အသင့်စားခေါက်ဆွဲထုပ်တွေစားမယ်ဆိုရင် ဒီအန္တရာယ်တွေလည်းမမေ့သင့်

လူတိုင်းရဲ့ ဘဝမှာ တစ်ခါတော့ အသင့်စားခေါက်ဆွဲပြုတ်စားခဲ့ဖူးမှာသေချာပါတယ်။လူအများစုကတော့ ခေါက်ဆွဲပြုတ်ကိုမက်မက်မောမောစားတတ်ကြပြီး တစ်ချို့ကတော့လွယ်လင့်တကူအမြန်ရတဲ့အစားအစာဖြစ်လို့စားကြပါတယ်။နှစ်စဉ်နှစ်တိုင်းမှာလည်းခေါက်ဆွဲခြောက်ထုပ်တွေရဲ့ရောင်းအားက အမြဲတိုးတက်လာတာကိုလေ့လာတွေ့ရှိရပါတယ်။


ဈေးသက်သာတယ်။တာရှည်ခံတယ်။အချိန်မကုန်ဘူး။အရသာရှိတယ်စတဲ့အချက်တွေနဲ့ဆွဲဆောင်ထားတဲ့ခေါက်ဆွဲခြောက်ထုတ်တွေဟာကျန်းမာရေးအတွက်အန္တရာယ်ရှိနိုင်တယ်ဆိုတာကိုလည်းမေ့ထားလို့မရပါဘူး။အသင့်စားခေါက်ဆွဲခြောက်ထုတ်တွေဟာ ကာဗွန်ဟိုက်ဒရိတ်များပြားပြီးအဆီတွေပြည့်ဝနေပါတယ်။ဗိုက်ပြည့်စေပေမဲ့ အာဟာရမပြည့်ဝစေပါဘူး။ဒီလိုခေါက်ဆွဲခြောက်တွေရဲ့အန္တရာယ်ကို အကြိမ်ပေါင်းများစွာလည်းလေ့လာတွေ့ရှိပြီးပါပြီ။
ဟားဗက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာဆိုရင်လည်း ဒီလို ခေါက်ဆွဲခြောက်တွေအမြဲစားလေ့ရှိသူဟာ သွေးဖိအားဆောင့်တက်တာ၊သွေးထဲသကြားဓာတ်များပြားလာတာ၊နှလုံးရောဂါ၊လေဖြတ်တာနဲ့ဆီးချိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိထားပါတယ်။ဒါ့အပြင် အလွယ်တကူဖျားနာတာတွေလည်းဖြစ်လာတတ်ပါတယ်တဲ့။


အထူးသဖြင့်အသင့်စားခေါက်ဆွဲခြောက်တွေအမြဲစားနေမယ်ဆိုရင် နှလုံးနဲ့လေဖြတ်ရောဂါကို အများဆုံးဖြစ်လာစေတယ်လို့သိရပါတယ်။Tertiary-butyl hydroquinone (TBHQ) လို့ခေါ်တဲ့ အနံ့အရသာဖြည့်ပေးတဲ့အရာဟာ ကျန်းမာရေးကိုအများကြီးထိခိုက်စေပါတယ်။၂၀၁၂ ဇွန်လတုန်းကလည်း Korea Food and Drug Administration ဌာနအဖွဲ့အစည်းက ကင်ဆာဖြစ်စေနိုင်တဲ့အရာတစ်ခု နာမည်ကျော်ခေါက်ဆွဲထုတ်အမျိုးအစား ၆မျိုးမှာပါဝင်နေကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်တဲ့။


ဒီလိုကျန်းမာရေးအတွက်ဆိုးကျိုးတွေအများကြီးရှိတဲ့ခေါက်ဆွဲခြောက်ကိုစားဖို့လုပ်မယ်ဆိုရင် နှစ်ခါပြန်စဉ်းစားပါ။ဖြစ်ပွားနိုင်တဲ့အန္တရာယ်တွေကိုသတိရပါ။အလွန်အကျွံစားမိရင်မကောင်းသလို တစ်ခါတစ်လေထက်လည်းပိုပြီးမစားသင့်တဲ့အသင့်စားအစားအစာရဲ့ရန်ကို သတိနဲ့ကာကွယ်ထိန်းချုပ်နိုင်ပါစေ

 

Be the first to comment

Leave a Reply

Your email address will not be published.


*