ဆင်းရဲ လွန်းသော်လည်း လူ့အသက်နှစ်ထောင်ခန့် ကိုကယ်တင်လိုက်နိုင် တဲ့ သားအဖ

ဆင်းရဲလွန်းသော် လည်း လူ့အသက်နှစ်ထောင်ခန့်ကို ကယ်တင်လိုက်နိုင်တဲ့ သားအဖမလေ (၁၅) ရက်နေ့က အိန္ဒိယနိုင်ငံ တြိပူရပြည်နယ် အမ်ဘက်ဆာမြို့မှ ဆွာပန်ဒက်ဘားမားဆိုသူ အမျိုးသား တစ်ဦးနှင့် သမီးဖြစ်သူဆိုမာတီတို့သည် ရထားလမ်းအားဖြတ်ကူးစဉ် မိုးသည်းထည်စွာရွာသွန်း မှုကြောင့် မြေပြိုကျပြီး ရထား လမ်းပိုင်းများပျက်စီးနေကြောင်း တွေ့ရှိခဲ့ကြလေသည်။

ထို့ကြောင့် ရထားတစ်စင်းဦးတည် ခုတ်မောင်းလာနေသောအခါ ပျက်စီးကိန်း မဆိုက်စေရန် အတွက် သားအဖနှစ်ယောက်သည် ၎င်းတို့၏ အင်္ကျံ များကို ဝှေ့ယမ်းကာ ရပ်တန့်စေနိုင်ခဲ့ကြောင်းသိရသည်။အဆိုပါသားအဖ၏သူရဲကောင်းဆန်သည့်လုပ်ရပ်မှာပျံ့နှံသွားပြီး ပြည်နယ်ဝန်ကြီးတစ်ဦး ကပင်နေအိမ်သို့ ခေါ်ယူတွေ့ဆုံခဲ့လေသည်။

“သူတို့သားအဖသာ ရထားကိုရပ်တန့်အောင်မလုပ်နိုင်ခဲ့ရင် လူ့အသက်တွေ ဆုံးရှုံး ကုန်မှာပဲ။ ကျွန်တော်ဒါ ကို သိရတဲ့အခါ သူတို့ကိုအိမ်ဖိတ်ခေါ်ပြီး သူတို့နဲ့အတူနံနက်စာ စားခဲ့ပါတယ်” ဟု ဝန်ကြီး ဆူဒစ်ရွိင်းဘားမန်ကပြောကြားခဲ့သည်။ ရထားပေါ်တွင်ခရီးသည်ဦးရေနှစ်ထောင်ခန့်ပါရှိသဖြင့် အကယ်၍ ဆွာပန်နှင့်ဆိုမာတီတို့သားအဖသာ ရထားကို မရပ်တန့်စေခဲ့လျှင် ဝန်ကြီးပြောသလို သေသူသေ ၊ ဒဏ်ရာ ရသူရဖြင့် အခြေအနေဆိုးရွားသွားမည်မှာအမှန်ပင် ဖြစ်သည်။

ဆွာပန်တို့သားအဖအားဂုဏ်ပြုဆုချီးမြှင့်ရန်လည်း ဆူဒစ်က ဝန်ကြီးချုပ်နှင့်လွှတ်တော်အပြင် ဗဟို အစိုးရနှင့် မီးရထားဝန်ကြီးဌာနသို့လည်း တောင်းဆိုခဲ့ပါသည်။ဆွာပန်နှင့်၎င်း၏ မိသားစုမှာ အလွန်ပင်ဆင်းရဲသောကြောင့် အဖွဲ့အစည်းပေါင်းများစွာ ၊ လူပုဂ္ဂိုလ်ပေါင်းများစွာ က ဝိုင်းဝန်းကူညီပံ့ပိုးပေးနေကြသည့်အပြင် အနီးရှိဘူတာရုံတစ်ရုံအား သူ၏နာမည်နှင့်ထားရှိဂုဏ်ပြုရန်ပင် အကြံပြုမှုများရှိကြောင်း ကြား သိရပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*