ညတွင်းချင်း အသားအရေကိုအိုမင်းရင့်ရော်သွားစေနိုင်လို့ သတိထားရမည့်အချက် (၄) ချက်

နုပျိုလှပတဲ့ အသားအရေကို ပိုင်ဆိုင်ချင်တာ မိန်းကလေးတိုင်းလိုလိုရဲ့ စိတ်ကူးအိပ်မက် ဖြစ်ပါတယ်။ တစ်ခါတလေ သင်သတိမထားမိတဲ့ အချိန်တွေမှာ အသားအရေကို အိုမင်းရင့်ရော်အောင် ကိုယ်ကိုယ်တိုင် လုပ်မိတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ အသားအရေကို ညတွင်းချင်းမှာတင် အိုမင်းရင့်ရော်သွားစေနိုင်တဲ့ သတိထားစရာအချက် (၄) ချက်ပဲဖြစ်ပါတယ်။

(၁) ခေါင်းအုံးကိုမျက်နှာအပ်ပြီးအိပ်ခြင်း


ညအိပ်ရာဝင်တဲ့ အချိန်မှာ ကမ္ဘာမြေကြီးရဲ့ဆွဲအားက မျက်နှာကို အောက်သို့ဆွဲချနေတဲ့အတွက် အရေပြားလျော့တွဲမှုဖြစ်လာစေပါတယ်။ မျက်လုံးမို့ခြင်း၊ မျက်နှာအမ်းနေခြင်းတွေက ကမ္ဘာမြေကြီးက မျက်နှာထဲကအရည်တွေကို ဆွဲငင်တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်အလှအပရေးရာ သုတေသနပညာရှင်တွေက နုပျိုလှပချင်တဲ့သူတိုင်း ခေါင်းအုံးနဲ့မျက်နှာအပ်ပြီး မအိပ်ဖို့ အကြံပေးထားပါတယ်။ တကယ်လို့ ခေါင်းအုံးကိုမျက်နှာအပ်ပြီး အိပ်တတ်တဲ့သူဆိုရင်တော့ ညတွင်းချင်းမှာတောင် မျက်နှာအရေပြားကို အိုမင်းရင့်ရော်သွားစေနိုင်ပါတယ်။

(၂) မျက်နှာမသစ်ပဲ အိပ်ရာဝင်ခြင်း


မိတ်ကပ်ကို သေသေချာချာ မဖျက်ပဲ အိပ်ရာဝင်ခြင်း၊ မျက်နှာမသစ်ပဲ အိပ်ရာဝင်ခြင်းတွေကို မိန်းကလေးတစ်ယောက် အနေနဲ့ လုံးဝကို ရှောင်ရှားသင့်တဲ့ အကျင့်တစ်ခုဖြစ်ပါတယ်။ အိပ်ရာမဝင်ခင် မျက်နှာသစ်ခြင်းဖြင့် မျက်နှာပေါ်က ချွေး၊ အညစ်အကြေးနဲ့ မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အရမ်းကို အရေးပါတဲ့ အသားအရေ ထိန်းသိမ်းနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ဝက်ခြံတွေ၊ အရေးကြောင်းတွေအပြင်၊ အမဲစက်တွေ ဖြစ်ပေါ်လာတဲ့အပြင် ရှိရင်းစွဲအသက်ထက်ပိုပြီး အိုမင်းရင့်ရော်တဲ့ အသားအရေ ဖြစ်လာပါလိမ့်မယ်။

(၃) အလှကုန်ပစ္စည်း အမြောက်အများအသုံးပြုခြင်း


အလှကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မျိုးစုံသုံးတာကလည်း သင့်အသားအရေအတွက် မကောင်းပါဘူး။ တစ်ခုချင်းစီမှာ ကောင်းကျိုးလည်း ရှိသလို ဆိုးကျိုးလည်း ရှိနိုင်တာကြောင့် သင့်အသားအရေကို ပျက်စီးစေပါတယ်။ ထုတ်ကုန်တစ်ခုနဲ့တစ်ခုမှာ အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေက ဓာတ်မတည့်မှုတွေလည်း ရှိနိုင်တဲ့အတွက် အလှကုန် အမှတ်တံဆိပ်မျိုးစုံကို အသုံးမပြုသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ သင့်အသားအရေက ငွေလည်းကုန်တဲ့အပြင် ဆိုးကျိုးတွေကိုသာ ခံစားရမှာဖြစ်ပါတယ်။

(၄) ရေဓာတ်ကုန်ဆုံးခြင်း


ရေဓာတ်ကုန်ဆုံးခြင်း၊ မလုံလောက်ခြင်းဟာ အသားအရေကို ရှိရင်းစွဲအသက်ထက်ပိုပြီး ရင့်ရော်သွားစေနိုင်ပါတယ်။ ရေသောက်နည်းတဲ့အခါ မျက်လုံးနားတစ်ဝိုက်ကနေစလို့ အရေးကြောင်းတွေ၊ မျက်ကွင်းညိုခြင်းတွေဖြစ်လာပြီး မျက်နှာအသားအရေတစ်ခုလုံး နွမ်းခြောက်ခြောက်နဲ့ အိုမင်းရင့်ရော်သွားမှာဖြစ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*