ဖြူဖြူထွေးဟာ အခမ်းနားဆုံးမင်သမီးကြီးဖြစ်သွားဖို့ အလားအလာရှိနေကြောင်း ပြောပြလာတဲ့ နေထက်လင်း

သရုပ်ဆောင်မှုအပိုင်းမှာ သဘာဝဆန်ဆန်ပိုင်ပိုင်နိုင်နိုင်နဲ့ ပရိသတ်ရင်ကို ထိုးဖောက်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်နေထက်လင်းကတော့” ဖြူဖြူထွေးသာ အနုပညာကို ဒီထက်ပိုကောင်းအောင်ကြိုးစားနိုင်ရင် တကယ့်စူပါမင်းသမီးတစ်ယောက် ဖြစ်သွားနိုင်တယ်” လို့ဆိုပါတယ်။ဝါရင့်တစ်ယောက်အနေနဲ့ နေထက်လင်းကတော့ ဖြူဖြူထွေးနဲ့ ပတ်သက်ပြီး “သူ့ကိုဘယ်လိုတိုက်ခိုက် တိုက်ခိုက် ကောင်မလေး ၂နှစ်လောက်အထိတော့ အေးဆေးခိုင်တယ်လို့ ကိုလွင်မိုးပြောသလိုပဲ အိုက်တင်ကို ညက်ညက်လေးဖြစ်အောင် လုပ်သွားနိုင်မယ်ဆိုရင် ဒီထက်သူ စူပါမင်းသမီး ဖြစ်သွားနိုင်တယ်။

ဒီအပေါ်မှာသူ အသုံးချပြီး ရုပ်ရှင်ကားကြီး ရိုက်သွားနိုင်ရင်ကောင်းမှာပါ” လို့ Myanmar celebrity နဲ့အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။ ဒီကာလအတွင်းမှာ ဖြူဖြူထွေးနဲ့ ကြော်ငြာ(၂)ခု ရိုက်ဖြစ်တဲ့အကြောင်းလေးကိုတော့ “ပထမတော့ ကြော်ငြာတစ်ခုပဲ ရိုက်ထားတာပါ။ နောက်ဒုတိယလှိုင်းဝင်လာတော့ နောက်ဆုတ်သွားတဲ့အချိန် နောက်ကြော်ငြာတစ်ခုဝင်လာတာ ၂ရက်ခွဲပြီးရိုက်လိုက်တာ အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။

ကောင်မလေးက သွက်သွက်လက်လက်ရှိတယ်။ အလုပ်လုပ်ရတာလည်း အမြင်တူပါတယ်။” “သူက ၁နှစ် ၂နှစ် ၃နှစ်လောက်ကတော့ အေးအေးဆေးဆေးခိုင်ပါတယ်။ သူ့ကိုဘယ်လိုပဲ တိုက်ခိုက်တိုက်ခိုက်ပေါ့နော်။ စိတ်ထားလေးက ပြောင်းမှာမဟုတ်ဘူး။ သူ့ကိုဖြစ်စေချင်ပါတယ်။သမီးကိုရီးယားကားတွေ ကြည့်ပေးနော်ဆိုတော့ ကြည့်တယ် ကြည့်တယ်တဲ့ ဒီလောက်လေးပဲပြောလိုက်တာ သူသဘောပေါက်ပါတယ်” လို့ ဆိုထားပါတယ်။ နေထက်လင်းကတော့ “အခုကျွန်တော်တို့က လူမှုဆက်ဆံရေးက ပြောင်းလဲသွားပြီလေ။

ကျွနု်တော်တို့က အသုံးမချတတ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ဗီဒီယိုဈေးကွက်ကပျက်သွားတယ်။ ရုပ်ရှင်ပဲကျန်တော့တာပေါ့။ ရုပ်ရှင်တောင် (၁၀)ကားမှာ ၂ကားပဲပေါက်တယ်။ ပရိသတ်စားချင်တာကိုမကျွေးပဲ အရသာမပြောင်းဘူးလေ။

