သူတို့ရဲ့ချစ်သူကို အလွန်ချစ်ကြတဲ့ တိရစ္ဆာန်လေး (၇)မျိုး

တိရစ္ဆာန်တွေမှာလည်း ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့သစ္စာတရားကို ပြသနိုင်တဲ့ တိရစ္ဆာန်လေးတွေကတော့ ရှားပါးပါတယ်နော် ။ အခု lovemedia ကနေ ပြောပြပေးသွားမှာကတော့ ချစ်သူကို အလွန်ချစ်ကြတဲ့ တိရစ္ဆာန်လေး (၇)မျိုးအကြောင်းပဲ ဖြစ်ပါတယ်။

၁။ Sun conure ကြက်တူရွေး

ဒီကြက်တူရွေးလေးတွေက သူတို့ရဲ့လက်တွဲဖော်ကို ၄ လ၊ ၅ လကြာ ရွေးချယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေဟာ တောင်အမေရိကတိုက်ရဲ့ အရှေ့မြောက်ဘက်ပိုင်းမှာ နေထိုင်ကြပါတယ်။ အုပ်စုဖွဲ့ နေထိုင်တတ်ကြပြီး တစ်ကောင်နဲ့တစ်ကောင် အသံကျယ်ကြီးနဲ့ ဆက်သွယ်ကြပါတယ်။ Sun conure ကြက်တူရွေးလေးတွေက အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို မရောက်ခင်မှာ တစ်ကောင်ကိုတစ်ကောင် အစာကျွေးတာ၊ အမွေးတွေကို သပ်ပေးတာတွေ ပြုလုပ်ကြပါတယ်။

၂။ အမောက်ပါတဲ့ ခဲရောင်ကြိုးကြာ

အမောက်ပါတဲ့ ခဲရောင်ကြိုးကြာလေးတွေက သူတို့ရဲ့မင်္ဂလာပွဲကို အထူးကျင်းပကြပါတယ်။ သူတို့ကတော့ အာဂျန်ဒါနိုင်ငံမှာ နေထိုင်ကျက်စားကြပါတယ်။ ကြိုးကြာစုံတွဲဟာ အချစ်နဲ့သစ္စာကို ပြသဖို့အတွက် ကြိုးကြာအုပ်ကြီးရှေ့မှာ အတူတူ ကပြကြပါတယ်။ ပြီးတော့မှ အသိုက်ပြောင်းကြပါတယ်။

၃။ ကြေးနီရောင် Titi မျောက်

Titi မျောက်က သဝန်တိုတတ်ပါတယ်။ သူတို့လေးတွေက တောင်အမေရိကတိုက်ရဲ့ မိုးသစ်တောတွေမှာ နေထိုင်ကြပါတယ်။ သူတို့ရဲ့လက်တွဲဖော်တွေနဲ့ အရမ်းကို စိတ်ချင်းနီးစပ်ကြပါတယ်။ Titi မျောက်လေးတွေက တစ်ကောင်နဲ့တစ်ကောင် ခွဲနေရရင် စိတ်မချမ်းသာ နိုင်ကြပါဘူး။ သူတို့ရဲ့အမြီးလေးတွေကို အချင်းချင်းလိမ်ယှက်ပြီး ကြည်နူးစရာ အချိန်တွေကို အတူကုန်ဆုံးကြပါတယ်။

၄။ အတ္တလန္တိတ်ပင်လယ်ပျော်ငှက်

အတ္တလန္တိတ်ပင်လယ်ပျော်ငှက်လေးတွေက နှုတ်သီးအချင်းချင်း ပွတ်တိုက်ပြီး အနမ်းဖလှယ် ကြပါတယ်။ ဒီငှက်လေးတွေက သူတို့ရဲ့ချစ်သူကို မပြောင်းမလဲ ချစ်ကြပါတယ်။ အသစ်တွဲတယ် ဆိုတာ မရှိသလောက်ပါပဲ။ နှစ်စဉ်သူတို့ရဲ့အသိုက်ရှိရာကို အတူတူပြန်လာကြပါတယ်။ ငှက်အမေက ဥဥပြီး ဥတွေကို စောင့်ရှောက်နေချိန်မှာ ငှက်အဖေက အစာယူလာပြီး အသိုက်ကို ကာကွယ်ပေးပါတယ်။

၅။ ရေနဂါး

ရေနဂါးတွေက သူတို့ရဲ့ချစ်သူ သေသွားတဲ့အထိ ဘေးမှာ နေပေးကြပါတယ်။ သူတို့က အချင်းချင်း ကူညီဖေးမကြပါတယ်။ ရေနဂါးအမက မျိုးဥကို ရေနဂါးအထီးထဲကို လွှဲပေးပြီး ရေနဂါးက ကိုယ်ဝန်ဆောင်တာပါ။

၆။ Dik-dik သမင်

Dik-dik သမင်လေးတွေက အကောင်ပေမယ့် အရမ်းချစ်တတ်ကြပါတယ်။ သူတို့ရဲ့လက်တွဲဖော်ကို သူရဲကောင်းဆန်ဆန် ကာကွယ်ပေးကြပါတယ်။ သူတို့တွေက ရန်ဖြစ်ခဲပါတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ထားရင်တောင်မှ သမင်အထီးက သမင်အမကို ကာကွယ်ပေးဖို့ အဆင်သင့်ပါပဲ။ အခြား dik-dik သမင်တွေ ရောက်လာရင် သမင်အထီးတွေက တစ်ကောင်ဆီကိုတစ်ကောင် တစ်ဟုန်ထိုးပြေးသွားပြီး မြန်မြန်ရပ်လိုက်ကြပါတယ်။ အခြားအထီးတစ်ကောင်က အရှုံးပေးတဲ့အထိ သူတို့ရဲ့ဦးခေါင်းတွေနဲ့ ဝှေ့ကြပါတယ်။

၇။ တစ်ကောင်ကိုတစ်ကောင် ဆုံးရှုံးရမှာကြောက်လို့ လက်လေးတွေကို ကိုင်ပြီး အိပ်တတ်တဲ့ဖျံ

ဖျံဆွေက မိသားစုကို အလွန်ချစ်ပြီး မိသားစုလိုက် နေထိုင်ကြပါတယ်။ မိသားစုရဲ့ အလုပ်တွေကို ညီညီမျှမျှ လုပ်ကြပြီး တစ်ခါတရံမှာ ကလေးလည်း ကူထိန်းပေးတတ်ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*