သင်မထင် ထားတဲ့ ရွှေဝတ်ဆင်ခြင်းက ကျန်းမာရေး ကို အကျိုးပြုနိုင် သည့် အ ချက် (၅) ချက်

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတော့ လူတွေ ရဲ့အလှအပ တန်ဆာအဖြစ် ရွှေနဲ့တန်ဆာဆင်ကြသလို ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ရယ် မရှိဘဲ ဆွဲဆောင်မှုရှိဖို့သက်သက်သာ ဝတ်ဆင်တတ်ကြပါတယ်။

ခေတ်သစ် ယဉ်ကျေးမှုမှာတော့ ရွှေလက်ဝတ် ရတနာတန်ဆာအဖြစ်ကျန်ရှိနေတာတွေ့နိုင်သေး သလိုပဲ အလှအပ နဲ့ ကျန်းမာရေးအတွက် ထိရောက်မှုရှိစွာ အကျိုးရှိ တာကိုပါ သိလာကြပါတယ်။ရှေးခေတ်တွေတုန်းကတော့ ရွှေက ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာအတွက်လည်း အသုံးဝင်တယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ လူတွေရဲ့ကျန်းမာရေးအတွက် ကောင်းတဲ့ဘက်က အကျိုးသက်ရောက်မှုရှိပါတယ်။

ရွှေကို သာမန်ကျန်းမာရေးပြဿနာလေးတွေ မှာလည်း အသုံးပြုနိင် ပါတယ်။

အနည်းဆုံးတော့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိတွေ့သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ရွှေက ကျန်းမာရေး အတွက် ဘယ်လိုအကျိုးရှိစေသလဲ ဖတ်ကြည့် လိုက်ရအောင်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတော့ လူတွေ ရဲ့အလှအပ တန်ဆာအဖြစ် ရွှေနဲ့တန်ဆာဆင်ကြသလို ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ရယ် မရှိဘဲ ဆွဲဆောင်မှုရှိဖို့သက်သက်သာ ဝတ်ဆင်တတ်ကြပါတယ်။

ခေတ်သစ် ယဉ်ကျေးမှုမှာတော့ ရွှေလက်ဝတ် ရတနာတန်ဆာအဖြစ်ကျန်ရှိနေတာတွေ့နိုင်သေး သလိုပဲ အလှအပ နဲ့ ကျန်းမာရေးအတွက် ထိရောက်မှုရှိစွာ အကျိုးရှိ တာကိုပါ သိလာကြပါတယ်။

ရှေးခေတ်တွေတုန်းကတော့ ရွှေက ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာအတွက်လည်း အသုံးဝင်တယ်လို့ ယုံကြည် ခဲ့ကြပါတယ်။ လူတွေရဲ့ကျန်းမာရေးအတွက် ကောင်းတဲ့ဘက်က အကျိုးသက်ရောက်မှုရှိပါတယ်။

ရွှေကို သာမန်ကျန်းမာရေးပြဿနာလေးတွေ မှာလည်း အသုံးပြုနိင် ပါတယ်။

အနည်းဆုံးတော့ အဆိပ်အတောက်ဖြစ်စေတဲ့ အရာမဟုတ်ဘဲ နှစ်ပေါင်းများစွာ ထိတွေ့သည့်တိုင်အောင် ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

ရွှေက ကျန်းမာရေး အတွက် ဘယ်လိုအကျိုးရှိစေသလဲ ဖတ်ကြည့် လိုက်ရအောင်။

၁) အဆစ်အမြစ်ရောင်ရမ်းခြင်း လက္ခဏာများအတွက် ကုသနိုင်ခြင်း

အဆစ်အမြင်ရောင်ရမ်းတဲ့ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ခံစားရတဲ့အခါ ရွှေကို အသုံးပြုကြတယ်လို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။

၂၄ကာရတ်ရှိတဲ့ ရွှေကို အရေပြားမှာ တိုက်ရိုက် ထိတွေ့စေခြင်းက အဆစ်အမြစ်ရောင်ရောဂါတွေ သိသာစွာ သက်သာမှုရှိလာပါတယ်လို့ သုတေသီများကဆိုကြပါတယ်။

၂) ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုနာကျင်ခြင်းအတွက် ကုသနိုင်ခြင်း

ခန္ဓာကိုယ်အစိတ်အပိုင်း တခုခုနာကျင်ခြင်း၊ အနာတရဖြစ်ခြင်း ကြုံတဲ့ အခါ ရွှေနဲ့ ပွတ်လိမ်းခြင်းက အနာကို သက်သာစေတယ်လို့ ဆိုကြပါတယ်။

