ရေချိုးခြင်းနှင့် ပတ်သက်ပြီး သတိထားရမယ့် အရေးကြီးအချက် (၇) ချက်

ရေချိုးတယ်ဆိုတာကတော့ နေ့တိုင်းပြုလုပ်နေကြ သာမာန်အလုပ်တစ်ခုပါဘဲ။တစ်နေ့ကို တစ်ခါလောက်တော့ ချိုးကြပါတယ်။ မနက်ခင်း အလုပ်မသွားခင်ဘဲဖြစ်ဖြစ်၊ ကျောင်းမသွားခင်ဘဲဖြစ်ဖြစ် လန်းဆန်းသွားအောင် ရေချိုးကြသလိုညနေပိုင်း အိမ်ပြန်ရောက်တဲ့ အခါမှာလည်း တစ်နေကုန်လုံး ပင်ပန်းထားသမျှချွေးတွေရွဲနေတဲ့ ခန္ဓာကိုယ်ကို သန့်စင်အောင်ဆိုပြီး ရေချိုးတက်ကြပြန်ပါတယ်။ဒါတွေကလည်း ရိုးရှင်းတဲ့ သာမာန်အလုပ်တွေ ပါဘဲ။ ရေဘယ်လိုချိုးရမယ်ဆိုပြီး ချိုးပုံ ချိုးနည်း ရှင်းပြနေစရာကို မလိုတာပါ။ ပြီးတော့ ရေချိုးတယ်ဆိုတာ ကလည်း ကောင်းတဲ့အရာတစ်ခုဘဲလေ။ အရမ်းကောင်းတဲ့အရာတစ်ခု ဆိုတာကလည်းဆိုးတဲ့ အရာ တစ်ခုဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် တခြားကိစ္စတွေ ရောထွေးလာပြီဆိုရင်ပေါ့။

ခန္ဓာကိုယ်ကို အရမ်းမတိုက်ပါနှင့်

ရေချိုးရင် ဂျီးလုံးဝမတွန်းပါနှင့်လို့ ပြောနေတာတော့ မဟုတ်ပါဘူး။တွန်းပါ။ရပါတယ်။ ဒါပေမယ့် လိုတာထက် တော့ ပိုပြီး မပြုလုပ်မိပါစေနှင့်။သင့်အနေနဲ့ အရမ်းကြီးတိုက်လိုက်ရင် ပိုပြီးသန့်စင်မယ်လို့ ထင်နေမှာပါဘဲ။ ဒါပေမယ့် အဲ့ဒီလိုပြုလုပ်ခြင်းကြောင့် အရေပြားရဲ့ အပေါ်ယံအလွှာတွေ ပျက်စီးကုန်ပါတယ်။ ဒီလိုနှင့် အရေပြားကူးစက်မှု့ရောဂါတွေဖြစ်ပေါ်လာပါတော့တယ်။ဒါကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်ကို ရေချိုးတဲ့အခါ လိုအပ်တာထက်ပိုပြီးတော့ မတိုက်မိပါစေနှင့်။

ကိုယ်တိုက်တဲ့ ဖော့တုံးတွေ၊ရေမြုပ်တွေကို အသုံးပြုပြီးရင် ခြောက်သွေ့အောင်ထားပါ

သုံးပြီး ခြောက်သွေ့အောင် မထားဘူးဆိုရင်တော့ အဲ့ဒီအရာတွေရဲ့ မျက်နှာပြင်မှာ ဘတ်တီးရီးယားတွေ၊ မှိုတွေ စွဲကပ်နေမှာမို့လို့ပါဘဲ။ အန္တရာယ်ရှိတဲ့အရာတွေစွဲကပ်နေတဲ့ ရေမြှပ်တွေ၊ဖောတုံးတွေကို နောက်တစ်ခါ ထပ်အသုံးပြုမိမယ်ဆိုရင်တော့ ပိုးမွှားတွေဟာ အဲ့ဒီအရာတွေကနေတဆင့် သင့်ရဲ့အရေပြားပေါ်ကို ရောက်ရှိလို့ ကူးစက်ရောဂါတွေကို ဖြစ်စေပါတော့တယ်။

