ဝိတ်ချဖို့အတွက်ဆိုရင် ဂျင်းနဲ့ သံပုရာသီးကို သတိရလိုက်ပါ…

Gym သွားဆော့မယ်ဟေ့ ဆိုပြီး သူငယ်ချင်းတွေနဲ့ တိုင်ပင်လိုက်ရ ၊ သွားစုံစမ်းရနဲ့ တစ်လပြီး တစ်လ ဆော့နေတာ ပါးစပ်နဲ့ပဲရှိသေးတယ်မဟုတ်လား။ မညာနဲ့နော်.. ဝိတ်ဆိုတာလည်း တက်ဖို့သာ လွယ်တယ်။ အဆီတွေချပစ်ဖို့ဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ နေ့စဉ်မပြတ်ဆော့ပြီး အစားလည်းရှောင်နိုင်ဖို့လိုပါတယ်။ အစားလည်း ရှောင် ၊ ဝိတ်ကျစေဖို့အတွက် အထိရောက်ဆုံး ဖျော်ရည်လေးကိုပါ စာဖတ်သူတို့အတွက် လက်တို့ အကြောင်းကြားပေးလိုက်တယ်နော်။

ဂျင်းနဲ့ သံပုရာရည်

ဂျင်းက ပူတယ် ။ သံပုရာသီးက အချဉ်ဓာတ်နဲ့ပေါင်းစပ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့ အဆီတွေ ဘယ်လိုမှခံနိုင်တော့မှာမဟုတ်ပါဘူး။ ကယ်လိုရီတွေကို လောင်ကျွမ်းစေပြီး အဆီတွေကို အမြန်ဖယ်ရှားပေးနိုင်တယ်။ သံပုရာသီးမှာ ဗီတာမင် စီကြွယ်ဝတာကြောင့် အသားရည်ကိုလည်း ကြည်လင်တောက်ပစေတယ်။

ဘယ်လို သောက်သုံးမလဲ ?

ဂျင်းနဲ့ သံပုရာသီးကို ရောစပ်လိုက်တဲ့အခါ အရသာကောင်းတဲ့ ဖျော်ရည်တစ်ခွက်တော့ ရမှာမဟုတ်ပါဘူး။ လှချင်ရင် အရသာခံနေလို့တော့ မဖြစ်ဘူးနော်။ ဂျင်းကို ပါးပါးလေးတွေလှီးပြီး ဖန်ခွက်တစ်ခွက်စာ ရေရောပြီး ပြုတ်လိုက်ပါ။ ရလာတဲ့ ဂျင်းပြုတ်ရည်နဲ့ သံပုရာရည်ကို ရောစပ်ပြီးသောက်သုံးနိုင်ပါပြီ။ မနက်အစောပိုင်းမှာ သောက်မယ်ဆို ဝိတ်အမြန်ကျစေပါတယ်။ ဒါဆို Gym လည်းဆော့ ၊ အဆီဆိမ့်များတဲ့ အစားစာတွေကိုလည်း ရှောင် ၊ ဒီဖျော်ရည်လေးကို မနက်တိုင်း သောက်ပေးမယ်ဆိုရင် သင်လိုချင်တဲ့ အချိန်တိုင်းတာတစ်ခုမှာ လှပပြည့်စုံတဲ့ ခန္ဓာကိုယ်တစ်ခုရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*