ချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်း

မဖတ်ရသေးဖတ်ကြည့်နော်အရမ်းကောင်းတဲ့စာလေးမို့ပါချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်း

မဖတ်ရသေးဖတ်ကြည့်နော်အရမ်းကောင်းတဲ့စာလေးမို့ပါချို့တဲ့သူကိုထမင်းတစ်လုပ်ကျွေးခဲ့ခြင်းကြောင့်ပြန်ပြီးအကျိုးခံစားရခြင်းကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာ ကောင်လေးတစ်ယောက်ကထမင်းလာမှာစားတယ်ဆိုင်ရှင်နားကပ်ပြီး

လေသံတိုးတိုးလေးနှင့်ဟိုလေသားကိုထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျသားပိုက်ဆံမလောက်လို့ပါရပါတယ်သားရယ်ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေ ထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ငါးပိရည်လည်းထည့်ပေးဖို့မမေ့နဲ့နာ်ယောက်ျားဖြစ်သူကထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာ

သွားချပေးလိုက်တယ်ကောင်လေးက သူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ်ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျကောင်းလေးခမျာ ပြောသာပြောနေရတယ်သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါရပါတယ်သားရယ်ဒါနဲ့ဒီထမင်းထုတ်ကမင်းဘာသွားလုပ်ဖို့လည်းသားညနေကြရင်စားဖို့ပါဦးဆိုင်ရှင်အဖိုးကြီးက

သူ့ကိုဂရုနာသက်တဲ့မျက်လုံးနှင့်ကြည့်ပြီးအင်!ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ်အိမ္ကမိဘေတြကငွေကြေးအခက်ခဲ ရှိပုံရတယ်အမှန်တကယ်တော့သူတို့လင်မယားကလည်းတစ်နေ့လုပ်တစ်နေ့စားပါဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ

မရှိသူမို့လည်းမရှိသူကိုစာနာတတ်တဲ့စိတ်ကသူတို့လင်မယားမှာရှိပြီးသားပါလေဟင်းအိုးမှဟင်းတွေကိုခတ်ပြီးထမင်းများနဲ့သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ရှင်ဘာလုပ်နေတာလည်းကာင်းလေးအတွက် ထမင်းထည့်ပေးနေတာလေအာ်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်း

ရလျှက်သားနဲ့ဘာလဲရှင်ကကျွန်မမြင်မှာ ကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့မိန်းမသားတယောက်ပါဟာဒီမိန်းမဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့သူ့ကိုအထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆို တို့ဆိုင်ကိုသူဘယ်လိုလုပ်ပြီးလာရဲတော့မလည်

းမိန်းမဖြစ်သူက လင်ယောက်ျားကို ကြည့်ပြီးပီတိဖြစ်မိသည် အေမလးငါ့ယောက်ျားကသနားတတ်ရုံတစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကိုအဖက္ဖက္ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့ဒီလိုနဲ့ပဲ ကောင်းလေးဟာသူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်

သူတို့လင်မယားကလည်းတစ်နေ့တစ်မျိုးမရိုးလေအောင်ဟင်းအမျိုးမျိုးကိုထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို၁၀နှစ်ကြာမျှတောင်တစ်ခါမှ ရောက်မလာတော့ပါတစ်နေ့တာ့ မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်းလာပြောသောအခါလင်မယားနှစ်ယောက်သား

စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာထိုင်မိူင်နေကြစဉ်သူတို့နေတဲ့အိမ်နားသို့ကားတစ္စီးကလာ၍ထိုးရပ်လာသည်လူတေယာက္ကကားပေါ်မှဆင်းပြီးသူတို့ရှိရာ လျှောက်၍လာသည်ကျွန်တော်ကကုမ္မဏီတစ်ခုရဲ့မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးကအဒေါ်တို့လင်မယားချက်တဲ့ဟင်းကိုအရမ်းကြိုက်တဲ့သူတစ်ယောက်ပါအဲဒါကြောင့်ကျွန်တော်တို့ကုမ္မဏီအနီးမှာ

ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက်အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာဘယ်လိုသူဌေးကများလာပြီးစားဖူးပါလိမ့် ပြီးတော့လည်း သူတို့မှာရှိတာကအိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနားထမင်းဆိုင်သွားဖွင့်ရမှာဘယ္လိုမွမဖြစ်နိုင်လို့သူတို့ငြင်းဆိုခဲ့တယ်အဲဒီအတွက်မပူပါနဲ့ဗျာကျွန်တော့်သူဌေးကအစစအရာရာ

ပြင်ဆင်ထားပြီးသားပါ သွားပြီးချက်ပြုတ်ရုံသက်သက်ပါအဲဒီသူဌေးကဘာဖြစ်လို့သူတို့အပေါ်ဒီလောက်ကောင်းနေရတာလည်းဆိုတာသူတို့နားမလည်ခဲ့နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးကတစ်ချိန်ကသူတို့ဆီကထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကိုမကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါဘာမြ အားမနာကြပါနဲ့စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး

စာနာမူ့လည်းထားတတ်ရမယ်ယခုလို IT ခေတ်မှာ မရွိသူကို ကူညီတတ်ကြတဲ့သူတစ်ချို့သတိထားသင့်တယ်သူတစ်ပါးကိုကူညီလိုလျှင်သူ့ရဲ့ဂုဏ်သိက္ခာကိုလည်း ထည့်တွေးသင့်တယ်ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာ သူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ

Be the first to comment

Leave a Reply

Your email address will not be published.


*