
ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ (ရှယ်ပြီးသိမ်းထား။ တစ်နေ့ အသုံးလိုပါလိမ့်မယ်။)
မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ
ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။
အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။
ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း
သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။
ဟင်းအိုး ဆားငံသွားလျှင်
နီရဲနေသော မီးခဲကို ငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။
ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း
ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။
ဘောလ်ပင် မှင်မလိုက်လျှင်
အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။
ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်
ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။
ရေခဲတုံး တာရှည်ခံအောင်ထားနည်း
သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။
ဆံပင်များ မကျွတ်စေရန်
ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။
ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း
ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။
ငွေထည်ပစ္စည်းများ အရောင်တင်နည်း
အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။
ရွှေထည်များ အရောင်တင်ရန်
ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။
မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း
အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။
အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်
သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။
သံပုရာသီး အရည်ပိုထွက်စေရန်
မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။
နှင်းခူ အစို/အခြောက် ပျောက်လိုသော်
ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။
သန်းများ သေစေသောနည်း
ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။
ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း
ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။
အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်
ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။
ရှောက်သီးများ တာရှည်ခံအောင်ထားနည်း
ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။
ကြွက်များ မလာစေရန်
ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။
ပုရွက်ဆိတ်များ မလာစေရန်
သခွားသီးအခွံများ ချထားလိုက်ပါ။
ပိုးဟပ်များ မလာစေရန်
လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။
မြွေများ မလာစေရန်
ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။
ကြက်သားအရိုးပျောက်ချက်နည်း
ထန်းရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။
ငါးသလောက် အမြန်နူးစေသောနည်း
ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။
ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်
တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။
မျက်နှာ အဆီမပြန်လိုပါက
မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။
ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်
ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။
ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်
စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။
ညှောင့် / ဆူးစူးလျှင်
ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။
ကြွက်နို့ ပျောက်စေသောနည်း
ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။
ဝက်ခြံပျောက်စေသောနည်း
ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။
နွားနို့ မချဉ်အောင်ထားနည်း
ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။
မျက်နှာပေါင်းတင်နည်း
ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။
အပူလောင်သော်
၁။ သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ။
၂။ ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ။
ရှယ်ပြီး သိမ်းထားပါ လိုချင်လျှင် ရှာရလွယ်ပါမည်
Credit
Leave a Reply