အချိန် အတိုင်းအတာ တစ်ခုထိပဲသုံးဆွဲရ မည့် အရာတွေ…

ခေါင်းအုံးတွေကို အများဆုံး ၃ နှစ် လောက်အထိသာ အသုံးပြုသင့်ပါတယ်။ ခေါင်းအုံးဟာ ၂ နှစ်၊ ၃ နှစ်လောက်ကြာပြီး တဲ့နောက် လည်ပင်းအတွက် သင့်လျော်တဲ့ ပျော့ပျောင်းမှု မရှိတော့ တာကြောင့် လည်ပင်းနာကျင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ ပန်းကန်ဆေးတဲ့ ရေမြှုပ်တုံးများ
ပန်းကန်ဆေးတဲ့ ရေမြှုပ်တုံး တွေကိုလည်း အနည်းဆုံး ၂ ပတ် ကနေ အလွန်ဆုံး ၁ လ ထက်ပိုမသုံးသင့်ပါဘူး။

၃။ ရေချိုးတဲ့အခါသုံးတဲ့ ဖော့


ရေချိုးတဲ့အခါ ကိုယ်ခန္ဓာ ကို ကြေးညှော်တိုက်ချွတ်ဖို့ အသုံးပြုတဲ့ ဖော့ကို ၆ လ တစ်ကြိမ် လဲလှယ်ပေးသင့်ပါတယ်။

၄။ တဘက်များ
မျက်နှာသုတ် ကိုယ်သုတ် တဘက်တွေ ကို ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားထား အလွန်ဆုံး ၃ နှစ်လောက် အထိသာ အသုံးပြုသင့်ပါတယ်။ ဖြစ်နိုင်ရင် ၁ နှစ်တစ်ကြိမ် အသစ်လဲပေးသင့်ပါတယ်။ ကြာလာလေလေ ဘက်တီးရီးယားတွေ ပိုများလာလေလေ ဖြစ်တဲ့ အတွက် အရေပြားအတွက် မကောင်းပါဘူး။

၅။ သွားတိုက်တံ

သွားတိုက်တံကိုတော့ ၃ လ တစ်ကြိမ်လဲသင့်ပါတယ်။

၆။ အမွှေးအကြိုင်ပစ္စည်းများ

ဆေးဖက်ဝင် ဟင်းခတ် အမွှေးအကြိုင်တွေကို နည်းအမျိုးမျိုးနဲ့ အသုံးပြုပါတယ်။ ဖာလာစေ့၊ နာနတ်ပွင့်၊ စမုန်စပါး စတဲ့ ပစ္စည်းတွေဟာ အမှုန့်မကြိတ်ထားဘူးဆိုရင် ၃ နှစ်လောက် အထိ ထားနိုင်ပေမယ့် အမှုန့်ကြိတ်ထားတာတွေ ဆိုရင် ၆ လ ကျော်ရင် မသုံးစွဲသင့်ပါဘူး။ မှိုတွေ ပါဝင်နိုင်ပါတယ်။

၇။ ဂျုံမှုန့်

ပုံမှန်အားဖြင့် ဂျုံမှုန့်တွေကို လည်း ၁ နှစ် အတွင်းမှာ အသုံးပြုနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

၈။ မီးသတ်ဆေးဘူး

မီးသတ်ဆေးဘူးရဲ့ သက်တမ်းက ၁၅ နှစ်ဖြစ်ပါတယ်။

၉။ ပိုးသတ်ဆေး၊ ခြင်ဆေး

ခြင်ဆေးဖျန်းဗူး နဲ့ အိမ်သုံး ပိုးသတ်ဆေးဗူး တွေရဲ့ သက်တမ်းကတော့ ၂ နှစ် ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*