ရွှေရဲ့သဘာဝအရ သွေးကြောတွေကို ပြေလျော့ သက်သာစေနိုင်ပြီး သွေးစီးဆင်းမှုကို ပိုပြီးကောင်းမွန်စေပါတယ်။

အဲဒါကြောင့် ခန္ဓာကိုယ်မှာ သွေးလှည့်ပတ်မှုပိုကောင်း လာလို့ ခန္ဓာကိုယ်က အစိတ်အပိုင်းတွေမှာ အောက်ဆီဂျင်ပိုရလာစေပါတယ်။

၃) ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း

ရွှေက ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်စေပါတယ်။ ခန္ဓာကိုယ် ရဲ့အပူချိန် မျှတတဲ့အခါ လူတစ်ယောက်ရဲ့ခုခံစွမ်အားလည်း ပိုတိုးလာစေပါတယ်။

အဲဒါကြောင့် သာမန်ဖျားနာခြင်း၊ နှာချေခြင်း၊ အအေးပတ်ခြင်း၊ ညဘက်ချွေးစေးထွက်ခြင်း နဲ့ အပူကြီးခြင်းများကို ကူညီပေးနိုင်ပါတယ်။

၄) အရေပြားကျန်းမာရေး ထိန်းသိမ်းဖို့ အသုံးဝင်ခြင်း

ရှေးခေတ် အီဂျစ်ဘုရင်မ ကယ်လီယို ပတ်ထရာက သန့်စင်တဲ့ရွှေနဲ့ သူမရဲ့အရေပြားကို နုပျိုနေအောင် ထိန်းသိမ်းခဲ့တယ်လို့ ဆိုကြပါတယ်။

ရှေးခေတ် ရောမအင်ပါယာတွင် ရွှေကို အမျိုးမျိုးသော အရေပြား ကျန်းမာရေးနဲ့ ကူးစက်မှုတွေအတွက် ကုသဖို့ အသုံးပြုခဲ့ကြတယ်လို့ သိရပါတယ်။

ရွှေရဲ့ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုကြောင့် အရေပြားအတွက် အကျိုး ရှိစေပါတယ်။

ဒီနေ့ခေတ်မှာ ဆိုရင်လည်း တစ်ချို့သော ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန် အချို့မှာ သန့်စင်တဲ့ရွှေကို ထည့်သွင်းအသုံးပြုလာကြပါတယ်။ အရေပြားတောက်ပမှုနဲ့ လှပမှုအတွက် ရွှေကို အသုံးပြုလာကြပါတယ်။

၅) ကိုယ့်ကို ကိုယ်ပိုပြီး တန်ဖိုးရှိလာသလို ခံစားရစေခြင်း

လူအတော်များများက သန့်စင်တဲ့ရွှေကို နှစ်သက် တတ်ကြပါတယ်။ ဖက်ရှင်အမြင်နဲ့ပဲဖြစ်ဖြစ် အဆင်တန်ဆာအနေ နဲ့ပဲဖြစ်ဖြစ် ရွှေကို ဝတ်ဆင်ထားသူ၊

ပိုင်ဆိုင် ထားသူအနေနဲ့ သူတို့ ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာသလို ခံစားရစေပါတယ်။ အချို့ကတော့ သူတို့ပိုင်ဆိုင်တဲ့ရွှေထည်ပစ္စည်းတွေကို မြင်ရတာနဲ့တင် ပျော်နေတတ်ကြပါတယ်။

အမှန် တကယ်တော့ ထိုခံစားချက်က ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှုရှိလာခြင်း၊ ပိုတန်ဖိုးထားတတ်လာခြင်း၊ ပိုတန်ဖိုးရှိလာသလိုခံစားတတ်လာခြင်း၊

ပျော်ရွှင်တတ်လာခြင်း စတဲ့ခံစားချက်တွေကြောင့်ပဲ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တာပေါ့။ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို အကောင်းဘက်ကို ပြောင်းလဲပေးနိုင်တာပေါ့။

အဲဒါကြောင့် ရွှေကို အရင်းအနှီးတစ်ခုအနေ နဲ့ စုဆောင်းထားခြင်းက သင့်အတွက် စိတ်ပိုင်းဆိုင်ရာခံစားချက်လည်း ပိုကောင်းမွန်စေနိုင်သလို၊ စီးပွားရေး အတွက် အရင်းအနှီးလည်း ဖြစ်စေပါတယ်။

အားလုံးပဲ ရွှေများ ကိုဖောဖောသီသီ ဝတ်စားဆင်ယင်နိုင်ပြီး ကိုယ်၏ ကျန်းမားခြင်း စိတ်၏ ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမနွ်ကောင်းတောင်းပေး လိုက်ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*