တစ်ခါတည်းနဲ့ သိသိသာသာ ဖြူဝင်းသွားစေမယ့် DIY သွားတိုက်ဆေးများ

သွားတွေဝါကျင့်ကျင့်ဖြစ်နေလို့ စိတ်ချလက်ချ မပြုံးရဲတော့ဘူးလား။ ဒါဆိုရတော့ တစ်ခါတိုက်ရုံနဲ့ သိသိသာသာဖြူဝင်းစေမယိ့ အိမ်တွင်းသွားတိုက်ဆေးလုပ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မုန်လာဥနီ


မုန်လာဥနီဟာ Vitamin A ပါဝင်တဲ့အတွက် သွားကိုဖြူဝင်းစေပြီး အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် သဘာဝရဲ့သွားတိုက်တံအဖြစ်လည်း စွမ်းဆောင်ပေးပါသေးတယ်။

အသုံးပြုနည်း- မုန်လာဥနီကို ကြိတ်ပြီး သွားတိုက်ဆေးနဲ့ ခပ်ပျစ်ပျစ်ရောပြီး တိုက်နိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ

Baking soda လို့ခေါ်တဲ့ မုန့်ဖုတ်ဆိုဒါဟာ အသားအရေမည်းညစ်ခြင်းတွေကို ပျောက်စေတဲ့အပြင် သွားဝါညစ်ခြင်းကိုလည်း သက်သာစေပါတယ်။

အသုံးပြုနည်း- မုန့်ဖုတ်ဆိုဒါ၊ သံပုရာရည် အနည်းငယ်ညှစ်ပြီး သွားတိုက်ဆေးနဲ့ရောပြီး သွားတိုက်ပါ။

မီးသွေးမှုန့်

မီးသွေးနဲ့ သွားတိုက်ရင် သွားဖြူတယ်ဆိုပြီး ရှေးကတည်းက အယူအဆရှိပါတယ်။ မီးသွေးသွားတိုက်ဆေးတို့၊ မီးသေးသွားပွတ်တံတို့ ဈေးကွက်မှာ ရှိနေတာသာ ကြည့်တော့။

အသုံးပြုနည်း- မီးသွေးခဲနဲ့လည်း သွားတိုက်ရိုက်တိုက်နိုင်သလို မီးသွေးမှုန့်ကို သွားတိုက်ဆေးနဲ့လည်း ရောတိုက်နိုင်ပါတယ်။

ဆနွင်း

ဆနွင်းဟာ သွားတွေကိုဖြူဝင်းစေတဲ့ အပြင်ကိုမှ သွားဖုံးယောင်ခြင်း၊ ပိုးဝင်ခြင်း၊ သွားအခေါင်းပေါက်ဖြစ်ခြင်းတွေကို ကာကွယ်ပေးပါသေးတယ်။

အသုံးပြုနည်း- သွားတိုက်ဆေးနဲ့ ဆနွင်းမှုန့်ကို နှစ်ဖြစ်တဲ့အထိ သမအောင်မွှေကာ သွားသေချာတိုက်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*