ခိုးခြင်း မျိုးစုံကို ကျူးလွန်ခဲ.တဲ့ လူ ချမ်းသာ မိသားစု ရဲ . အကုသိုလ် အကျိုးပေး

ခိုးခြင်းမျိုးစုံကို ကျူးလွန်ခဲ.တဲ့ လူချ မ်းသာ မိသားစုရဲ . အကုသိုလ် အကျိုးပေး

လွန်ခဲ့သောအနှစ် ၂၀ ခန့်က တောင်ဥက္ကလာပတွင်လင်မယားနှစ်ယောက်နှင့်သမီးအပျိုကြီးတစ်ယောက်မိသားစုရှိ၏။ပစ္စည်းဥစ္စာချမ်းသာသော်လည်း မလှူရက်မတန်းရက်ပေ။တရားအသိမရှိသလို ကိုယကျင့်တရားလည်းဆင်းရဲ၏။မိဘနှစ်ပါးသည် ဆန်အရောင်းအဝယ်လုပ်ပြီး သမီးက ရွှေဆိုင်တည်ထား၏။ဆန်ဝယ်သည့်အခါ တစ်ပြည်ပိုဝင်သည့်တင်းတောင်းနှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါတစ်ပြည်လျော့ တင်းတောင်းနှင့်ရောင်း၏။သမီးဖြစ်သူကလည်း ရွှေဝယ်သည့်အခါ ဆီစိမ်ထားသည့် ရွေးစေ့နှင့်ချိန်ပြီး ပြန်ရောင်းသည့်အခါ ဆီမစိမ်သည့်ရွေးစေ့ဖြင့်ပြန်ရောင်း၏။

သူတို့မိသားစုသည် အသေးလေးခိုးရာမှစကာလက်ရဲလာပြီး ခြံချင်းကပ်က သူတစ်ပါးမြေကိုပါခိုးလာ၏။မိဘခြင်းရင်းနှီး၍ ခြံစည်းရိုး ကာမထားချေ။နောက်တွင်တစ်ဖက်ခြံမှ မိဘများဆုံး၍ ရိုးသားသည့် မောင်နှမများသာကျန်၏။ပြောရဲဆိုရဲ လူကြီးမရှိမှန်းသိ၍ သူခိုးမိသားစုသည် အကြီးမြန်သည့် လဲပင်များအား ခြံစည်းရိုးနေရာတွင် စိုက်လိုက်၏။

စိုက်သည့်အခါ မြေငါးပေခိုးထား၏။တစ်ဖက်ခြံမှ မောင်နှမများသည် အနေအေးသူများဖြစ်၍ ဘာမျှမပြောပေ။ဘာမှမပြောမှန်းသိ၍ အတင့်ရဲလာကာ နောက်ထပ်ငါးပေတိုးပြီး လဲပင်တွေ စိုက်ပြန်၏။

အခိုးခံရသည့် ကာယကံရှင်များက သိသော်လည်း ဘာမျှမပြောကြပေ။“ခိုးခြင်းမျိုးစုံတို့တွင် မြေခိုးခြင်းသည် အပြစ်အကြီးဆုံးဖြစ်၏”။အဘယ်ကြောင့်ဆိုသော် အပေါ်ယံကြည့်လျှင်မြေလေးငါးပေ အားမများဘူးဟု ထင်ရသော်လည်းအောက်အဝီစိ ရောက်အာင် တိုင်းကြည့်လျှင် နည်းမည်မဟုတ်ပေ။အကုသိုလ်မှန်သမျှသည် မကောင်းကျိုးသာပေးမည်ဖြစ်၏။ယခုဘဝမကောင်းတာလုပ်ပြီး မကောင်းကျိုး မပေးသေးဘူးဆိုတာ အတိတ်ဘဝက ပြုခဲ့သည့်ကုသိုလ်အကျိုးပေးနေ၍သာဖြစ်၏။

တစ်နေ့တွင် သူတို့မိသားစုလုပ်သည့် အကုသိုလ်ကံများ အကျိုးပေးချိန်ရောက်လာ၏။သူခိုးခေါင်းဆောင်အဖေဖြစ်သူသည် သွေးအန်ပြီး ရုတ်တရက်သေ၏။အန်သည့်အခါ သွေးသည် အနီရောင်သာမက အနက်ရောင်တွေပါ ပါ၏။ဒု ခေါင်းဆောင် မိခင်သည် ဈေးဝယ်ရင်းဦးနှောက်သွေးကြောပြတ်ကာသေ၏။နောက်လပိုင်းတွင်သမီးအပျိုကြီးသည် ကြိုးဆွဲချသေသွား၏။

မိသားစုသုံးဦးလုံး အပါယ်လားမည်မှာ သေချာ၏။အကုသိုလ်ကံအကျိုးပေးချိန်ရောက်လာလျှင် အလွန်ကြောက်စရာကောင်းကြောင်းတွေ့ရ၏။သတို့မိသားစု၏ ကျန်ရှိသော ပစ္စည်းဥစ္စာများအား ဆေမျိုးသားခြင်းများမှ ခွဲဝေယူလိုက်ကြ၏။သေလျှင် ကိုယ့်နောက်သို့မည်သည့်ဥစ္စာမှပါမသွား,ကုသိုလ်အကုသိုလ်သာ ပါသွါးမည်ကို ဘာသာရေးအသိမရှိ၍ သိမသွားကြချေ။ထို့ကြောင့် တတိယမြောက် တိပိဋကဓရ ပြည်ဆရာတော်က အောက်ပါအတိုင်း စပ်ဆိုသတိပေးခဲ့၏။

 

“အထုပ်ကလေးတပြင်ပြင်
အထုပ်ရှင်သေလို့သွား
ကျန်တဲ့သူတွေဝေလို့စား
အထုပ်ရှင်မှာအလကား
ဘာမှလည်းပါမသွား
သေရွာကျတော့အပါယ်လား
နိဗ္ဗာန်ရောက်ဖို့ အခက်သား”

သို့ပါ၍ စားဝတ်နေရေးအတွက် မိမိ၏လုပ်အားဖြင့်စီးပွားရှာသလို မဂ်ဉာဏ်ဖိုလ်ဉာဏ်မရရှိသေးပါကသံသရာအတွက် စိတ်ချရအောင် ကုသိုလ်ကောင်းမှုများလည်း ဆည်းပူးကြပါစို့လို့ တိုက်တွန်းရေးသာလိုက်ရပေသည်။
Credit: တရား ရတနာ

Be the first to comment

Leave a Reply

Your email address will not be published.


*