ဇနီးတွေရဲ့စိတ်ကို နားမလည်တဲ့ ခင်ပွန်းများ ဖတ်ဖို့…

မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ်ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့တစ်ဘဝသာ ဖြတ်သန်းဖို့အတွက်လက်ထပ်လိုက်ကြတာပါ

လက်ထပ်လိုက်တဲ့အခါ သူမအပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့်ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီးဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။

မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်းမရှိပဲအဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ်အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကိုထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။

လက်မထပ်ခင်က အိမ်ကမင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှမလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာပြုစုကြ ပါလိမ့်မယ်။

သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကိုကိုယ်တိုင်ကိုယ်ကျလျှော်ဖွတ်မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။

အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်းပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ယောကျာ်းအတွက် သားသမီးရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။

နာနီတစ်ယောက်လို လခတွေမရပေမဲ့လည်းသူမချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ်ညမအိပ် ပိုးမွေးသလိုကျွေးမွေးစောင့်ရှောက်ပေးပါလိမ့်မယ်။

သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန်မရှိတော့လို့ သူများမိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ။

မိန်းမတွေဒီလိုအစွန့်လွှတ် အနစ်နာခံပေးလိုက်ရတာကသူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး။သူမချစ်တဲ့ ယောကျာ်းတစ်ဦးတစ်ယောက်အတွက်သာဒီလိုမျိုးဆောင်ရွက်အနစ်နာ ခံပေးနိုင်တာပါ။

ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ ၊တခြားကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားမယ်ဆိုရင် သင်ဟာဘယ်လိုယောက်ျားမျိုးဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်သာတွေးကြည့်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*