ဘေဘီလေးတွေဗိုက်ထဲမှာရှိနေတဲ့အချိန် ဒါလေးတွေလုပ်ပေးသင့်တယ်နော်

ဘေဘီလေးတွေဗိုက်ထဲမှာရှိနေတဲ့အချိန် အပြင်ကမေမေတွေရဲ့လုပ်ဆောင်ချက်အပြုအမူတွေက သက်ရောက်မှုရှိစေပါတယ်နော်။ဘေဘီလေးတွေအပေါ်ဘာတွေက ဘယ်လိုသက်ရောက်မှုတွေရှိလဲ ကြည့်လိုက်ရအောင်

သရေစာမုန့်အချို

ဘေဘီလေးတွေက ကိုယ်ဝန် ၁၃ပတ် ၁၅ပတ်ကာလမှာ အရသာတွေကိုစပြီးခွဲခြားဖို့ကြိုးစားတတ်ကြပါတယ်။ကိုယ်စားလိုက်တဲ့အစားအစာကိုသူတို့က ချိုတယ်ချဉ်တယ် ငန်တယ်စသဖြင့်ပေါ့။လေ့လာချက်တွေအရတော့ နောင်အနာဂတ်မှာ ကိုယ့်ကလေးက ကျန်းမာရေးနဲ့ညီညွတ်စာစားသောက်တဲ့သူဖြစ်စေချင်ရင် ကျန်းမာစေတဲ့အစားအစာတွေများများစားပေးပါ။ပြီးတော့ ကလေးလေးတွေက အချိုအရသာရှိတဲ့မုန့်တွေကိုလည်းကြိုက်ပါတယ်။ဘာလို့လဲဆိုတော့ဒီလိုမုန့်အချိုတွေက မိခင်နို့ချိုရအောင် အထောက်အပံ့ပေးတဲ့အတွက်ကြောင့်ပါ။

ရေနွေးနွေးလေးချိုးပေးတာမျိုးလုပ်ပါ

ဘေဘီလေးတွေက အပူချိန်အပြောင်းအလဲကိုလည်းခံစားတတ်ပါတယ်။အရမ်းပူတဲ့ရေတွေက သူတို့အတွက် သက်တောင့်သက်သာမဖြစ်စေတဲ့အပြင်အန္တရာယ်လည်းများပါတယ်။ရေနွေးနွေးလေးချိုးပေးတာကသာ မိခင်အတွက်ရော၊ဗိုက်ထဲက ကလေးအတွက်ပါ စိတ်တည်ငြိမ်စေပြီး ကောင်းကောင်းအနားယူသလိုဖြစ်တာပါတဲ့။ရေစီးသံဟာ ဘေဘီလေးတွေအထဲမှာ နေရထိုင်ရကောင်းအောင် ကူညီပေးနိုင်ပါတယ်။ဝမ်းဗိုက်ပေါ်ကိုရေလေးလောင်းချပေးပြီး ဘေဘီလေးတွေရဲ့တုံ့ပြန်မှုကိုကြည့်ကြည့်လိုက်ပါ

စာဖတ်ပြတာ၊စကားပြောတာမျိုးလုပ်ပါ

ကိုယ်ဝန် ၂၅ပတ် ၂၆ပတ်လောက်ရောက်တဲ့အခါ ဘေဘီလေးတွေဟာ ဝမ်းဗိုက်အပြင်ကအသံတွေကိုတုံ့ပြန်နေတတ်ပါပြီ။ပြီးတော့ မိခင်ရဲ့အသံကိုတစ်ခြားသူတွေထက်ပိုပြီးကြားနိုင်ပြီးမှတ်ထားတတ်ကြပါတယ်။မိခင်ရဲ့အသံက သူတို့အတွက် စိတ်သက်တောင့်သက်သာဖြစ်စေပြီး အရာအားလုံးအဆင်ပြေတယ်ဆိုတဲ့သင်္ကေတမျိုးဖြစ်ပါတယ်တဲ့။ကိုယ့်ရင်သွေးလေးနဲ့ပိုပြီးဆက်သွယ်မှုကောင်းချင်ရင် စာဖတ်ပြတာဖြစ်စေ၊စကားကျယ်ကျယ်ပြောတာဖြစ်စေလုပ်ပေးပါ။

ဂီတသံစဉ်တွေနားထောင်ပါ

ဘေဘီလေးတွေဟာ ဂီတသံတွေလည်းနားထောင်တတ်ပါသေးတယ်။ဝမ်းဗိုက်ထဲရှိစဉ်ကတည်းကအကုန်သိနေတာပါပဲ။ဒီလိုဂီတသံစဉ်တွေနားထောင်တာက သူတို့ရဲ့ဦးနှောက်မှတ်ဉာဏ်ကိုအထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် ပုံမှန်အသံအတိုးအလျော့လေးနဲ့ဂီတလေးတွေမကြာခဏဖွင့်ပြီးနားထောင်ပါ။ဘေဘီလေးတွေကကြားနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ

ကိုယ်ဝန်ဆောင်ချိန်အတွင်းလေ့ကျင့်ခန်းအပျော့စားလေးတွေလုပ်ပေးတာက ကလေးမွေးရဖွားရ ပိုပြီးလွယ်ကူစေပါတယ်။မိခင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ကလေးရဲ့နှလုံးက ပိုမိုအားကောင်းပြီး သန်မာတဲ့ကလေးလေးဖြစ်လာပါတယ်။

ခဏခဏရယ်မောပေးပါ

မိခင်ရဲ့ ရယ်မောသံဟာ ကလေးတွေအတွက်တော့ ကျန်းမာကြံ့ခိုင်စေတဲ့အားဆေးပါပဲ။ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရယ်မောနိုင်အောင်ကြိုးစားပါ။ပျော်ရွှင်မှုဟော်မုန်းတွေကြောင့် မိခင်အတွက်လည်းနေရထိုင်ရကောင်းသလို ဘေဘီလေးတွေကိုလည်းသက်ရောက်မှုရှိစေပါတယ်။အကောင်းမြင်စိတ်လေးတွေထားပြီး ရယ်မောပျော်ရွှင်ပေးတာက ဘေဘီလေးတွေဗိုက်ထဲမှာရှိနေတဲ့အချိန် အကောင်းဆုံးလုပ်ပေးတာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*