ဆီးအရောင်က ပြောပြနေတဲ့ ကျန်းမာရေး အခြေအနေ

ခန္ဓာကိုယ်ရဲ့ စွန့်ပစ် ပစ္စည်းတစ်ခု ဖြစ်တဲ့ ဆီးအရောင်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေကို အကြမ်းဖျဉ်း ခန့်မှန်း နိုင်ပါတယ်။

၁။ ကြည်လင်တဲ့ အရောင်ရှိသော ဆီး – ရေကို လိုအပ်တာထက် ပိုပြီး သောက်သုံးမိနေကြောင်း ဖော်ပြ ပါတယ်။ ဘာ အန္တရာယ်မှ မရှိပါဘူး။

၂။ ကောက်ရိုးရောင်မှ ပယင်းရောင် ရှိသော ဆီး – အဝါရောင် ဖျော့ဖျော့ ရှိတဲ့ ဆီးက ကျန်းမာရေး ကောင်းမွန်ကြောင်း ဖော်ပြနေပြီး

အဝါရောင် ရင့်ရင့် ရှိတဲ့ ဆီးကတော့ ရေနှင့် အသီး အရွက်ကို ဦးစားပေး စားသင့်ကြောင်း ဖော်ပြနေပါတယ်။

၃။ ပန်းရောင် (သို့) အနီရောင် ရှိသော ဆီး – ဆရာဝန်နှင့် ပြသသင့်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဆီး လမ်းကြောင်း ပိုးဝင်ခြင်း၊

ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ စတဲ့ ရောဂါများတွင် တွေ့ရတတ်တဲ့ ဆီးအရောင် ဖြစ်ပါတယ်။

၄။ အညိုရောင် ဆီး – အလွန်အမင်း ရေဓာတ် ချို့ယွင်းနေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ရေများများ သောက်ဖို့နှင့် အသီး အရွက် များများ စားပေးဖို့ လိုအပ်ပါတယ်။

၅။ အစိမ်းရောင် (သို့) အပြာရောင် ဆီး – ဆိုးဆေးပါသော အစားအစာများ၊ အချို့သော အရောင်ကျဆေးနှင့် စိတ်ကျရောဂါအတွက် ဆေးဝါးများ သောက်သုံး နေသူများတွင် တွေ့ရတတ် ပါတယ်။

၆။ အမြှုပ်ပါသော ဆီး – ယင်းဆီး အမျိုးအစား ဖြစ်ပါက စားနေသော အစားအစာထဲတွင် အသားဓာတ် အလွန်ကျွံ ပါဝင်နေခြင်း သို့မဟုတ် ကျောက်ကပ်၏ ကျန်းမာရေး မကောင်းခြင်း တို့ကို ညွှန်ပြ နေပါတယ်။

စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်…

Be the first to comment

Leave a Reply

Your email address will not be published.


*