ညအိပ်ရာဝင်ခါနီးတိုင်း ပျားရည်တစ်ဇွန်းစားပေးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူး (၇)မျိုး

ပျားရည်လို့ပြောလိုက်ရင် အသားအရေ လှစေတဲ့၊ အလှအပအတွက် အရမ်းအသုံးဝင်တဲ့အရာလို့ လူတွေက သိကြပါတယ်။ ဒါပေမယ့် ပျားရည်မှာ တခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ အိပ်ရာဝင်ခါနီးတိုင်းမှာ ပျားရည်ကို စားပေးမယ်ဆိုရင် ဒီလို အံ့မခန်းအကျိုးကျေးဇူးတွေ ရရှိနိုင်တယ်ဆိုတာကတော့ သိတဲ့သူတွေ ရှားပါတယ်။ ဒီတော့ ပျားရည်စားခြင်းဖြင့် ခန္ဓာကိုယ်အတွက် ရလာတဲ့အကျိုးကျေးဇူးလေးတွေကို အခုပဲဖတ်ကြည့်ပြီး မျှဝေလိုက်နော်။

(၁) ကောင်းကောင်းအိပ်ပျော်စေတယ် ပျားရည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ tryptophan, amino acid တို့ ပါဝင်တာကြောင့် ညအိပ်ခါနီး ပျားရည်တစ်ဇွန်းကို ရေနွေးလေးနဲ့ရောပြီး သောက်ပေးမယ်ဆိုရင် ကောင်းကောင်းအိပ်ပျော်စေပါတယ်။

(၂) သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးတယ် သွေးတိုးရောဂါဟာ နောက်ပိုင်းမှာ နှလုံးကို အပြင်းအထန်ထိခိုက်စေပြီး အသက်သေဆုံးတဲ့အထိဖြစ်စေနိုင်တာကြောင့် ပေါ့ဆလို့မရတဲ့ ရောဂါတစ်မျိုးပါ။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတာကြောင့် အိပ်ရာဝင်ခါနီးတိုင်း တစ်ဇွန်းစားပေးရင် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) သွေးကြောထဲအဆီမပိတ်အောင် တားဆီးပေးတယ် အစားအသောက်ကြောင့် ခန္ဓာကိုယ်ထဲမှာ မလိုအပ်တဲ့ အဆီပိုတွေ အချိန်တိုင်းမှာဖြစ်ပေါ်နေပြီး အဲ့ဒီအဆီပိုတွေက သွေးကြောထဲကို ရောက်လာပါတယ်။ သွေးကြောထဲမှာ မလိုအပ်တဲ့ အဆီပိုတွေများလာတဲ့အခါ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်စေနိုင်ပြီး သွေးကြောထဲအဆီတွေ စုပုံပြီး သွေးကြောပိတ်တာတွေဖြစ်စေနိုင်ပါတယ်။ ပျားရည်က သွေးကြောထဲရောက်နေတဲ့ ခန္ဓာကိုယ်က မလိုအပ်တဲ့အဆီပိုတွေကို ကျေပျက်စေတာကြောင့် နေ့တိုင်းစားသုံးပေးသင့်ပါတယ်။

(၄) ကိုယ်ခံအားကောင်းစေတယ် ပျားရည်ကို ညတိုင်းအိပ်ရာမဝင်ခင် စားသုံးပေးတာဟာ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာလိုမျိုး အပရိကရောဂါတွေ လွယ်လွယ်နဲ့ မဖြစ်အောင်၊ ကူးစက်ရောဂါတွေ လွယ်လွယ်နဲ့ မကူးစက်အောင် တားဆီးပေးနိုင်ပါတယ်။

(၅) အဆီတွေကို လောင်ကျွမ်းစေတယ် သင်က ဝတဲ့သူတစ်ယောက်ဆိုရင်တော့ ပျားရည်ကို သေချာပေါက် စားပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ပျားရည်မှာခန္ဓာကိုယ်ထဲက ဇီဝရုပ်ဖြစ်ပျက်နှုန်းကို တိုးမြှင့်ပေးမယ့် ဓာတ်တွေ အများအပြားပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ချဖို့ ကြိုးစားနေတဲ့သူတွေ လေ့ကျင့်ခန်းလုပ်နေချိန်မှာ ညဘက်ပျားရည်အနည်းငယ်ကို စားသုံးပေးမယ်ဆို အဆီမြန်မြန်ကျပါလိမ့်မယ်။

(၆) အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ် ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အစွမ်းတွေ အပြည့်အဝရှိတာကြောင့် ပျားရည်ကို အသားအရေထိန်းသိမ်းဖို့ ၊ မျက်နှာပေါင်းတင်ဖို့ သုံးကြသလိုပဲ၊ ညတိုင်း အိပ်ရာမဝင်ခင်မှာ ပျားရည်တစ်ဇွန်းကို ရေနွေးနဲ့ရောထားတဲ့အရည် တစ်ခွက်ကိုသောက်ပေးရုံနဲ့ မျက်နှာမှာ အရေးအကြောင်းတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

(၇) စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးတယ် ပျားရည်ကို သောက်သုံးပေးတာက ဦးနှောက်မှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဓာတ်တွေကို ချေဖျက်ပေးနိုင်တာကြောင့် နာတာရှည်စိတ်ကျရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*