မျက်နှာပေါ်တွင် ပေါက်တတ်သော ဝက်ခြံအမျိုးအစား (၆) မျိုး

မိန်းကလေးတွေအကြောက်ဆုံး ရန်သူတစ်မျိုးကိုပြောပါဆိုရင် ဝက်ခြံပဲဖြစ်မှာပါ။ ဝက်ခြံတွေဟာ တစ်ခုနဲ့တစ်ခု အမျိုးအစားချင်းမတူကြပါဘူး။ ဒါကိုမသိတဲ့သူတော်တော်များပါတယ်။ ဒါကြောင့် ဝက်ခြံအမျိုးအစား (၆) မျိုးနဲ့ သူတို့ဘာကြောင့်ဖြစ်ရလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့ဝက်ခြံတွေဟာ ဆရာဝန်ပြဖို့လိုအပ်ပါတယ်လို့ healthline ကအခုလိုဖော်ပြပေးထားပါတယ်။

(၁) ဆားဝက်ခြံ

ဆားဝက်ခြံဘာကြောင့်ဖြစ်တာလဲဆိုရင် ချွေးပေါက်တွေမှာ အဆီတွေနဲ့ ဆဲလ်သေတွေပိတ်နေတာကြောင့်ပါ။ ဒီဝက်ခြံအမျိုးအစားမှာ ဝက်ခြံရဲ့ထိပ်က အပေါက်လေးရှိပြီး အနက်ရောက်လေးဖြစ်နေတတ်ပါတယ်။

(၂) အဖြူရောက်ဝက်ခြံမာ

ဒီလိုဝက်ခြံအမျိုးအစားဟာလည်း အဆီနဲ့ ဆဲလ်သေတွေ စုနေလို့ဖြစ်လာတာပါ။ ဒါပေမယ့် ဆားဝက်ခြံနဲ့တော့ ကွာခြားပါတယ်။ သူ့ရဲ့ထိပ်လေးတွေက ပိတ်နေပြီး ညှစ်လို့လည်းမရပါဘူူး။

(၃) အဆီကြိတ်

သင့်ရဲ့ ချွေးပေါက်တွေကို ကာရံထားတဲ့ နံရံလိုအလွှာလေးတွေ တစ်ခုခုကြောင့်လောင်သွားပြီး အပြင်းအထန်ပျက်စီးသွားတဲ့အခါ အဆီကြိတ်လေးတွေ ဖြစ်လာပါတော့တယ်။ ဒီလိုဝက်ခြံမျိုးဟာ အဖုတော့ထပေမယ့် ညှစ်လိုက်ရင် မာပြီး ဘာမှထွက်လာမှာ မဟုတ်ပါဘူး။ ဒီဝက်ခြံလေးတွေပတ်လည်မှာရှိတဲ့ အသားအရောင်ဟာ ပန်းရောင်ဖြစ်နေမှာပါ။

(၄) အဆီကြိတ်ပြည်တည်

ဒီလိုဝက်ခြံမျိုးဟာ အဆီကြိတ်နဲ့ ဖြစ်ပေါ်ပုံချင်းအတူတူပါပဲ။ ဒါပေမယ့် မတူတာက ဒီဝက်ခြံတွေဟာ ပြည်ရှိနေပြီး ထိပ်မှာ အဖြူရောင်၊ သို့မဟုတ် အဝါရောင်ပြည်တွေ ရှိနေတတ်ပါတယ်။ ဒီဝက်ခြံရှိနေတဲ့ မျက်နှာပြင်ဟာ နီရဲနေမှာဖြစ်ပါတယ်။

(၅) ဝက်ခြံကြိတ်အသေးစား

ဒီလိုဝက်ခြံအမျိုးအစားဟာ ချွေးပေါက်ပိတ်တာအရမ်းကြာလာတဲ့အခါ အသားအရည်က မခံနိုင်တော့ပဲကျိန်းစပ်လာပြီး အဲဒီ့အကြိတ်လေးဟာ ကြီးထွားလာပါတော့တယ်။ သူဟာအဆီကြိတ်နဲ့ မတူပဲ အရေပြားအတွင်းပိုင်းက ဖြစ်တာပါ။ ဒီလိုဝက်ခြံမျိုးဟာ အိမ်တွင်းနည်းနဲ့ ကုသလို့မရတာကြောင့ ကျွမ်းကျင်တဲ့ ဆရာဝန်ဆီမှာ ပြရမှာဖြစ်ပါတယ်။

(၆) ဝက်ခြံကြိတ်အကြီးစား

ဒီလိုဝက်ခြံတွေဟာ အဆီခဲတွေ၊ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ စုပေါင်းပြီး ချွေးပေါက်ကို ပိတ်တာကြောင့်ဖြစ်ပေါ်လာတာပါ။ သူဟာ အသားအရည်ရဲ့ အတွင်းကျဆုံးအပိုင်းက ဖြစ်တာပါ။ ဒီအမျိုးအစားဟာ အရမ်းနာကျင်ပြီး အထိမခံပါဘူး။ ဝက်ခြံအမျိုးအစားတွေထဲမှာ အကြီးဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ပါတယ်။ အမာရွတ်လည်း ကျန်ခဲ့တတ်ပါတယ်။ ဒီအမျိုးအစားဟာ ဆရာဝန်နဲ့ သေချာတိုင်ပင်ကုသဖို့ လိုအပ်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*