မလိုလားအပ်ပဲနဲ့ ချစ်သူနှစ်ဦးကို အမှတ်မထင် ဝေးကွာသွားစေမယ့် မက်ဆေ့ချ်များ

Relationshipတွေအနေနဲ့ အနေဝေးရင် သွေးအေးသွားတယ်လို့ ပြောကြပါတယ်။တချို့ကျတော့လည်း ခိုင်မာတဲ့ ချစ်ခြင်း မေတ္တာနဲ့ သစ္စာတရားတွေကြောင့် ဒီစကားကိုလက်မခံနိုင်ဘူးလို့ပြောကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သေချာတာ တစ်ခုက ကိုယ့်ချစ်သူနဲ့ တစ်သက်တာပေါင်းဖက်ချင်ကြတာချည်းပါပဲ။

ဒါ့အပြင် relationshipတစ်ခု ခိုင်မြဲအောင်ကြိုးစားတည်ဆောက်ရတာကလည်း သိပ်မလွယ်ကူပါဘူး။ ဒီတစ်ခါမျှဝေပေးချင်တဲ့အကြောင်းအရာကတော့ ကံကြမ္မာအခြေအနေကြောင့် ခွဲခွာနေရတဲ့ချစ်သူတွေ ပဲဖြစ်ဖြစ်  အနားမှာရှိနေတဲ့ချစ်သူတွေပဲဖြစ်ဖြစ် အပြန်အလှန်မက်ဆေ့်ပို့ကြတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်း ဆိုင်စကားပြောတာမျိုးမဟုတ်တဲ့အတွက် ခံစားချက်အမှန်လားဆိုတာမသိနိုင်ပါဘူး။နားလည်မှုတွေလွဲပြီး ချစ်သူတွေကြားက ဆက််ဆံရေးလေးကို ထိခိုက်သွားစေနိုင်ပါတယ်။ ကိုယ့်ချစ်သူကို ကိုယ့်အနားကနေ တဖြည်းဖြည်းအဝေးကိုရောက် သွားစေတဲ့ မက်ဆေ့်လေးတွေကိုတော့ သတိထားဖို့လိုတာပေါ့။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းခြင်း

မက်ဆေ့်ပို့အခါ သင်တို့နှစ်ယောက်အတွက် အရေးသိပ်မကြီးတဲ့ မက်ဆေ့တွေပို့နေမယ်ဆိုရင် သင့်ကောင်လေးဘက်က အလံနီပြဖို ့သေချာနေပါပြီ။ဒါကြောင့် အရေးသိပ်မကြီးတဲ့ ရာသီဥတုအကြောင်း၊သင့်ရဲ့နေ့လည်စာ ဒါမှမဟုတ် ညစာတွေ မှာ ဘာနဲ့စားတယ််ဆိုတာတွေပို့ပြီး အချိန်မဖြုန်းပါနဲ့။သင်တို့ချစ်သူနှစ်ယောက်ကြားမှာ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘယ်လိုဆက်ဆံရေးမျိုးရှိနေလဲဆိုတာ ဆွေးနွေးတဲ့ မက်ဆေ့ချ်ပို့ပါ။

စာအရှည်ပို့ခြင်း

စာအရှည်ကြီးတွေပို့တာက ဖတ်ရတဲ့သူအတွက် ပျင်းရိငြီးငွေ့စရာကောင်းပါတယ်။သင့်ဘက်က   အဲဒီလိုစာအရှည်ကြီး တွေဆက်တိုက်ပို့နေမယ်ဆိုရင် သင့်ကောင်လေးရဲ့ငြိုငြင်ခြင်းခံရပါလိမ့်မယ်။ဒါကြောင့် သင်တို့နှစ်ယောက်နဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားစရာအချက်တွေကို အရင်ချရေးလိုက်ပါ။သင်အနှစ်သက်ဆုံး အချက်ကို  မက်ဆျေ့်ပို့လိုက်ပါ။

