တစ်ရက် ငှက်ပျောသီး ၂လုံး ၁လ စားပြီးနောက် အံ့သြ သွားမည့် အပြောင်းအလဲ

တစ်ရက်ငှက်ပျောသီး ၂လုံုး ၁လစားပြီးနောက် အံ့သြ သွားမည့် အပြောင်းအလဲ

ပရိသတ်ကြီးတိုု့ရေ–

တစ်လောကလုံုးက လူသားများအားလုံုးက သစ်သီးစားသုံုးခြင်းဟာ ကောင်းမွန်တယ် ဆိုုတာ လက်ခံထားကြပါတယ်။

တစ်နိုုင်ငံလုံုး အဝလွန်ရောဂါ၊ ဦးနှောက်သွေးကြောပေါက် ရောဂါအဖြစ်များတဲ့ အမေရိကန်လိုုနိုုင်ငံမျိုးမှာ အများဆုံုးစားသုံုးတဲ့အသီးဟာ ဘာအသီး ဖြစ်မယ်ထင်ပါသလဲ။

ပန်းသီး၊ လိမ္မော်သီး နှင့် ဖရဲသီးများလား။ မဟုုတ်ပါဘူး ဒီအသီးတွေ ထဲကတစ်ခုုမှမဟုုတ်ပဲ ငှက်ပျောသီးဖြစ်ပါတယ်။

ငှက်ပျောသီးကတော့ ကျွန်ပ်တိုု့ခန္ဓာကိုုယ်မှ ရောဂါအားလုံုးကိုု ပျောက်ကင်းစေနိုုင်တာ တော့မဟုုတ်ပါ။

ဒါပေမယ့် တစ်နေ့ကိုု ငှက်ပျောသီး ၂လုံုးစားသုံုးခြင်းဟာ အစာအိမ်နှင့် အူလမ်းကြောင်းဆိုုင်ရာရောဂါများနှင့် ဦးနှောက်သွေးကြောဆိုုင်ရာရောဂါများကိုု အတန်အ သင့် ကာကွယ်တားဆီးပေးပြီးသားဖြစ်တယ်ဆိုုတာကတော့ သုုတေသန ပြုလုုပ်ချက်များ က သက်သေထူနေပါတယ်။

ငှက်ပျောသီးဟာ ဓာတ်တိုုးဆန့်ကျင်ပစ္စည်းများကိုု ထုုတ်လုုပ်ပေးသော အသီးဖြစ်ရုုံ သာမက ကိုုယ်ခံစွမ်းအားကိုုပါ မြှင့်တင်ပေးနိုုင်တဲ့အသီးလည်းဖြစ်ပါတယ်။

ငှက်ပျောသီး အတွင်းမှာ ကိုုယ်ခံစွမ်းအားမြှင့်တင်ပေးနိုု်င်တဲ့ဓာတ်ပစ္စည်းများ စုံုလင်စွာပါဝင်နေရုုံသာမက သွေးဖြူဥထုုတ်လုုပ်သော ဆဲလ်များကိုုပါ အားဖြည့်ပေးတာကြောင့် အလွန်ကောင်းမွန်တဲ့ သစ်သီးပဲဖြစ်ပါတယ်။

သိုု့သော် ငှက်ပျောသီးကိုု ဝယ်ယူရာမှာတော့ အမည်းစက်နည်း နိုုင်သမျှ နည်းအောင် ရွေးချယ်ဝယ်ယူသင့်ပါတယ်။

ဘာလိုု့လည်းဆိုုတော့ အမည်းစက် နည်းတဲ့ ငှက်ပျောသီးဟာ အရသာပိုုချိုပြီး ခန္ဓာကိုု်ယ်မှ ငှက်ပျောသီးမှ ကောင်းမွန်တဲ့ ဓာတ်ပစ္စည်းများကိုု ပိုုမိုုလွယ်ကူစွာ စုုပ်ယူနိုုင်လိုု့ဖြစ်ပါတယ်။

ငှက်ပျောသီးဟာအရသာချိုရုုံသာမက သဘာဝအာဟာရဓာတ်များ၊ သဘာဝသကြားဓာတ်၊ သတ္တုဓာတ်များ၊ ကယ်လစီယမ်ဓာတ်၊ ဗီတာမင်များစုံုလင်စွာပါဝင်ပါတယ်။

တစ်နေ့ကိုု ငှက်ပျောသီး ၂လုံုးပုံုမှန်စားသုံုးခြင်းဖြင့် ၁လအတွင်း အောက်ပါကျန်းမာရေး ကောင်းကျိုးများ ရရှိစေမှာဖြစ်ပါတယ်။

ခန္ဓာကိုု်ယ်အားဖြစ်ထွန်းစေခြင်း—

ငှက်ပျောသီးမှာ ကယ်လစီယမ်ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုုယ်အားအင် ဖြစ်ထွန်း စေရုုံသာမက စိတ်ဓာတ်ခွန်အားကိုုပါဖြစ်စေပါတယ်။

