”၂မိနစ်အတွင်း မျက်နှာကို မည်းညစ်ခြင်းကင်းပြီး ကြည်လင်ဝင်းပစေတဲ့ ဆားသံပုယိုသီးခြမ်း”

တစ်ခါတစ်လေမှာ အဆင်သင့်လိမ်းနိုင်တဲ့ အလှကုန်တွေထက် အိမ်တွင်းဖြစ် ဓာတုပစ္စည်းမပါတဲ့ မီးဖိုချောင်ပစ္စည်းတွေက

ပိုပြီး အစွမ်းထက်ပါတယ်။အကယ်၍ သင့်ရဲ့အသားအရေက ဝင်းပဖြူစင်မှုမရှိဘဲ ဆဲလ်သေတွေကြောင့်မဲညစ်နေမယ်ဆိုလျှင် ဆားသံပုယိုသီးခြမ်းကအပြည့်အဝ ကူညီပေးပါလိမ့်မယ်။

သံပုယိုသီးကို မထူမပါးလှီးပြီး ဆားအနည်းငယ်ကပ်ကာ မျက်နှာပြင်အနှံ့ ညှင်သာစွာ ပွတ်ပေးပါ။

၂မိနစ်ခန့် ပြုလုပ်ပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပြီး ခြောက်သွေ့အောင် သဘက်ဖြင့် ညှင်သာစွာ ပုတ်သုတ်ပါ။

ခြောက်သွေ့အောင်သုတ်ပြီးလျှင်အသားအရေကို ပိုပြီးစိုပြေဝင်းပစေဖို့အတွက် မျက်နှာကို ပေါင်းတင်ပါ။

ပေါင်းတင်ရမယ့် နည်းလမ်းကတော့ ပျားရည် နှင့် သံပုယိုရည်ကို ရောပါ။ ရေကို လိုအပ်သလောက် ရောထည့်နိုင်ပါတယ်။

ထို့နောက် မျက်နှာအနှံ့လိမ်းပြီး ၁၅မိနစ်ခန့်ကြာလျှင် ရေဆေးကြောလိုက်ပါ။

ပြီးသွားလျှင် သန့်စင်အောင်သုတ်ပြီး အသားအရေစိုပြေစေမယ့် ခရင်မ် ၊ moisturizer တစ်မျိုးမျိုး လိမ်းထားလိုက်ပါ။

(သံပုယိုသီးက အသားအရေ ခြောက်သွေ့စေနိုင်လို့ပါ)

အားလုံးပြီးသွားလျှင်တော့ သင့်မျက်နှာလေး သိသိသာသာ ဝင်းပဖြူစင်သွားပါလိ့မ်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*