
မိန်းကလေးတစ်ယောက်မှာ အနည်းဆုံး အလှကုန် ၅မျိုးကနေ၁၀မျိုးထိ ရှိတတ်ပါတယ်။တစ်ချို့ပစ္စည်းတွေက ကြာလာလို့မသုံးဖြစ်ဘဲချောင်ထိုးထားတာမျိုးတွေလည်း ရှိတတ်သလို ကိုယ်ကကြိုက်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ဆက်သုံးမရတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ လွယ်လွယ်ကူကူဖြေရှင်းနိုင်ဖို့ အောက်မှာပြထားတဲ့ နည်းလမ်းတွေက အသုံးဝင်မှာ အသေချာပါပဲ။
၁။ Foundationတွေ ကြာရှည်အောင် Face Lotionတွေထည့်သုံးပါ။
သင့်မှာ အကြိုက်ဆုံး Foundationက ကုန်တော့မယ်။ လွှင့်ပစ်ရမှာလည်းနှမြောတယ်ဆိုရင် Moisturizerအနည်းငယ်ကို ထည့်ပြီး လှုပ်ပါ။လွှင့်ပစ်စရာလည်း မလိုအပ်တဲ့အပြင် ပိုပြီးကြာကြာလည်းသုံးလို့ရပါတယ်။
၂။ လွှင့်ပစ်တော့မယ့် အလှကုန်တွေကို ကျန်မကျန်စစ်ပြီး ဗူးအလွတ်ထဲသိမ်းပါ။
ကိုယ့်ရဲ့Cosmeticsတွေ ဗူးထဲမှာမရှိတော့ဘူးထင်လို့လွှင့်ပစ်တော့မယ်ဆိုရင် အရင်ဆုံးဗူးကို ကပ်ကြေးနဲ့ညှပ်ပါ။ အဝကျယ်တဲ့ ဗူးတစ်ခုထဲကို ပိုနေတာတွေကိုထည့်လို့ရပါတယ်။ ကိုယ့်အတွက်အလေအလွင့်လည်း မရှိသလို လိုအပ်တဲ့အခါ အလွယ်တကူသုံးနိုင်ပါတယ်။
၃။ ပေါင်ဒါတွေအပေါ်အတွက် Packaging တိပ်သုံးပါ။
Pressed ပေါင်ဒါတွေသုံးတဲ့အခါ Puffနဲ့ဖြစ်ဖြစ် Brushနဲ့ဖြစ်ဖြစ် ဘာနဲ့ပဲသုံးသုံး သုံးတဲ့ပစ္စည်းမှာ ကိုယ့်မျက်နှာက အဆီတွေကပ်နေနိုင်ပါတယ်။ အဲဒီအဆီတွေက ပေါင်ဒါတွေကို မာခဲစေပါတယ်။အဲလိုဖြစ်လာတဲ့အခါ Packaging Tapeကို Pressed Powderအပေါ်ကနေ ခဏကပ်ထားပြီး ခွာလိုက်ပါ။ ခွာလိုက်တဲ့အခါ မာနေတဲ့အပေါ်လွှာတွေပါသွားပြီး အသစ်တိုင်းပြန်ဖြစ်စေပါတယ်။
၄။ Eye Shadow Platteကို အရက်ပြန်နဲ့ သန့်ရှင်းပါ။
Rubbing Alcoholကို စပရေးဘူးထဲကို ထည့်ပြီး Eyeshadow Platteအပေါ်ကနေ ဖြန်းပါ။ဖြန်းပြီးတဲ့အခါ အပေါ်ကနေ Cotton Padလေးနဲ့ ဖွဖွလေးဖိပြီး ဖယ်ပေးပါ။ အဲလိုလုပ်လိုက်တဲ့အခါ အပေါ်ယံတွေက
၅။ Rubbing Alcoholနဲ့ ကြေမွနေတဲ့ Eyeshadowတွေကို အသစ်ပြန်လုပ်ပါ။
ကြေမွပြီးကွဲနေတဲ့ပါးနီ ဒါမှမဟုတ် Eyeshadowတွေပေါ်ကနေ Rubbing Alcoholကိုလောင်းချလိုက်ပါ။ နည်းနည်းပျစ်တဲ့အထိလောင်းပေးပြီးရင် အပေါ်က ဇွန်းလက်ကိုင် ဒါမှမဟုတ် လက်ချောင်းလေးတွေနဲ့ ဖိပေးပါ။ အရက်ပြန်တွေ အငွေ့ပျံပြီးသွားရင် အခဲပြန်ဖြစ်သွားတဲ့အခါ နဂိုအတိုင်း ပြန်သုံးလို့ရပါပြီ။
၆။ Saline Solutionသုံးပါ။