ပိုးသတ်ဆေးပါဝင်တဲ့ ဆပ်ပြာတွေဟာ ကောင်းတယ်လို့ထင်ရပေမယ့်ထပ်ခါထပ်ခါ အသုံးမပြုသင့်တဲ့ ဆပ်ပြာတွေလည်းဖြစ်ပါတယ်

ပိုးသတ်နိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်တဲ့ ဆပ်ပြာတွေဟာ ဘတ်တီးရီးယားအမျာစုကို သတ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးတဲ့ပိုးတွေကိုပါ သတ်ပစ်လိုက်နိုင်တာကြောင့် အရေပြားဟာ ကာကွယ်မှု့မရှိတော့ဘဲ ကူးစက်ရောဂါတွေရရှိဖို့ လွယ်ကူသွားတာကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာတွေကို အမြဲတစေ အသုံးပြုဖို့ မသင့်ပါဘူး။

ခေါင်းလျှော်ပြီးရင် ပျော့ဆေး၊ပေါင်းဆေးအသုံးပြုပေးပါ

ခေါင်းလျှော်ရည်တွေဟာ လျှော်ပြီးတာနှင့် သင့်ရဲ့ဆံသားတွေကို ခြောက်ကပ်သွားစေပါတယ်။ ဘာလို့လည်း ဆိုတော့ သူက သဘာဝအဆီတွေကိုဆံပင်တွေဆီကနေ ဖယ်ထုတ်လိုက်လို့ဘဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ပေါင်းဆေးမှာ သင့်ရဲ့ ဆံပင်ကို အစိုဓာတ်၊ ပရိုတိန်းဓာတ် စတာတွေကိုပေးနိုင်ပြီးတော့ လှပအဆင်ပြေစေမှာ ဘဲဖြစ်ပါတယ်။

ရေမချိုးခင် အမွှေးအမျှင်တွေ ရိတ်ခြင်း၊ နှုတ်ခြင်းမပြုလုပ်ပါနှင့်။

ဒီလိုပြုလုပ်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ အရေပြားကို ခြောက်သွေ့၊ပျက်ဆီးသွားပါလိမ့်မယ်။ ဒါကြောင့် အမွှေးအမျှင်တွေကို သန့်ရှင်းရေးပြုလုပ်တော့မယ်ဆိုရင် ရေချိုးးပြီးတဲ့ အခါမှသာ ပြုလုပ်ဖို့ အတွက် အကြံပေး ချင်ပါတယ်။

ရေချိုးတဲ့ အခါ ဆပ်ပြာအများကြီး အသုံးမပြုပါနှင့်

ချိုင်းကြား၊ခြေထောက်၊မျက်နှာနှင့် ပေါင်ခြံတွေကြားထဲက အဆီတွေနှင့်စေးကပ်နေတာတွေကို ဖယ်ရှားပစ်နိုင်ဖို့ အတွက် ဆပ်ပြာတွေ အများကြီးအသုံးပြုတက်တာမျိုးတွေရှိပါတယ်။ ဒီလို သုံးလိုက်မယ် ဆိုရင်တော့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ လိုအပ်တဲ့ အဆီတွေပါ ပျောက်ကွယ်သွားပြီးတော့ အရေပြားကို ခြောက်သွေ့ ကွဲအက်စေမှာဖြစ်ပါတယ်။

ခေါင်း၊ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် ခါးစတဲ့နေရာတွေကို အဝတ်သုတ်ပုဝါ အသုံးပြုတဲ့အခါ သတိထားပါ

တစ်နေရာထဲကို အကြာကြီး သုတ်နေတယ်ဆိုရင် အဲ့ဒီလို ပြုလုပ်ခြင်းဟာလည်းခန္ဓာကိုယ်ကို ခြောက်ကပ် သွားစေပါတယ်။ ပြီးတော့ ခေါင်းလျှော်ပြီးတော့ခေါင်းကို သုတ်ရတာ ကြိုက်တဲ့ သူတွေဆိုရင်လည်း ဆံပင်တွေ ကျွတ်စေနိုင်တာဘဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*