ဒေါ်လာ (၂) သန်းတန် ဂီတာ မမြင်ဖူးရင် ကြည့်ထားပါ

ဂီတာ တစ်လုံးရဲ့တန်ဖိုးဟာ ဒေါ်လာနှစ်သန်း အထိ ရှိနေတာကြောင့် မယုံကြည်နိုင်သူတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီဂီတာဟာ အပြင်မှာ တကယ်ရှိနေပြီး အဖိုးတန်စိန်၊ ရွှေတွေနဲ့ ပြုလုပ် ထားတာကြောင့် ဈေးအကြီး ဆုံး ဂီတာအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။

ဂီတာတွေကို ပြုလုပ်တဲ့ ဂစ်ဆင် ကုမ္ပဏီနဲ့ လက်ဝတ်ရတနာ ပညာရှင်တို့ ပူးပေါင်း ဖန်တီးထားခြင်း ဖြစ်ပြီး၊ အီဒင်ကော်နက်လို့ အမည် ပေးထားပါတယ်။ ဒီဂီတာမှာ အဖိုးတန် စိန်ပွင့်ပေါင်း (၄၀၀) ကျော် ပါဝင်ပြီး ရွှေတွေနဲ့ ပေါင်းစပ်ပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဂီတာကို ဖန်တီးရာမှာ လူပေါင်း (၆၈)ဦးပါဝင်ခဲ့ပြီး စုစုပေါင်း ရက် (၇၀၀) ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဂစ်ဆင် ကုမ္ပဏီက တာဝန်ရှိသူ တစ်ဦးကတော့ အံ့အားသင့်စရာ ကောင်းတဲ့ ဂီတာကို ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီဂီတာကို တရုတ်နိုင်ငံက မြို့ကြီးတွေမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။


ဒီဂီတာကို ဆွစ်ဇာလန် နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လက်ဝတ်ရတနာ ပြိုင်ပွဲမှာ မိတ်ဆက် ပြသခဲ့တာ ဖြစ်ပြီး စိတ်ဝင်စားမူ ရရှိခဲ့ပြီး ဂင်းနစ်စံချိန် ပြုစုရေးအဖွဲ့က ဈေးအကြီးဆုံး ဂီတာ ဖြစ်ကြောင်း တရားဝင် အသိအမှတ် ပြုပေးခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*