ကားထဲမှာလူရှိမှန်းမသိဘဲ ကားမှန်ကိုကြည့်ပြီး Bra အနေအထား ပြုပြင်ခဲ့တဲ့အမျိုးသမီးရဲ. နောက်ဆက်တွဲ

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်မှာ အမျိုးသမီးတစ်ယောက်ဟာ လမ်းဘေးမှာရပ်ထားတဲ့ ကားဆီကိုသွားပြီး တစ်ဖက်မြင်ကားမှန်ကိုကြည့်ကာ မိမိရဲ့ ကိုယ်အနေအထားကို ပြင်ဆင်ခဲ့ပါတယ်။ အထူးသဖြင့် Bra တွေကို အနေအထားကျအောင် အေးအေးလူလူ ပြင်ဆင်နေခဲ့တာဖြစ်ပြီး၊ နှာခေါင်းအတွင်းက အမွေးတွေကိုလည်း နှုတ်ခဲ့ပါတယ်။


ဒီဗွီဒီယိုကို ကားထဲက အမျိုးသားတစ်ယောက်က တိတိကျကျ မှတ်တမ်းတင်ထားထားဖြစ်ပြီး၊ အဲဒီအမျိုးသားက ကားမှန်တံခါးကို ချလိုက်တဲ့အခါမှာတော့ အမျိုးသမီးက ရှက်ပြီး နေရာကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုဟာ ဗီယက်နမ်လူမှုကွန်ယက်ပေါ်မှာ အများသဘောကျစရာ ဖြစ်နေခဲ့ပါတယ်။


ဒါ့အပြင် ဒီဗွီဒီယိုဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ခဲ့တဲ့ဗွီဒီယိုလို့ မယူဆပဲ တမင်တကာ ဟာသသဘောမျိုးနဲ့ ဇာတ်တိုက်ပြီးရိုက်ကူးထားတဲ့ ဗွီဒီယိုလို့ အများကလည်း ယုံကြည်နေကြပါတယ်။ အကြောင်းကတော့ အမျိုးသမီးဟာ တမင်မျက်နှာပြောင်နေတဲ့အမူအယာ ပေါ်လွင်နေပါတယ်။


ဒါ့အပြင် ကားထဲမှာ ရှိတဲ့သူကလည်း တကယ့်အပြင်မှာဆိုရင် ကားမှန်ကိုချပြီး အမျိုးသမီးကို အရှက်ရအောင်လုပ်ဖို့ စိတ်ကူးရှိမှာမဟုတ်ဘူးလို့ ဆိုနေကြပါတယ်။ မူလသတင်းထဲမှာတော့ အမျိုးသမီးဟာ ဝတ်ထားတဲ့ ဘရာပျောက်လို့(နေရာပျက်ယွင်းနေလို့) ရှာနေရာက ဘရာပြန်တွေ့သွားတယ်လို့ ဖော်ပြထားပြီး၊ ကားထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်ဆိုတာ မသိဘူးလို့ ဆိုထားပါတယ်။


YouTube မှာတော့ အဆိုပါဗွီဒီယိုကို “This girl was surprised to find the car occupied”လို့ ဖော်ပြထားပါတယ်။ ဒီလိုပဲ ဗွီဒီယိုနဲ့ပတ်သက်ပြီး မှတ်ချက်ရေးသူက ” လုပ်ကြံထားတာကြီးပါ … ကားမှန်က တစ်ဖက်မြင်မှန်မဟုတ်ပါဘုူး .. သာမန်ကာလာထည့်ထားတဲ့ မှန်ပါ “လို့ ရေးသားခဲ့သလို၊ အခြားတစ်ဦးကလည်း ” လုပ်ကြံထားတာပါ ရယ်လည်း မရယ်ရပါဘူး “လို့ ရေးသားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*