ပင်ပန်းနွမ်းနယ်နေချိန်မှာ လုံးဝမပြုလုပ်သင့်တဲ့ အရာတွေ

အခုလို ရာသီဥတု အပူရှိန်ပြင်းထန်တဲ့ ကာလမျိုးမှာ အလိုလိုနေရင်းကို ပင်ပန်းနွမ်းနယ်နေတဲ့ ခံစားမှုမျိုးကို ခံစားနေရမှာပါ။ ရာသီဥတုကြောင့်ရော လုပ်ငန်းခွင်မှာ တနေကုန် အလုပ်လုပ်နေရတာကြောင့်ရောပါ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုခံစားရနိုင်ပြီး အဲဒီလိုအချိန်မျိုးမှာ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ အနားပေးသင့်ပါတယ်။ ဒါကြောင့်မို့လို့ ပင်ပန်းနွမ်းနယ်နေတဲ့ အခါမျိုးမှာ လုံးဝမလုပ်သင့်တဲ့ အရာတွေကို ဖော်ပြပေးချင်ပါတယ် ပျိုမေတို့ရေ…

(၁) ကဖင်းဓာတ်ပါတဲ့အရည်တွေ သောက်သုံးတာမျိုးကို ရှောင်ပါ


ပင်ပန်းပြီး ခန္ဓာကိုယ်က မလှုပ်ချင်မကိုင်ချင်လောက်အောင် နွမ်းနယ်နေချိန်မျိုးမှာ ကော်ဖီသောက်တာ၊ ကဖင်းဓာတ်ပါဝင်တဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည် သောက်တတ်ကြပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ အရည်တွေဟာ ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေနိုင်တယ်လို့ ထင်ရပေမယ့် ဒါဟာ ခဏတဖြုတ်သာဖြစ်ပြီး ခန္ဓာကိုယ်တွင်းရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) နေ့ခင်းဘက် အချိန်ကြာကြာ အိပ်တာမျိုး မပြုလုပ်ပါနဲ့

ပင်ပန်းနေတယ်ဆိုပြီး အိပ်ရာထဲပစ်ဝင်၊ ခဏတဖြုတ်အိပ်လိုက်တာမျိုးက ပင်ပန်းတာတွေကို သက်သာစေနိုင်တယ်ဆိုပေမယ့် တနေကုန်နီးပါး အချိန်ကြာကြာ အိပ်စက်တာမျိုးကတော့ အိပ်ရာကနိုးတဲ့အခါ လန်းလန်းဆန်းဆန်းမရှိတာ၊ ခေါင်းမကြည်တာနဲ့ လေးလံထိုင်းမှိုင်းတာမျိုးတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ခင်းဘက် အချိန်အကြာကြီး အိပ်တာမျိုးတွေကို မပြုလုပ်သင့်ပါဘူး။

(၃) လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုးတွေကို ရှောင်ပါ

ပင်ပန်းနွမ်းနယ်နေချိန်မျိုးမှာ ကောင်းမွန်စွာ အနားယူပေးသင့်တာမျိုးသာ ပြုလုပ်ပေးသင့်ပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာ၊ ချွေးအလွန်အကျွံထွက်စေတဲ့ အားကစားပြုလုပ်တာ စတာမျိုးတွေကို ရှောင်သင့်ပါတယ်။

(၄) အသင့်စားအစားအစာတွေ စားတာမျိုးကို ရှောင်ကြဉ်ပါ

အသင့်စားအစားအစာတွေကို ပုံမှန်အချိန်မှာ စားတာမျိုးက သိပ်ပြဿနာမရှိပေမယ့် ပင်ပန်းနေချိန်မျိုးမှာတော့ လုံးဝမစားသင့်ပါဘူး။ အသင့်စား အစားအစာတွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုဆိုးရွားစေတာကြောင့် လတ်ဆတ်တဲ့ အသီးအနှံတွေ၊ ရေများများသောက်ပေးတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*