Mascara ၊ Eyelinerတွေရဲ့ သက်တမ်းက အလွန်ဆုံးသုံးလဖြစ်ပြီး Cream Shadowတွေရဲ့သက်တမ်းက တစ်နှစ်ပါ။ဒါပေမယ့် သက်တမ်းမကုန်ခင် ခြောက်တာ၊ပျစ်တာတွေ ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုဖြစ်လာပြီဆိုရင် ကိုယ်လိုချင်တဲ့ပစ္စည်းထဲကို Saline Solution နည်းနည်းလောက်ထည့်ပေးလိုက်ပါ။ နဂိုအတိုင်းပြန်ဖြစ်လာပြီး သုံးရအဆင်ပြေပါလိမ့်မယ်။
၇။ နှုတ်ခမ်းနီအကျိုးအပဲ့တွေကို အပူပေးပြီး ပြန်ဆက်ပါ။
နှုတ်ခမ်းနီတွေက အလွယ်တကူ ကျိုးပဲ့လေ့ရှိပါတယ်။အဲ့လို ကျိုးပဲ့သွားတဲ့အခါ ကျိုးသွားတဲ့အပိုင်းကို ထိပ်ပိုင်းကကိုင်ပြီး မီးနဲ့အပူပေးပါ။နည်းနည်းပူပြီး အရည်ပျော်လာတဲ့အခါ နဂိုကျန်ခဲ့တဲ့အပိုင်းအပေါ်က ဖိလိုက်ပါ။ပြီးတဲ့အခါ ဆက်ထားတဲ့နေရာဘေးနားကို လက်နဲ့အသာအယာ ဖိပေးပါ။
၈။ကြေမွပြီးမသုံးဖြစ်တဲ့ Eyeshadowတွေကို Petroleum Jellyနဲ့ နှုတ်ခမ်းနီပြန်လုပ်ပါ။
ကိုယ့်မှာ ကျန်နေတဲ့ Eyeshadow အပိုတွေကိုလည်း မဖြုန်းတီးချင်ဘူး အရောင်တွေကလည်း နှုတ်ခမ်းနီလို သုံးလို့ရမယ့် အရောင်ဆိုရင် Petrolem Jellyနဲ့ Hand-made Lipstickလုပ်လို့ရပါတယ်။ Eyeshadowတွေကို အရင်ဆုံးအမှုန့်လေးတွေချေပြီး ဗူးအလွတ်တစ်ခုထဲကိုထည့်ပါ။ ဘူးထဲကို Petroleum Jelly ကိုယ်လိုအပ်သလောက်ပမာဏ ယူပြီး မွှေပါ။ခပ်ပျစ်ပျစ်လေးဖြစ်သွားရင် နှုတ်ခမ်းနီအဖြစ်သုံးလို့ရပါပြီ။
၉။ Cosmeticsတွေကို ရေခဲသေတ္တာတွေထည့်ပြီး သိမ်းပါ။
အပူနဲ့အလင်းရောင်တွေက သင့်ပစ္စည်းတွေ အလှကုန်တွေရဲ့ အရောင်၊အနံ့တွေကို ပြောင်းလဲစေပါတယ်။အေးမြခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကမှ လက်သည်းနီ၊နှုတ်ခမ်းနီတွေ၊ရေမွှေးတွေနဲ့ အလှကုန်တွေအတွက် အကောင်းဆုံးဖြစ်လို့ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သင့်အလှကုန်တွေရဲ့ သက်တမ်းကြာရှည်အောင် ထိန်းသိမ်းနိုင်ပါတယ်။
၁၀။ ရေနွေးသုံးပါ။
သင့်လက်သည်းနီထိပ်ဖုံးတွေကြပ်လို့ ဖွင့်မရဘူးဖြစ်နေရင် ရေနွေးထဲမှာခဏစိမ်ထားပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အပူချိန်နွေးနွေးလေးက အရောင်တွေနည်းနည်းပြောင်းသွားစေလို့ သတိထားသင့်ပါတယ်။ဒါ့အပြင် Mascaraတွေ ဘူးထဲမှာ ကပ်ကျန်နေလို့ သုံးမရဘူးဆိုရင် ရေနွေးနွေးထဲမှာခဏ စိမ်ထားပြီးမှ သုံးလို့ရပါတယ်။
ဒီနည်းလေးတွေက ပျိုမေတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်။
Leave a Reply