
ချစ်သူစုံတွဲတွေ တစ်ဦးကိုတစ်ဦး ချစ်ကြတယ်ဆိုတာ ကွဲပြားမှု၊ ကွာခြားမှုလေးတွေတော့ ရှိနေတတ်ကြပါတယ်။ တကယ်ကို ချစ်ခင်စုံမက်တဲ့အတွဲတွေ ဆိုရင်တော့ ခုပြောပြပေးမယ့် အချက်ကလေးတွေ ကို သေချာခံစားနေရကြရပြီး ငါတို့ဘယ်တော့မှ လမ်းခွဲဖြစ်တော့မှာ မဟုတ်ဘူးလို့ စိတ်ကကြိုသိနေပါတယ်။ အဲ့ဒီစိတ်ခံစားမှုလေးတွေက ဘာတွေများဖြစ်မလဲဆိုတော့
၁။သူ့ထက်ကောင်းတဲ့သူ ရှိပါ့ဦးမလားလို့ တွေးမိခြင်း။
၂။ကိုယ်ကအီစီကလီ လုပ်တတ်တဲ့ လူမျိုးဆိုရင်တောင် သူနဲ့တွဲပြီးကတည်းက အဲ့ဒါတွေ မလုပ်ဖြစ်တော့ခြင်း။
၃။သူပျော်ရွှင်ဖို့ဆို ကိုယ့်ကို သူဘာမှပြန်မလုပ်ပေးရင် နေပါစေ၊ သူ့အတွက်သာ စဉ်းစားလုပ်ဆောင်ပေးတတ်ခြင်း။
၄။ဘယ်သူကိုမှ မဖွင့်ဟဖြစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေ ပြောပြေဖြစ်ခြင်း။
၅။နှစ်ဦးသား အတူ လုပ်ဆောင်တတ်ခြင်း။
၆။ပြသနာတွေရှိနေရင်တောင် အမြဲတမ်း ဖြေရှင်းနိုင်သွားကြပြီး နောက်ထပ်ဒီလိုပြသနာမျိုး မဖြစ်အောင် ဂရုစိုက်တတ်ခြင်း။
၇။တစ်ခြားတစ်ယောက်ပြောင်းဖို့ နည်းနည်းမှ မတွေးမိခြင်း။
၈။သူဟာ သင့်ကောင်းကျိုးကို အမြဲမျှော်လင့်ကာ ကူညီလုပ်ဆောင်ပေးတတ်ကြောင်း သင်လက်ခံသိနေခြင်း။
၉။အချိန်ကြာလေ နားလည်မှုပိုမိုခိုင်မြဲကာ နှစ်ဦးသားအတူ ရွှေလက်တွဲနိုင်မယ်ဆိုတာ ယုံကြည်လာခြင်း။
၁၀။အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားနိုင်လာပြီး ဒါဟာ သူ့ကြောင့်လည်း ပါတယ်ဆိုတာ လက်ခံနားလည်ခြင်း။
၁၁။မကြာခဏကို ရယ်မောနေမိခြင်း၊ ပျော်ရွှင်မှုကို ခံစားနေရခြင်း။
၁၂။ကိုယ့်ရဲ့ အားနည်းချက်တွေကို သူရှေ့မှာ ဖုံးကွယ်နေစရာ မလိုခြင်း။
၁၃။တစ်ဦးအကျိုး တစ်ဦးမျှော်ကိုးကာ လက်တွဲလုပ်ဆောင်တတ်ခြင်း၊ ငါက ဦးဆောင်မယ်၊ သူက အနိုင်ရတယ်ဆိုတာမျိုးတွေ မရှိခြင်း။
၁၄။နှစ်ဦးသားအတူ အသက်တွေရတဲ့အထိ နေထိုင်သွားမယ်လို့ တွေးလိုက်တာနဲ့ ကြည်နူးပြုံးပျော်နေမိခြင်း။
၁၅။နေ့တိုင်းကို ငါကံကောင်းတယ်လို့ ခံစားနေရခြင်း … စတာတွေပဲ ဖြစ်ပါတယ်။
Leave a Reply