စကားလုံးမရှင်းလင်းတဲ့မက်ဆေ့ချ်

မေးခွန်းကို Yes or Noဖြေတာထက် emojisလေးတွေနဲ့ အရိုးရှင်းဆုံးဖြေမယ်ဆိုရင်တောင် ယောကျ်ားလေးတွေ က  ဘယ်လိုပြန်ပြောရမလဲဆိုတာ ဆုံးဖြတ်ချက်ချစဉ်းစားကြပါသေးတယ်။ဒါကြောင် ့အရိုးရှင်းဆုံးစကားလုံးတွေပဲ ပို့သင့်ပါတယ်။

စောဒကတက်ခြင်း

အင်တာနက် onlineမှာသင့်ချစ်သူနဲ့ စကားပြောတဲ့အခါ သူ့ဘက်က သင့်စာတွေကိုတွေ့ပေမယ့်လည်း ချက်ချင်းreplyပြန်မလုပ်တာ၊ မလုပ်နိုင်တဲ့အခြေအနေမျိုးမှာ သင့်ဘက်က Complainတက်တဲ့ မက်ဆေ့ချ်မျိုးဆက်တိုက် ပို့မနေသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူက ကိုယ်ထင်နေသလို တခြားလူနဲ့ စကားပြောနေတာမျိုးမဟုတ်ဘဲ အလုပ်အတွက်အရေးကြီးတဲ့ အချက်အလက်တွေရှာနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

အလုပ်ချိန်မှာ replyပြန်လုပ်ဖို့တွန်းအားပေးခြင်း

တခါတရံသင့်အနေနဲ့ မက်ဆေ့်ပို့လိုက်ပေမယ့် ချက်ချငင်းအကြောင်းမပြန်တဲ့အခါ သူ့အနေနဲ့အလုပ်ရှုပ်နေတာမျိုးလည်းဖြစ် နိုင်ပါတယ်။အလုပ်ချိန်မှာ အရေးတကြီးကိစ္စကလွဲရင် ဖုန်းပြောတာ၊အင်တာနက် သုံးတာနဲ့ မက်ဆေ့ချ်အပြန်အလှန်ပို့နေတာတွေက အလုပ်အတွက် အနှောက်အယှက်ဖြစ်စေပါတယ်။

လျစ်လျူရှုတဲ့သဘောရောက်စေတဲ့မက်ဆေ့ချ်

ဥပမာ သင့်ချစ်သူက အမှတ်တရပို့လိုက်တဲ့မက်ဆေ့်ကို “အင်း၊  အိုကေ” စသဖြင့် စိတ်ဝင်တစားပြန်ပို့ခြင်းမရှိ တာကလည်း သင်တို့နှစ်ယောက်ကြားက ဆက်ဆံရေး အေးသွားနိုင်ပါတယ်။

သဒ္ဒါနည်းမကျတဲ့ မက်ဆေ့ပို့ခြင်း

မက်ဆေ့ချ်ပို့တဲ့အခါ စာရှည်ခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း စကားလုံးမရှင်းလင်းခြင်းစတဲ့ အချက်တွေကို ရှောင်ပြီး စကားလုံးတွေ ရွေးချယ်ရပါတယ်။သင့်အနေနဲ့ သဒ္ဒါနည်းမှန်တဲ့ မက်ဆေ့ချ်မပေးပို့နိုင်ရင် စိတ်ကျေနပ်စရာ မကောင်းတဲ့ တုန့်ပြန်မှုမျိုးကိုပဲရနိုင်ပါတယ်။

သတိတရပို့လိုက်တဲ့မက်ဆေ့ချ်ကြောင့် ကိုယ့်ချစ်သူဆီက လွမ်းဆွတ်တမ်းတမှုတွေနဲ့  တုန့်ပြန်တဲ့ replyကိုလက်ခံရရှိဖို့ ဖော်ပြခဲ့တဲ့အချက်လေးတွေမှာ ကိုယ်နဲ့ငြိနေတဲ့အချက်တွေရှိရင် အမြန်ဆုံးပြင်ဆင်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*