အိမ်မှာရှိတဲ့အိမ်သုံးပစ္စည်းတွေနဲ့ ခြင်တစ်ကောင်မှ မရှိတော့တဲ့အထိ သဘာဝအတိုင်း ခြင်တွေကို ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်းများ

ခြင်တွေက သေးငယ်ပေမယ့် အတင့်ရဲကြပါတယ်။ ခြင်ပျံ့နှံ့မှုများတဲ့နေရာတွေမှာ နေရတဲ့လူတိုင်း ခြင်တွေလျော့ပါးအောင် နည်းလမ်းရှာရတာလဲ ခက်ခဲလှပါတယ်။

အဲ့သေးငယ်တဲ့ အကောင်လေးတွေကပဲ ငှက်ဖျား၊သွေးလွန်တုပ်ကွေးနဲ့ အသားဝါရောဂါစတဲ့ သေစေနိုင်တဲ့ရောဂါများကို ဖြစ်ပွါးစေနိုင်ပါတယ်။ လူတိုင်း မလွဲမသွေကြုံရတာကတော့ ယားယံပြီး စိတ်တိုစရာကောင်းတဲ့ ခြင်ကိုက်ရာတွေပါပဲ။

ဈေးကွက်မှာဝယ်လို့ရတဲ့ ခြင်နိုင်ဆေးတွေက ခြင်တွေကို အထိုက်အသင့်လျော့ချနိုင်ပေမယ့် သူတို့မှာ ဓာတုပစ္စည်းများစွာပါဝင်နေတာကြောင့် လူနဲ့ပတ်ဝန်းကျင်အတွက် မသင့်လျော်ပါဘူး။ ဒါဆို သဘာဝအတိုင်း ခြင်တွေကို နှိမ်နင်းပေးမယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်နော်။

ပရုတ်ဟာဆိုရင် အိမ်နဲ့ အဆောက်အဦးပတ်ဝန်းကျင်မှာရှိတဲ့ခြင်တွေကို ဖယ်ရှားပေးနိုင်တဲ့ သဘာဝအိမ်သုံးပစ္စည်းတစ်မျိုးပါ။ ပရုတ်ရဲ့ ပြင်းတဲ့အနံ့က ခြင်တွေကို ဝေးဝေးပြေးစေပါတယ်။

လုပ်ရမှာကတော့ တံခါးအားလုံးပိတ်ပြီးပရုတ်ကို မီးရှို့ပေးပါ။ မိနစ်30 လောက်ကြာပြီးနောက်မှာတော့ ခြင်တစ်ကောင်မှ မရှိတော့တာကို သတိထားမိမှာပါ။

ကြက်သွန်ဖြူက ခြင်တွေကို ဝေးဝေးပြေးစေနိုင်တဲ့ဂုဏ်သတ္တိများစွာ ပိုင်ဆိုင်ထားပါတယ်။ ကြက်သွန်ဖြူအနည်းငယ်ကို ကြိတ်ပြီး ပြုတ်ထားပေးပါ။ အဲ့အရည်ကို စပရေးဘူးထဲထည့်ပြီး အခန်း၊ ဂိုဒေါင်စတဲ့နေရာတွေမှာဖြန်းပေးပါ။ အဲ့အရည်ဟာဆိုရင် ခြင်တွေကို အလွယ်တကူသတ်နိုင်ပါတယ်။

အဲ့ကြက်သွန်ဖြူအနံ့က မိနစ်အနည်းငယ်အကြာမှာ ပျောက်သွားမှာမလို့ အခန်းတွေ ကြက်သွန်ဖြူစော်နံမှာ စိုးရိမ်စရာမရှိပါဘူးနော်။အိမ်တိုင်းမှာ ရှိတတ်တဲ့ ကော်ဖီမှုန့်အကြမ်းက ခြင်တွေကို ဖယ်ရှားပေးနိုင်တဲ့ အိမ်သုံးပစ္စည်းတွေထဲက တစ်ခုပါ။

ရေသေရေပုပ်တွေက ခြင်တွေတိုးပွါးစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်တာကြောင့် အဲ့ရေတွေထဲ ကော်ဖီမှုန့်ထည့်ပေးခြင်းက ခြင်ဥတွေကို အောက်ဆီဂျင်မရစေပဲ သေစေပါတယ်။

ခြင်တွေက ပူစီနာ (သို့) ပူဒီနာအနံ့ကိုလဲ မုန်းပါသေးတယ်။ ပူစီနာအစိမ်း (သို့) အဆီကို မိမိပတ်ဝန်းကျင်မှာ ထားပေးတာကလဲ ခြင်တွေကို ဝေးဝေးပြေးစေပါတယ်။ ပူစီနာပင်စိုက်ပေးလို့လဲရပါတယ်။

အရက်၊ဘီယာတွေရဲ့အနံ့ကိုလဲ ခြင်တွေ မခံနိုင်ပြန်ပါဘူး။ ဘီယာ (သို့) အရက်တစ်ခွက်ကို အခန်းထဲ ထားပေးခြင်းဖြင့် ခြင်တွေကို ဝေးဝေးပြေးစေမှာ သေချာပါတယ်။

ပင်စိမ်းရွက်က ခြင်သားလောင်းတွေကို သတ်နိုင်တယ်လို့ လူသိများကြပါတယ်။ ပင်စိမ်းပင်ကို အိမ်ရှေ့ (သို့) အိမ်နောက် စိုက်ထားပေးရုံပါပဲ။ ခြင်တွေဖယ်ရှားဖို့ ပင်စိမ်းဆီ ဖြန်းပေးလို့လဲ ရတယ်နော်။

စာဖတ်သူမိဘပြည်သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

ဒီလိုဆိုရင်တော့ ခြင်တွေကို အမြစ်ဖြတ်နိုင်မယ့်နည်းတွေလဲ သိပြီထင်ပါတယ်နော်။အသုံးဝင်တဲ့ နည်းလမ်းတွေနဲ့ ဗဟုသုတရစရာတွေကိုအခြားသူများလည်းသိစေရန်ပြန်လည်မျှဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်….

Be the first to comment

Leave a Reply

Your email address will not be published.


*