အသံကျယ်ကျယ်နဲ့ဟောက်တာဟာ အဆီများတဲ့လျှာတုတ်တုတ်တွေကြောင့်ပါတဲ့

အဆီများတဲ့လျှာကြောင့် အိပ်တဲ့အခါ အသံကျယ်ကျယ်ဟောက်ခြင်းဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ဒီဆက်နွယ်မှုဟာ အိမ်ပျော်နေစဉ် အသက်ရှုရခက်တဲ့ sleep apnoea ရောဂါရှိသူ လူနာတွေမှာ တွေ့ရှိရတာဖြစ်ပါတယ်။ Sleep apnoea ဟာ အိပ်နေစဉ်ဟောက်ခြင်းကို ဖြစ်စေပြီးတော့၊ ဘာကြောင့် ဟောက်လဲဆိုတာကိုတော့ အခုလိုပြောပြပေးထားပါတယ်။

သင်အိပ်နေစဉ် အသက်ရှုတဲ့အခါ သင့်ဦးခေါင်းနဲ့လည်ပင်းက နူးညံ့တဲ့တစ်သျူး(soft tissue)တွေကြောင့် ဟောက်တတ်ပါတယ်။

-ဒီ soft tissueတွေဟာ နှာခေါင်းလမ်းကြောင်း၊ အာခေါင်၊ လျှာအရင်းနဲ့ ဂလင်းတွေကို သက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။

-သင်ညအိပ်တဲ့အခါ ဦးနှောက်နဲ့လည်ပင်းရှိလေပြွန်တွေက ပျော့ပြီးကျဉ်းမြောင်းသွားတဲံ့အချိန်မှာ သင့်ရဲ့အသက်ရှုနှုန်းကလည်းပိုပြီး မြန်ဆန်လာပါတယ်။

-လေပြွန်အတွင်း လေဖိအားပြောင်းလဲသွားတဲ့အခါ တုန်ခါပြီး လည်ချောင်းတစ်လျှောက် တက်လာကာ လှိုင်ခေါင်းသက်ရောက်မှုကြောင့် ဟောက်သံဖြစ်လာတာပါ။

-အဲ့ဒီတုန်ခါမှုတွေကတော့ ဦးခေါင်းနဲ့လည်ပင်းမှာရှိတဲ့ သွေးကြောနဲ့ ကြွက်သားတွေ အားနည်းခြင်းကြောင့်ဖြစ်တာဖြစ်ပြီး၊ လေပြွန်ကိုဖွင့်ပေးတဲ့စွမ်းဆောင်ရည်က လျော့ကျသွားကာ မကြာခဏ အသံကျယ်ကျယ် ဟောက်ခြင်းဖြစ်ပေါ်တာ ဖြစ်ပါတယ်။


ဆရာဝန်တွေကတော့ လျှာပြားထူခြင်းနဲ့ လည်ပင်းအဆီကြောင့်လည်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။ပညာရှင်တွေအဓိကအကြံပေးထားတာကတော့ အဆီနည်းတဲ့အစားအစားတွေစားဖို့နဲ့ အစာအိမ်အတွင်းအဆီပိုတွေမရှိတာက အိပ်တဲ့အခါ အသက်ရှုပ်ရခက်ခြင်းကို များစွာအကူအညီပေးနို်င်ကြောင်း ပြောထားပါတယ်။

အခုလို အသံကျယ်ဟောက်ခြင်းဟာ ဗြိတိန်နိုင်ငံမှာဆိုရင် အသက်အလယ်ပိုင်းအမျိုးသားအမျိုးသမီးတွေရဲ့ လေးရာခိုင်နှုန်းဖြစ်ပွားနေပြီးတော့ သူတို့တွေဟာ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ Type 2 diabetes (ဆီးချိုရောဂါ)နဲ့ လေဖြတ်ရောဂါတွေဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*