မနုဿီဟ (ဖင်နှစ်ခွ) အကြောင်း

သုဝဏ္ဏဘူမိ မည်တွင် သထုံပြည် တွင် သာသနာ မထွန်းကားစဉ်ကာလ က ကုသိုလ် အကုသိုလ် ကို မသိခြင်း အကျိုးကြောင့် မကောင်းမှုများ ကြီးစိုးခဲ့ပေ၏။


ထိုသောအခါမှာ ဘီလူးထို့လည်း မြို့ထဲဝင်၍ လူတို့ကို ဖမ်းယူ စားသောက် ကြကုန်၏။ ဘီလူးတို့လည်း အကုသိုလ်အား ကြီးမားသော သူတို့ကို ဖမ်းယူစားသောက်လွယ်ကူသောအခါ အခြားဘီလူး များပါရောက်ရှိလာ၍ဘီလူးဦးရေ များလာလေတော့သတည်း။

ထိုသောအခါ ဗုဒ္ဓ မြတ်စွာ၏ သာသနာပြု အရှင်နှစ်ပါး ဖြစ်သည့် အရှင်သောဏ နဲ့ အရှင် ဥတ္တရ မထေရ်မြတ်နှစ်ပါး ကြွရောက် လာပြီး ဗုဒ္ဓသာသနာတော် ကို သထုံမြို့တွင် အခြေတည်ခဲ့လေသတည်း။ထိုအချိန်ထိ ဘီလူးများလည်းသောင်းကျန်းနေစဲ ဖြစ်၏။ ရတနာ ၃ပါး ကို ဆည်းကပ်သူတို့ကိုရှောင်ကွင်းပြီး မိစ္ဆာဒိဋ္ဌိများကိုတော့ ဆက်လက် သတ်ဖြတ် စားသောက်နေမြဲပင်။တစ်စထက် တစ်စ အတင့်ရဲ လာသော ဘီလူး တို့သည် ဘုရင့်သားကို စားသောက်ရန်လာကြကုန်၏ ။

ဘုရင့် သားတော်လေးသည် ဘုန်းကံရှင်ဖြစ်၍ ဘီလူးတို့ မထိ နှိုင် ။သို့သော်ကြောက်မက်ဖွယ် အဆင်းကြောင့် ကြောက်လန့်ုပြီး ဘုရင်ကြီးထံပြေးလေတော့၏။ဖခင်ဘုရင်ကြီး ယောက်ယက်ခတ် စဉ် မထေရ်မြတ်နှစ်ပါးကြွရောက် လာလေတော့၏။မင်းကြီးလည်း ထူးကဲသောဣန္ဒြေနဲ့ ပြည့်စုံသည့် မထေရ်မြတ်တို့ကိုကြည်ညိုကာ နန်းတော်ဦးသို့ ပင့်ဆောင်လေ၏။

မင်းကြီးက အရှင်မြတ်နှစ်ပါးကို ဦးတိုက်ပြီး မင်းသားလေး ကို ဘီလူးတွေခြောက်လှန့်ခံနေရကြောင်းလျောက်ထားလေ၏ ။အရှင်မြတ်နှစ်ပါးတို့သည် ထိုမင်းသားငယ်ကို ရှေ့တော်သို ခေါ်တော် မူပါကာ ပရိတ်တော်များရွတ်ဖတ်ပေးတော်မူလေ၏။

သို့သော်မင်းသားခဗျာ ကြောက်စိတ် ကြီးစိုးနေ၍ပရိတ်တော် ကို အာရုံမပြု နှိုင်ဘဲရှိ၏။ ဘီးလူးတို့လည်း ပရိတ်သံကြားလျှင် အဝေးသို့ပြေး၏။ ပရိတ်သံရပ်လျှင် ပြန်လာ၏။ထို့ကြောင့် အရှင် ၂ ပါးတို့ ဤသို့ ကြံစဉ်ကြကုန်၏။လောကတွင် အသိဉာဏ် အရှိဆုံးမှာ လူသားဖြစ်၏။ခွန်အားဗလ သတ္တိ နှင့် ပြည့်စုံသည်ကား ခြင်္သေ့မင်းဖြစ်၏။ ။ ထို့ကြောင့် လူ နှင့် ခြင်္သေ့ တွဲစပ်ထားသော မနုဿ ီဟကို ဖန်ဆင်း တော်မူလိုက်ကြလေတော့သည်။

(မနုဿ = လူ ။ သီဟ = ခြသေ့ၤ)ထိုအချိန်တွင် ဘီလူးတို့လည်း မင်းသားကို ခြောက် လှန့်ရန်ပြန်လာကြကုန်၏။

ဘီလူးတို့ကိုတွေ့သော် မနုဿ ီဟကြီးက တဟုန်းထိုး လိုက်လံဖမ်းဆီးလေတော့၏။ဘီလူးတို့လည်း ကြောက်ရွံ့ ထိတ်လန့်၍ ဆောက်တည်ရာမရ ထွက်ပြေး ကြရကုန်လေသတည်း။ဘီလူးရန် ကင်းသောအခါ အရှင်မြတ် နှစ်ပါးလည်း မထေရ်မြတ် အသွင်သို့ ပြန်လည် ယူတော်မူလေ၏။ ။ မင်းကြီး လည်း သာသနာတော်ကို သက်ဝင်ယုံကြည်ကာ သရဏဂုံ တည်လေ၏။

သုဝဏ္ဏဘူမိ တောင်ထိပ်တွင်မနုဿ ီဟရုပ်၊ ထုလုပ်ထားလေ တော့ သတည်း။်ရုပ်ထုမှန်းသိ၍ ဘီလူးတို့ ထပ်မံ ဝင်လာရာ သိကြားမင်း ထိုင်တော် မူသော ပဏ္ဏုကမ္ဗလာ မြကျောက်ဖျာလည်း ပူလောင်ရလေသည်။

အကြောင်းရင်းသိသော် သကြားမင်းလည်းမနေသာ မနုဿ ီဟရုပ်ထုတွင်းဝင်၍ဘီးလူးတို့ကို လိုက်လံဖမ်းဆီးလေသတည်း။

ဘီလူးတို့လည်း နောက်နောင် ဘယ်တော့မှ ထပ်ပြီး မလာရဲတော့ ပေ ။ ထိုအခါမှစ၍ သုဝဏ္ဏ ဘုမ္မိတွင် ဘီလူးရန် ကင်းလေသည်။
ထိုအပြင် တိုင်သူပြည်သား များလဲ ရတနာ သုံးပါးကို ကိုးကွယ် ဆည်းကပ် ခြင်းဖြင့်မကောင်း ဆိုးဝါးများ လုပ်ကြံခံရမှုမှ လွတ်မြောက်ကြောင်းမျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရာ တစ်တိုင်းပြည် လုံး ဗုဒ္ဓဘာသာဝင် များဖြစ်၍ဒါန သီလ ဘာဝနာ ကောင်းမှုများပြုကာ သုဝဏ္ဏဘူမိ သာသနာ ထွန်းကားလေတော့သတည်း။

ထိုမနုဿ ီဟ ရုပ်ကြီးများကိုလည်း မိစ္ဆာ ရန်ကို ဖယ်ရှား ပေးနှိုင်သော ရုပ်ထုကြီးအဖြစ် တင်စားသတ်မှတ် ကာ ယ္ခုတိုင် ဘုရားပုထိုး စေတီများတွင်ထွင်းထုပြုလုပ် ထားကြလေတော့သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*