Microwave ထဲမှာ ထည့်မနွှေးသင့်တဲ့ အစားအစာ (၇)မျိုး

Microwave ထဲမှာ ထည့်မနွှေးသင့်တဲ့ အစားအစာ (၇)မျိုး

ကမ္ဘာ့ပထမဆုံး microwave ကို ၁၉၄၀ ခုနှစ်တွေတုန်းက မထင်မှတ်ဘဲ တီထွင်ဖြစ်သွားခဲ့တာပါ။ အခုခေတ်မှာတော့ microwave ဟာ အိမ်ထောင်စုတိုင်းအတွက် အလွန်အရေးပါတဲ့ပစ္စည်း ဖြစ်နေပါပြီ။ Microwave ဟာ ဟင်းတွေ နွှေးစား၊ ချက်စားဖို့ အလွန်အဆင်ပြေပါတယ်။ Microwave မှာ နွှေးမစားသင့်တဲ့ အစားအစာ (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်ဥပြုတ်

ကြက်ဥမှာ ပါးလွှာတဲ့အမြှေးပါးနဲ့ အကာရှိပါတယ်။ ကြက်ဥပြုတ်ကို microwave မှာ ထပ်ပြီး နွှေးတဲ့အခါ ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ microwave ထဲမှာတင် ကြက်ဥပြုတ်ပေါက်ကွဲ သွားတတ်ပါတယ်။ ဒါမှမဟုတ် ကြက်ဥပြုတ်ကို နွှေးပြီး ကိုက်လိုက်တဲ့အချိန်မှာလည်း ပေါက်ကွဲသွားနိုင်ပါတယ်။

၂။ မုန်လာဥဝါ

မုန်လာဥဝါကို microwave ထဲမှာ ချက်နိုင်၊ အပူပေးနိုင်ပေမယ့် အခွံတွေ ရှိနေသေးတဲ့ မုန်လာဥဝါကို microwave ထဲမှာ ချက်ရင်တော့ အန္တရာယ်ရှိပါတယ်။ မုန်လာဥဝါကို သေချာရေမဆေးထားဘူး ဆိုရင်၊ အကြွင်းအကျန်တွေကို သေချာမသန့်ရှင်းထားဘူးဆိုရင် မြေကြီးထဲက သတ္ထုဓါတ်များစွာက microwave ထဲမှာ မီးပွားတွေ ပွင့်လာတတ်ပါတယ်။ လျှပ်ကူးကြောင်းက ဆက်တိုက်ဖြစ်နေရင် microwave ပျက်စီးသွားပါတယ်။

၃။ အသင့်စားအသားများ

အသင့်စားအသားတွေမှာ ဆားတွေ၊ ကြာရှည်ခံဆေးတွေ အများကြီးပါဝင်တာကြောင့် အာဟာရ မပြည့်ဝပါဘူး။ အသင့်စားအသားတွေ၊ စည်သွပ်ဘူးထဲက အစားအစာတွေကို micrwave ထဲ ထည့်နွှေးတဲ့အခါ ကိုလက်စထရောမြင့်လာပြီး အဲဒီကနေ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်လာစေပါတယ်။ အန္တရာယ်အကင်းဆုံးနည်းက ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်းကို မီးဖိုမှာကင်စားတာပါ။

၄။ ရေ

ရေကို microwave ထဲမှာ ထည့်အပူပေးပြီး သောက်တဲ့သူကတော့ တော်တော်ရှားပါလိမ့်မယ်။ Microwave ထဲကို ရေထည့်သောက်ခြင်းကနေ ပေါက်ကွဲမှုတွေ ဖြစ်စေကြောင်း လေ့လာချက်တွေရှိပါတယ်။ Microwave ထဲက လျှပ်စစ်သံလိုက်ဓါတ်က ရေကို အလွန်ပူသွားစေပြီး ရေမော်လီကျူးတွေက မငြိမ်မသက်ဖြစ်လာပါတယ်။ အဲဒီကနေ ရေ အလွန်ဆူပွက်ပြီး ပေါက်ကွဲသွားပါတော့တယ်။

၅။ ပန်းငရုတ်

အလွန်စပ်တဲ့ ပန်းငရုတ်မှာ capsaicin တွေ အများကြီးပါဝင်ပါတယ်။ Capsaicin က မီးတောက်လွယ်စေပါတယ်။ Microwave ထဲက လျှပ်စစ်သံလိုက်ဓါတ်နဲ့ capsaicin တို့ ထိတွေ့တဲ့အခါ မီးခိုးတွေ ထွက်လာပြီး အခန့်မသင့်ရင် မီးလောင်စေပါတယ်။ Microwave က ထွက်လာတဲ့ မီးခိုးတွေကြောင့် အရေပြားလောင်တာ၊ ထိခိုက်တာလည်း ဖြစ်စေပါတယ်။

၆။ ကြက်သား

ကြက်သားကို ကျက်အောင်မချက်တဲ့အခါ အစာအဆိပ်သင့်စေတဲ့ ပိုးတွေ ပွားသွားပါတယ်။ ကြက်သားအစိမ်းကို microwave မှာ ချက်တဲ့အခါ ဘက်တီးရီးယား ပိုးမွှားတွေက ပိုပြီးပွားသွားပါတယ်။ ကြက်သားတင်မကဘဲ အခြားအသားအစိမ်းတွေကို microwave နဲ့ မချက်သင့်ဘဲ ဒယ်အိုး၊ ပေါင်းအိုးတွေနဲ့သာ ချက်သင့်ပါတယ်။

၇။ ခရမ်းချဉ်သီးနှင့် ခရမ်းချဉ်သီးဆော့

ခရမ်းချဉ်သီးကို microwave ထဲမှာ အချိန်အကြာကြီးထားတဲ့အခါ ခရမ်းချဉ်သီးတွေ ပေါက်ထွက်ကုန်ပါတယ်။ ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ရေဓါတ်တွေကို ဖိအားတွေ ပေးလိုက်တဲ့အခါ အရည်တွေ ပေါက်ထွက်သွားပြီး microwave လည်း ညစ်ပတ်သွားမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*