သခွားသီးစိမ်ထားတဲ့ ရေကို သောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

သခွားသီးကို မျက်နှာအလှအပအတွက် သုံးတဲ့ ပေါင်းတင်ပစ္စည်းတစ်ခု၊ တို့ စားစရာ အသီးတစ်မျိုးလို့ လူသိများပါတယ်။အခုနောက်ပိုင်းမှာ သစ်သီးတွေ ကို ရေစိမ်သောက်တဲ့ (detox water)ဆိုတာ အရမ်းကို ခေတ် စားနေပါ တယ်။အများစုကတော့ ဝိတ်ချဖို့အတွက် (Detox Water) ကိုသောက်ကြ တာပါ။ယခုဖော်ပြပေးမှာကတော့ သခွားသီးရေစိမ်အကြောင်းပါ။ သခွားသီး ဟာ ဈေးနှုန်းသက်သက်သာသာနဲ့လူတန်းစားမရွေးဝယ်ယူနိုင်သလို ပြုလုပ်ပုံကလည်း အရမ်းလွယ်ကူပါတယ်။ကိုယ်အသုံးပြုမယ့်၊သောက်ချင်တဲ့ ရေပ မာဏ အပေါ်မူတည်ပြီးသခွားသီးအလုံးအရေအတွက်ကိုရွေးချယ်ပါ။တစ်ခုသတိထားရမှာက စိမ်းနေတဲ့ သခွားသီးကို ပဲအသုံးပြုပါ။ဝါနေတဲ့ သခွားသီးတွေ၊မလတ် ဆတ်တော့တဲ့ သခွားသီးတွေကို အသုံးမပြုပါနဲ့။အရင်ဆုံးသခွားသီးကိုရေစင်ေ အာင်ဆေးပြီး အကွင်းလိုက်ပါးပါး လှီးပြီးရင် ရေထည့်ထားတဲ့ ရေဗူး ၊ရေပုလင်း ထဲကို ထည့်ပါ။ရခဲသေတ္တာထဲမှာ တစ်နာရီလောက် ထည့်ထားပြီး အအေးခံပါ။ ပြီးရင်တော့ သောက်လို့ရပါပြီ။သခွားသီးစိမ်ထားတဲ့ရေကို သောက်ခြင်းအားဖြင့်ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့..


(၁)ခန္ဓာကိုယ်ရေဓါတ်ကုန်ဆုံးခြင်းများ မဖြစ်စေ

သခွားသီးမှာ ရေဓါတ်ပါဝင်တာကြောင့် သခွားသီးစိမ်ထားတဲ့ ရေကို သောက်ေ ပးခြင်းအားဖြင့်ခန္ဓာကိုယ်ရဲ့ ရေဓါတ်ကို ဖြည့်တင်းပြီးသားဖြစ်ကာ ရေဓါတ်ကုန်ဆုံးတာတွေ ကို ကာကွယ်ပြီးသားဖြစ်မှာပါ။ လူအများစုဟာ တစ်နေ့ကို ရေ(၆) ခွက်မှ(၈) ခွက်အထိ သောက်ဖို့ ရည်ရွယ်ထားကြပါတယ်။ဒါပေမယ့် တခါ တေ လ ရေချည်းသက်သက်သောက်ရတာ ပျင်းတဲ့သူတွေအတွက် သခွားသီးရေ ကို သောက်ပေးခြင်းအားဖြင့် ကျန်းမာရေးအတွက်လည်း ပိုကောင်းတဲ့ အကျိုးေ ကျးဇူးတွေကို ခံစားရစေမှာဖြစ်ပါတယ်။

(၂)ဝိတ်ကျစေ

ဒါကတော့ ကိုယ်အလေးချိန်များလို့ စိတ်ညစ်နေသူတွေ အကြိုက်တွေ့စေမယ့် အချက်ပါ။ဆိုဒါပါတဲ့ အချိုရည်တွေအစား သခွားသီးရေကို အစားထိုးသောက် သုံးပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကျဖို့ အများကြီးအထောက်အကူဖြစ်စေ မှာပါ။

(၃)Antioxidants တွေ ပေါများလာစေ

Antioxidants ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်ပျက်စီးမှုတွေကို ကာကွ ယ်ပေးနိုင် အချိန်ဆွဲပေးနိုင်တဲ့ အရာတစ်မျိုးပါ။antioxidants ဟာလူ့ခန္ဓာ ကိုယ်အတွက် အလွန်အရေးပါပြီး အသီးအရွက်တွေမှာ အများဆုံးရှိတတ် တာကြောင့် အသီးအရွက်တွေကို များများစားပေးဖို့ ကျန်းမာရေးဆိုင်ရာ နားလည် တတ်ကျွမ်းသူတွေက မကြာခဏတိုက်တွန်းနေကြတာဖြစ်ပါတယ်။

(၄)ကင်ဆာကို ကာကွယ်ရာမှာ အထောက်အကူဖြစ်စေ

ကနဦးလေ့လာတွေ့ရှိချက်တွေမှာတော့ သခွားသီးဟာ ကင်ဆာရောဂါကို ကာကွယ်ပေးရာမှာ အထောက်အကူဖြစ်စေတယ်လို့ ဆိုထားပါတယ်။သခွား သီးမှာcucurbitacins ဆိုတဲ့ဇီဝဒြပ်ပေါင်းနဲ့ lignans ဆိုတဲ့ဓါတုဒြပ်ပေါင်း တို့ပါရှိပါတယ်။အဆိုပါဒြပ်ပေါင်းတွေဟာ ကင်ဆာကို ကာကွယ်ရာမှာ အထောက်အပံ့ဖြစ်စေတယ်လို့ ဆိုပါတယ်။အသိသာဆုံးကတော့ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၅)အသားအရေနဲ့အရိုးကျန်းမာရေးကို အထောက်အပံ့ဖြစ်စေ

သခွားသီးစိမ်ထားတဲ့ရေကို သောက်ခြင်းအားဖြင့် အရေပြားကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။သခွားသီးမှာ vitamin B-5 ပါတာေ ကြာင့် ဝက်ခြံပေါက်တာတွေကို လျော့ပါးသက်သာစေပါတယ်။ vitamin K လည်းပါဝင်ပြီး vk ဟာအရိုးနဲ့တစ်ရှူးတွေ ကျန်းမာသန်စွမ်းမှုအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်ကို ဖွဲ့စည်းတဲ့နေရာနဲ့ သင့်တင့်လျောက်ပတ် တဲ့ သွေးခဲဖွဲ့စည်း မှုတွေ ဖြစ်စေဖို့ကလည်း ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် သွေးပေါင်ချိန်တက် တတ်တဲ့သူတွေ သောက်သုံးပေးရင်လည်း (Blood Pressure)ကျအောင် ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*