သူတို့စားချင်တဲ့မုန့်ဟင်းခါးအရသာကိုမကျွေးဘဲ ကျွန်တော်တို့ချက်တာပဲကျွေးတယ်ဆိုတော့ အရသာမတူဘူးဖြစ်နေတဲအတွက် သူတို့မစားချင်ဘူးဖြစ်နေတာပေါ့” “ဒီမိုကရေစီဆိုတဲ့ အသွင်ပြောင်းလဲရေးကာလမှာ လူမှုဆက်ဆံရေးတွေပြောင်းလဲလာတယ် အသုံးအနှုန်းအခေါ်လေးတွေလည်းပြောင်းလဲလာတယ်။

အဲဒီအချိန်မှာ မင်းသားမင်းသမီးနောက်ကို ပရိသတ်ကလိုက်မှာပေါ့။ သိတဲ့သူကတော့ဖော်စားပေါ့။ မသိတဲ့သူကတော့ ကျော်သွားပေါ့” ဖြူဖြူထွေးနဲ့ပတ်သတ်ပြီးတော့ နေထက်လင်းက ပထမသူစိတ်ဓာတ်နဲ့ဖောက်တယ်။ နောက်တော့ အတတ်ပညာနဲ့ဖောက်ရတာပေါ့။အသံတို့သရုပ်ဆောင်တို့ အဲ့တာတွေမပါလည်းမရဘူး။ စိတ်ဓာတ်လေးကဖြူတယ်။ လူတွေကိုကျိုးနွံတယ်၊ ရိုးသားတယ်။ သူကအတတ်ပညာပိုင်းလည်လေ့လာထားတယ်။ အဲဒီ့အပေါ်မှာအသုံးချသွားတာ တော်ပါတယ်။”

သူရိုက်တဲ့ဗီဒီယိုဖိုင်လေးကို တစ်ခါတစ်လေ ကြည့်ဖြစ်ပါတယ်။ ပရိသတ်လိုချင်တာက အပြစ်ကင်းတာလေးပဲ။ ကန်တော့ပါရဲ့ ဟိုဖော်ဒီဖော် ဆက်ဆီတွေ မလိုချင်ဘူး။ ပရိသတ်က အဲ့တာကအကြာကြီးကြည့်လို့မရဘူး။လင်မယား သမီးရည်းစားသတ်ကြမယ့်ကိန်းပဲ။ အပြစ်ကင်းတာကိုကြည့်တာကျတော့ တားလို့မရဘူး။ မြန်မာနိုင်ငံနဲ့ အင်တန်လိုက်ဖက်တဲ့အနုပညာပါ”လို့ဖြေဆိုခဲ့တာပါ။ နေထက်လင်းကတော့ ပရိသတ်ကြီးအားလုံးအတွက်လည်း ကျန်းမာရေးဂရုစိုက်ကြဖို့ “ကိုရိုနာဗိုင်းရပ်စ်က တတိယလှိုင်းလာနိုင်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနညွှန်ကြားတဲ့အတိုင်းနေပေးကြပါ။

ဒီအပေါ်မှာ စိတ်မဆိုးကြပါနဲ့၊ ဘယ်သူမပြုမိမိမှုပါ။ ကိုယ်လုပ်ရင် ကိုယ်ခံရမှာပါ။ ဗိုင်းရပ်စ်က ဘယ်သူ့ကိုမှညှာမှာမဟုတ်ပါဘူး။ ကမ္ဘာကြီးကိုဆေးကြောနေပါပြီ။ မကောင်းတဲ့စိတ်တွေမထားကြပါနဲ့။ ဒေါသကိုလျှော့ မာနကိုလျှော့ တစ်ယောက်ကိုတစ်ယောက်ဆဲဆိုတာတွေလျှော့ကြပါ။ အကောင်းမြင်စိတ်လေးနဲ့ ဘုရားတရားလုပ်နိုင်ကြပါစေ လို့ဆုတောင်းပေးလိုက်ပါတယ်”ဆိုတဲ့စကာလေးနဲ့ အသိပေးထားပါသေးတယ်။ crd

 

Be the first to comment

Leave a Reply

Your email address will not be published.


*