စီးပွားကျဆင်းနေပြီး ဒုက္ခတွေနဲ့ ရင်ဆိုင်နေလျှင် ဒါလေးလုပ်ကြည့်ပါ အားလုံး အဆင်ပြေသွားပါလိမ့်မယ်

အကယ်၍ သင်ဟာ စီးပွားရေး လူမှုရေး ကျန်းမာရေးအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား။

အလုပ်အကိုင်အခက်အခဲဖြစ်နေလား

သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား

ဘဝမှာအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပြီလား

စိတ်မပူပါနဲ့ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။

မဟာသမယသုတ်ပ ရိတ်တော်မြတ်ကြီးကိုစ ပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး စာအုပ်ကိုကြည့်ပြီးပူဇော်တတ်ရင်ပဲ ရနေပါပြီ စပြီးပူဇော်ကြည့်ယုံနဲ့မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာသိလာရပါမယ်။

ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။

လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာအတွက်ကြီးမြတ်သောအထောက်အပံ့ကောင်းတစ် ခုကိုမိမိလက်ဝယ်ပိုင်ဆိုင်နေတာကိုလည်းတွေ့လာရပါမယ်။

ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ်လာပါမယ် ဘဝမှာကောင်းမြတ်သောမျှော်လင့်ချက်တွေနဲ့ရှင်သန်လာပါမယ် ဘဝတိုးတတ်အောင်မြင်မှုကိုပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။

ဆင်းရဲတွင်းက လွတ်ကင်းစေနိုင်တာလည်း မဟာ သမယသုတ်တော်ပါပဲ လောကအလယ်မှာအထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင်။

မဟာသမယသုတ် တော်ကြီးကိုသာပူဇော်ကြပါ အေးချမ်းပါလိမ့်မယ် အောင်မြင်လာပါလိမ့်မယ် ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်းရရှိပိုင်ဆိုင်လာရပါလိမ့်မယ်။

မဟာသမယသုတ်တော်ကိုမျိုးကတော့ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသောပြောင်းလဲခြင်းများနဲ့ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ဘဝမှာမှတ်တိုင်စိုက်ထူပြီးဖြစ်ပါတယ်

မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုနာယူရသောကြောင့် ဘုရားရှင်လက်ထက်တော်မှာကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလည်းအများကြီးရှိသလို။

အခုလောကီမှာလည်းကောင်းကျိုးမျိုးစုံစံစားခံစားနေရတဲ့ ထူးခြားတဲ့လူသားတွေလည်းအများကြီးရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။

မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူနေပြီ ပူဇော်နေပြီဆိုထဲက ထိုပုဂ္ဂိုလ် ဟာ ထူးမြတ်သော လူသားတစ်ယောက် ဖြစ်နေပါပြီလို့။

CRD

Be the first to comment

Leave a Reply

Your email address will not be published.


*