြင်မတူရင်လည်း ပွင့်ပွင့်လင်းလင်းပြောဖို့လိုအပ်ပါတယ် 😉

Be the first to comment

Leave a Reply

Your email address will not be published.


*