ထူးထူးခြားခြားနည်းလမ်းတွေနဲ့ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ စုံတွဲများ

ကမ္ဘာပေါ်မှာ ကိုယ်တွေမထင်ထားတဲ့ ထူးထူးခြားခြားနည်းလမ်းတွေနဲ့ မင်္ဂလာပွဲကျင်းပခဲ့ကြတဲ့ စုံတွဲတွေရှိပါတယ်။ထူးခြားသွားသလို အမှတ်တရလည်းဖြစ်တာပေါ့။ဒီတော့ဘယ်လိုနည်းလမ်းလေးတွေနဲ့ သူတို့ရဲ့မင်္ဂလာဆောင်ကိုထူးခြားအောင်ကျင်းပခဲ့လဲဆိုရင်…

The Shark Tank Wedding


နယူးယော့ခ်မှာနေထိုင်တဲ့ April Pignataro နဲ့ Michael Curry ဆိုသူ စုံတွဲလေးက Atlantis Marine World က Shark Tank ထဲမှာ မင်္ဂလာဆောင်ခဲ့ကြတာပါတဲ့။အသည်းတယားယားနဲ့ ငါးမန်းကြည့်ရင်း မင်္ဂလာပွဲကျင်းပခဲ့တဲ့အခိုက်အတန့်ဟာဆိုရင်ဖြင့် တစ်သက်မမေ့နိုင်စရာပါပဲ။

The Bungee-Jump ‘I do.’


ဒီစုံတွဲလေးကတော့ ခြေထောက်မှာကြိုးချည်ပြီးခုန်ချရတဲ့ စွန့်စားနည်းတစ်မျိုးနဲ့ လက်ထပ်ခဲ့ကြတယ်လို့သိရပါတယ်။

The Go-Naked Wedding


သြစတေးလျက စုံတွဲတစ်တွဲက သူတို့ရဲ့မင်္ဂလာဆောင်ကိုအဝတ်အစားဗလာနဲ့ပဲ ကျင်းပခဲ့ကြပါတယ်။ဧည့်သည်တွေအားလုံးက အဝတ်အစားအသစ်တွေနဲ့လှပကြော့ရှင်းနေတဲ့အချိန် သတို့သားနဲ့သတို့သမီးက သူတို့ရဲ့လျှို့ဝှက်အပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေကိုသာ ဖုံးပြီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။

The Zombie Wedding


သူများတွေလှလှပပနဲ့မင်္ဂလာအခမ်းအနားကျင်းပနေစဉ်မှာစုံတွဲတစ်တွဲက သူတို့ရဲ့မင်္ဂလာဆောင်ကို Zombie ပုံစံအတိုင်းပြင်ဆင်ပြီးမင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်တဲ့။

The Roller Coaster Wedding


မင်္ဂလာပွဲကျင်းပမယ့်စုံတွဲတစ်တွဲကတော့ သူတို့ရဲ့မင်္ဂလာပွဲကိုထူးထူးခြားခြားဖြစ်အောင် ရိုလာကိုစတာစီးရင်းဆောင်ခဲ့ကြတယ်လို့သိရပါတယ်။တစ်ချို့ပန်းခြံတွေက မင်္ဂလာပွဲအတွက်ခွင့်ပြုပေးကြပါတယ်။

The 99,999 Roses Surprise


တရုတ်အမျိုးသား Xiao Wang ဟာ သူ့ရဲ့တစ်နှစ်စာဝင်ငွေကို သုံးပြီး သူတို့ရဲ့မင်္ဂလာဆောင်မှာ ပြင်ဆင်ဖို့ နှင်းဆီပန်းအပွင့် ၉၉၉၉၉ ပွင့်ဝယ်ယူခဲ့ပါတယ်။သူ့ရဲ့ချစ်လှစွာသောသတု့ိသမီးလောင်းလေးကို စပရိုက်စ်လုပ်ပြီးပျော်ရွှင်စေခဲ့တာပါ။

The Bicycle Wedding


ရုရှားနိုင်ငံက စုံတွဲတစ်တွဲကတော့ တမူထူးခြားတဲ့နည်းလမ်းတစ်ခုကိုသုံးခဲ့ပါတယ်။မင်္ဂလာဆောင်ကို စက်ဘီးစီးရင်းဆောင်သွားတာပါ။ဧည့်သည်တွေကလည်းစက်ဘီးကိုယ်စီနဲ့လိုက်ပြီးဂုဏ်ပြုချီးမြှင့်ခဲ့ကြပါသတဲ့။

The Shrek Wedding


မင်္ဂလာပွဲမှာ ကိုယ်ကဝနေလို့၊ပိန်နေလို့စိတ်ပူစရာမလိုပါဘူး။စိတ်ကူးကောင်းတဲ့စုံတွဲလေးဟာဆိုရင် သူတို့ကိုယ်သူတို့ Shrek ကာတွန်းဇာတ်ကားထဲကအတိုင်း ပြင်ဆင်ခြယ်သကာ မင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*