တစ်နေ့ငှက်ပျောသီး ၂လုံုး စားသုံုးခြင်းဟာ မိနစ် ၉ ဝခန့် မရပ်မနားအားကစားလုုပ်ခြင်းကိုု အထောက်အကူ ပေးပါတယ်။

အားကစားသမားများ ပထမဦးစားပေးရွေးချယ်စားသင့်တဲ့ သစ်သီးလည်းဖြစ်ပါတယ်။

ငှက်ပျောသီးအတွင်း ခန္ဓာကိုုယ်မှ ဆီရိုုတိုုနင်ကိုုပြောင်းလဲစေနိုုင်သော တိုုက်တိုုဖန်ဆိုုတဲ့ ဓာတ်ပစ္စည်းပါဝင်တာကြောင့် စိတ်ကျခြင်းအပြင် ကင်ဆာအဖုုအကျိတ်များ ဖြစ်ပွားခြင်းကိုု ကာကွယ်ပေးနိုုင်ပါတယ်။

အစာအိမ်လမ်းကြောင်းကျန်းမာရေးကောင်းမွန်ခြင်း—

အထူးသုုတေသနပြုစရာမလိုုပဲလူတိုုင်းသိရှိနားလည်ထားတာကတော့ ငှက်ပျောသီး စားသုံုးခြင်းဟာ ဝမ်းချုပ်ခြင်းအတွက်အလွန်ကောင်းမွန်တယ်ဆိုုတာပါပဲ။

ငှက်ပျောသီးဟာ အစာအိမ်နာခြင်း၊ အစာအိမ်ယောင်ခြင်း၊ အစာချေအက်ဆစ် အထက်ဆန်ခြင်းစတဲ့ရောဂါ ဝေဒနာများအတွက်အထူးကောင်းမွန်ပါတယ်။

ငှက်ပျောသီးဟာ သဘာဝအတိုုင်း အက်ဆက်ဓာတ် လျော့ချပေးနိုု်င်တာကြောင့် အစာအိမ်နှင့်ပတ်သက်သော ရောဂါများ အတွက် မဖြစ်မနေစားသုံုးသင့်တဲ့ သစ်သီးလည်းဖြစ်ပါတယ်။

နှလုံုးသွေးကြောကျန်းမာရေးအတွက်ကောင်းမွန်ခြင်း—

ငှက်ပျောသီးဟာ ခန္ဓာကိုု်ယ်အတွင်း ပိုုလျှံနေသော ဆိုုဒီယမ်ဓာတ်များ(ဆားအလွန်အကျွံ စားသုံုးခြင်းကြောင့်ဖြစ်သော) ကိုု ထိန်းချုပ်ပေးနိုုင်သောကြောင့် သွေးတိုုးရောဂါနှင့် နှလုံုးသွေးကြောများကိုု ကာကွယ်ပေးနိုုင်ကာ နှလုံုးကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုုင်ပါတယ်။

ထိုု့အပြင် သွေးနီဥ၊ သွေးဖြူဥများဖြစ်ပေါ်မှုကိုု အားပေးတာကြောင့် သွေးအားကောင်းစေကာ ခန္ဓာကိုုယ်အပူအအေးဓာတ်ကိုု ထိန်းသိမ်းပေးနိုု်င်တာကြောင့် မိုုးရာသီနှင့် ဆောင်းရာသီမှာ အဖြစ်များသော အအေးမိခြင်းကိုု လည်းကာကွယ်ပေးနိုုင်ပါတယ်။

ဦးနှောက်အာရုုံကြောစနစ်ကိုု ကောင်းမွန်စေခြင်း—

ငှက်ပျောသီးဟာ သွေးအတွင်းရှိ သကြားဓာတ်ကိုုထိန်းသိမ်းနိုုင်စွမ်းရှိပြီး ဦးနှောက် အာရုုံကြောကိုု နွေးထွေးစေပြီး စိတ်ခံစားမှုအခြေအနေကိုု ထိန်းချုပ်ပေးနိုုင်စွမ်းရှိပါတယ်။

ဗီတာမင်ဘီအုုပ်စုုကြွယ်ဝစွာပါဝင်တာမိုု့ စိတ်ဖိစီးမှုုများကိုု လျှော့ချပေးနိုုင်ပါတယ်။

အမျိုးသမီးများအတွက် ဓမ္မတာလာချိန်တွင် နာကျဉ်ခြင်းကိုု လည်းလျော့ချပေးနိုုင်ပါတယ်။

ကဲ..ပရိသတ်ကြီးတိုု့ရေ-

ကျန်းမာရေးအတွက်အလွန်ကိုုမှကောင်းလှတဲ့ ငှက်ပျောသီးကိုု တစ်နေ့ ၂လုံုးပုံုမှန်စားသုံုးလိုုက်ကြပါစိုု့လား–။

Be the first to comment

Leave a Reply

Your email address will not be published.


*