ပိုက်ဆံ သိန်းငါးရာ အရင်စုပြီးမှ ဒညင်းသီး စားပါ (ပိုက်ဆံမစုနိုင်ရင်တော့ မစားကြပါနဲ့ဗျာ)

ဒညင်းသီး အကြောင်း ရေးပါဆိုလို့ ထွေထွေ ထူးထူး မပြောတော့ပါဘူး ဒညင်းသီးကို ရုက္ခဗေဒ အရ ဘယ်လိုခေါ်တယ် ဘယ်မျိူးစိတ်ဆိုတာ လူတိုင်း စိတ်မဝင်စားဘူး စိတ်ဝင်စားတာက ဒညင်းသီး ဘယ်ဈေး ပေါက်လည်းဆိုတာပဲ

ကျွန်တော်တို့ ဆေးရုံ ဆေးခန်းမှာ လူနာတွေ ဆီးပူ ဆီးအောင့် ဆီးနည်း လို့ လာရတဲ့ အချိန် ရာသီ အရ တွက်ဆ တတ်ကြတယ်။ ဆရာဝန် အများစု က ဥပမာ အရ ပြောရရင် ည လယ်ခေါင် ဆီးနည်း ဆီးပူ ဆီးအောင့် ဆီးအရောင်ရင့် ခါးနာ ဆီးစပ်နာ ဆိုရင် အချိန်အားဖြင့် ဂျူလှိုင်လ ဩဂုတ် လ ဆိုရင် သေချာတယ်။

ဆရာဝန် ကလည်း မေးရမယ် ဒညင်းသီး စားသေးလားဆိုပီး တစ်ခါတစ်လေ မေးစရာမလိုဘူး လူနာ နဲ့ စကားပြောနေရင်း ကို ဒညင်းသီး အနံ ရနေတတ်တယ်။ တစ်နည်းအားဖြင့် အနံ နဲ့တင် ရောဂါ သိနေပီ လူနာ ဘယ်လောက် လိမ် တယ် ပြောပြော ဆရာဝန်က သူလိုချင်တာ ရောက်အောင် သွားဖို့ပဲ။

ဆေးခန်းမှာဆိုရင် နေ့လယ်ပိုင်း လာတတ်ကြတယ်။ မနက်ပိုင်း ဒညင်းသီး ကို အဝ ထမင်း နဲ့ မြိန်ရည် ရှက်ရည် စားပီး ညနေ စောင်း ကို ခါးနာ ဆီးနည်း ဆီးပူ ဆီးအရောင်ရင့် လာတတ်ကြတယ်။ ဆရာဝန် က လည်း မေးတတ်ရတယ် ဘာလို့လည်း ဆိုရင် လူနာတွေက ဒညင်းသီး စားပီး ဆေးခန်းလာပြရတာ မနှစ်မြို့ ကြဘူး ရှက်ကြတယ် သဘောအားဖြင့် ရှက်စရာ အပြစ် တစ်ခု ကျူးလွန်မိသလို လူနာတွေ က ခံစားကြတယ်။

ဒါက ရှက်စရာ မဟုတ်ဘူး ပထမ တစ်ခါ မှားတာပဲ လူပဲ မှားမှာပဲ မှားမှန်သိပြီး ဒုတိယ အကြိမ် စားရင်တော့ အပြစ်ဗျ စားလို့ ကောင်းတာ သိတယ် ထမင်းမြိန်တယ် မလုပ် နဲ့ မြိန်တဲ့ ထမင်း က ခင်ဗျား အသက် ကို နှူတ်ယူသွားလိမ့်မယ် ဒညင်းသီး စားပီး ‌သေတဲ့ မသာ မရှိဘူးလို့ မပြောနဲ့ ဆေးရုံ လာကြည့် ခုလို ရာသီမှာ ဒညင်းသီး ကြောင့် သေတဲ့ မသာရှိတယ်ဆိုတာ စာရင်း ရှိတယ် ပြပေးမယ် လာကြည့်ချေ။

ဒညင်းသီး ကြောင့် ဖြစ်တတ်တာ ထွေထွေ ထူးထူး ပြောပြနေစရာ မလိုဘူးထင်တယ် လူတိုင်း သိတယ် ကျောက်ကပ် ပျက်စီးတယ် ဆိုတာ အဲ့ထက် တိတိကျကျ ပြောမယ် ဆိုရင် ကျောက်ကပ် အတွင်း လုပ်ဆောင်ပုံ သတ္တုဓါတ် မမျှ လို့ သေကြတာချည်းပဲ ဆေးဘယ်လောက်ထိုးထိုး ဆီး မထွက်တဲ့ လူနာလည်းကြုံဖူးသလို တစ်ခြမ်းပဲစားတာ ငါကြ ဘာလို့ဖြစ်တာလည်း ဆိုရင် ကိုယ့်ထိုက် နဲ့ ကိုယ်ကံပဲ လူတိုင်း ကျောက်ကပ် လှုပ်ဆောင်ပုံ မတူလို့ပဲ။

အလုံး ၅၀ စားပီး ကျောက်ကပ် ပျက်စီး သေတဲ့ မသာ ရှိသလို တစ်ခြမ်းစားပီး သေတဲ့ မသာရှိတယ် ဆိုတာ သိထားရမယ် နောက်ဆုံး အနှစ်ချူပ် ပြောမယ် ဒညင်းသီး က လူစားရမယ့် အစားစာ မဟုတ်ဘူး အဲ့ကြောင့် ဆေးရုံမှာ ဒညင်းသီး လူနာကို ခွေးစာ အဆိပ် သင့် လို ခေါ်တယ်။

အဲ့လောက်ဆို သဘောပေါက်ပီ ထင်တယ် ဒညင်းသီး က ‌လူစာ မဟုတ်ဘူးဆိုတာ ဆရာ တစ်ယောက် ပြောဖူးတာ မှတ်မိသေးတယ် ဒညင်းသီး စားမယ် ‌ဆိုရင် ကျောက်ကပ် အလှူရှင် ကြိုရှာထား ပိုက်ဆံ သိန်း ငါးရာ ကြိုစုထား အဲ့ဆို စားလို့ ရပီ ကဲ ကိုယ်လူတို့ ဒညင်းသီး စားကြပါ။ ကျောက်ကပ် အလှူရှင် ကြိုရှာထားကြပါ။ ပိုက်ဆံ သိန်းငါးရာ စုထား ကြပါ

Credit-

Be the first to comment

Leave a Reply

Your email address will not be published.


*