၀က်တွေကို ဆေးမင်ကြောင်ထိုးခြင်း

ဘယ်လ်ဂျီယံ အနုပညာရှင် တစ်ဦး ဖြစ်တဲ့ ဝင်မ်ဒယ်ဗိုယီဟာ ဝက်တွေမှာ ဆေးမင်ကြောင်ထိုးခြင်းကို နှစ်သက် စွဲလန်းစွာ ပြုလုပ်ခဲ့ပါတယ်။ သူဟာ အရင်က အမေရိကန် ပြည်ထောင်စုမှာ အသက်ရှင်နေတဲ့ ဝက်တွေကို ဆေးမင်ကြောင်ထိုးပေး ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေးထိုးရာမှာ ဝေဖန်မှုတွေ ကြုံလာခဲ့တာ

ကြောင့် တရုတ်နိုင်ငံကို သွားရောက်ပြီး ဆေးမင်ကြောင်ထိုးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုထား ပါတယ်။၁၉၉၇ မှာ အမေရိကန် ပြည်ထောင်စုက ဝက်တွေကို ဆေးမင်ကြောင် ရေးထိုးပေးရာ မှာ တိရိစ္ဆာန်တွေ အပေါ် နှိပ်စက်ရာ ရောက်ခဲ့ တာကြောင့် အပြင်းအထန် ဝေဖန်ခံရပြီး တရုတ်နိုင်ငံကို သွားရောက်ပြုလုပ်ခဲ့ ပါတယ်။ တရုတ်နိုင်ငံမှာ တိရိစ္ဆာန် အခွင့်အရေးနဲ့ ပတ်သက်ပြီး ကာကွယ် စောင့်ရှောက်မှုက အခြားနိုင်ငံ

တွေနဲ့ ယှဉ်ရင် လျော့နည်းနေ တာကြောင့် ၂၀၀၄ ကနေ ၂၀၀၈ အထိ နေထိုင်ပြီး ဝက်တွေကို ဆေးမင်ကြောင်ထိုးမှု ပြုလုပ် ခဲ့ပါတယ်။ဝင်မ်ဒယ်ဗိုယီဟာ ဝက်တွေကို ဆေးမင်ကြောင်ထိုးပေးပြီး တဲ့နောက် ခြံထဲမှာ ထားပြီး ပြသမှု ပြုလုပ်ခဲ့ပါ တယ်။ ဝက်တွေကို ထိုးပေးထားတဲ့ ဆေးမင်ကြောင် ဒီဇိုင်းတွေကလည်း စုံလင်လှ ပါတယ်။ ဒစ္စနေ ကာ တွန်းဇာတ်ကောင်တွေ၊ ရုရှား အကျဉ်းထောင်တွေ ထဲကအမှတ်အသား တံဆိပ်တွေ၊ လူးဝစ္စဗာတန် အမှတ်တံဆိပ် စတာတွေကို ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။ ဝက်တွေကို ဆေးမင်ကြောင်ထိုးရာမှာ ခက်ခဲစွာ ပြုလုပ်ရပါတယ်။

ဒါပေမဲ့ ဝင်မ် ဒယ်ဗိုယီကတော့ ဝက်တွေကို နာကျင်စေလိုတဲ့ သဘောနဲ့ ပြုလုပ်ခြင်း မဟုတ်ကြောင်း၊ ဝက်၊ ကြက်၊ နွားစတဲ့ တိရိစ္ဆာန်တွေဟာ ခံစားမှုရှိ ကြာင်း၊ ဒါကို သိရှိနိုင်ဖို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အသက်ရှင် နေထိုင်တဲ့ သူတွေဟာ နာကျင်မှုရှိတာကို သိရှိစေ လိုခြင်းကို သတိပြုမိဖို့ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဆိုခဲ့ ပါတယ်။ လူတွေဟာ အနုပညာကို ခံစားရာမှာ လွယ်ကူတဲ့ နည်းလမ်း ရှိသလို ခက်ခဲတဲ့ နည်းလမ်းတွေ လည်း ရှိကြောင်း ပြောကြားခဲ့ ပါတယ်။ ဝင်မ်ဒယ် ဗိုယီဟာ ဝက်တွေကို ဆေးမင်ကြောင်ထိုး ပြီးနောက် ပြသမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*