alarm တစ်ခါမြည်ရုံနဲ့ မထတတ်တဲ့သူလေးတွေဆိုတာ ဒီလိုဉာဏ်ကြီးရှင်တွေပါ

မနက်ကျောင်းသွားဖို့၊ အလုပ်သွားဖို့ alarm ပေးထားပြီးရင် alarm တစ်ခါမြည်ရုံနဲ့ ဘယ်တော့မှမထဘဲ alarm ပြန်ပြန်ပိတ်ပြီး အိပ်တတ်တဲ့သူတွေ ဘယ်လောက်များရှိနေမလဲ။ အဲ့ဒီအကျင့်ရှိတဲ့သူလေးတွေဟာ အမြဲတမ်းအခုလို အခက်အခဲလေးတွေကို လူမသိသူမသိ ရင်ဆိုင်နေကြရပါတယ်။ alarm ပိတ်ပြီး အိပ်တတ်တဲ့သူတွေ ကြုံနေရတဲ့ အခက်အခဲတွေကတော့ ဒီလိုတွေပါ။

(၁) အိပ်ရာသိမ်းဖို့ အချိန်မရှိ

ဒီလောက်အချိန်ဆွဲအိပ်နေမှတော့ အိပ်ရာသိမ်းဖို့ အချိန်မရှိတာ မဆန်းပါဘူး။ အဲ့ဒါကြောင့် အဲ့လို alarm ပိတ်ပိတ်ပြီး အိပ်တတ်တဲ့သူတွေရဲ့ အိပ်ရာက အမြဲပွနေပါတယ်တဲ့။

(၂) အလှပြင်ဖို့အချိန်မလောက်

မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး လုပ်လာတာတောင် ကျေးဇူးတင်ရမယ့်သူတွေပါ။ သူတို့တွေ မိတ်ကပ်ပြင်ထားတယ်ဆိုတာ ရှားပါတယ်။ ဒါကြောင့် alarm ပိတ်အိပ်တတ်သူတွေဟာ သူတို့အလှနဲ့ ပတ်သက်လာရင်လည်း ယုံကြည်မှုအပြည့်ရှိနေကြသူတွေလို့ ပြောလို့ရပါတယ်။

(၃) ကျောင်း၊ အလုပ် နောက်ကျ

alarm တစ်ခါမြည်ရုံနဲ့ မထဘဲ အိပ်ရာနဲ့ RS ချိတ်ထားတဲ့သူလေးတွေ ကျောင်း၊ အလုပ်နောက်ကျတယ်ဆိုတာ ဆန်းတော့ မဆန်းပါဘူး။ အမြဲတမ်း အတန်းနောက်ကျ၊ အလုပ်နောက်ကျနေတတ်နိုင်သူလေးတွေပါ။

(၄) မနက်စာငတ်

အတန်းချိန်၊ အလုပ်ချိန် မီအောင်ကို အမြဲပြေးနေရတာ မနက်စာလွတ်တာလည်း မဆန်းပါဘူး။ မနက်စာ အမြဲလွတ်နေရပေမယ့် alarm မပိတ်ရမနေနိုင်တဲ့ စူပါပါဝါပိုင်ရှင်တွေပါ။

(၅) ဖရိုဖရဲဖြစ်ပေမယ့် အလုပ်လုပ်တာ စမတ်ကျ

alarm ပိတ်ပိတ်ပြီး အိပ်တတ်တဲ့သူတွေဟာ ဘယ်လောက်ပဲ ဖရိုဖရဲတွေဖြစ်ဖြစ်၊ အလုပ်လုပ်တဲ့နေရာမှာတော့ စမတ်ကျပါတယ်။ ဘာလို့လဲဆိုတော့ အအိပ်မက်တဲ့ အပျင်းလေးတွေဟာ အချိန်တိုအတွင်း ဖြေရှင်းရမယ့် နည်းလမ်းကောင်းတွေကို စဉ်းစားနိုင်တဲ့ ဉာဏ်ကြီးရှင်လေးတွေဖြစ်နေလို့ပါပဲ။

ကဲ မနက်မနက်ကျ alarm အခါတစ်ရာလောက် မြည်မှထတတ်တဲ့ ဉာဏ်ကြီးရှင်တွေ အခုပြောတဲ့အချက်တွေ မှန်ရဲ့လားဆိုတာ ပြောသွားပါဦး။

Be the first to comment

Leave a Reply

Your email address will not be published.


*