ရင်ခွင်မီအရပ် ပိုင်ရှင်တွေပဲသိတဲ့ အခက်အခဲတွေဆိုတာ…

အပေါင်းအသင်းတွေကြားထဲမှာ အ၀ တစ်ယောက်၊ အပိန် တစ်ယောက်၊ အပု တစ်ယောက်၊ အရှည် တစ်ယောက်စီ ပါတတ်ပါတယ်။ ဝတဲ့ လူကျ ဝလို့ ၊ ပိန်တဲ့သူကျ ပိန်လို့ ၊ အရပ်ရှည်တဲ့သူက ရှည်လို့ ၊ ပုတဲ့သူက ပုလို့ ပြဿနာကိုယ်စီနဲ့ပါ။ အချင်းချင်းလည်း သူတို့ ကာရိုက်တာလေးတွေနဲ့ စနောက်တတ်ကြပါတယ်။ ကဲ … ရင်ခွင်မှီအရပ်လို့ သူတို့ကိုယ်သူတို့ နာမည်ပေးထားတဲ့ ဂျပုလေးတွေကတော့ ဒီပြဿနာတွေ အမြဲတမ်းကြုံနေရသူတွေပါ။

(၁) ပု တာကို သတိရအောင် လာလာလုပ်တယ်


လူကိုတွေ့တာနဲ့ လူကောင်သေးတယ်နော်။ အသက်ဘယ်လောက်ရှိပြီလဲ … စသဖြင့် အမေးခံရတာ ရိုးတောင်ရိုးနေပါပြီ။ bus ကား ပေါ်တက်လာရင် နေရာဖယ်ပေးကြတာ၊ အမြင့်က ပစ္စည်းတွေကို အလိုက်တသိနဲ့ ယူပေးတာ၊ တွေ့တိုင်း ပုမှ နုတာနော် ကလေးလေးကျနေတာပဲ ချစ်စရာလေးလို့ ပြောကြတာမျိုးကလည်း ကိုယ် ပုတာကို သတိပေးနေသလိုပါပဲ။

(၂) Ready made ဝတ်စုံတွေ ဝတ်လိုက်ရင် အောက်မှာ ပုံနေရော……style pants လိုဟာမျိုး၊ maxi dress လို ဂါဝန်အရှည်မျိုးတွေ ဝတ်ရင် အသိသာဆုံး။

(၃) ရှိုးပွဲသွားတိုင်း အသံပဲကြားရလို့ ကျေနပ်တယ်…..ဘာလို့ဆို လူတွေကြားထဲ မြှုပ်နေတော့ ဘာမှ မမြင်ရတာကို။ အသံပဲနားထောင်ပြီးပြန်လာရတဲ့ အခေါက်တွေ မနည်းဘူး .. 🙁

(၄) တခြားသူငယ်ချင်းတွေနဲ့ လမ်းလျှောက်ရင် ပြေးလိုက်နေရတယ်…….ပြေးမလိုက်ရရင်တောင် သူများထက် နှစ်ဆလောက် မြန်မြန်လျှောက်မှ မီမှာ။ မဟုတ်ရင် တော်တော်ဝေးဝေးမှာ ပြတ်ကျန်ခဲ့တာမျိုး။

(၅) ဘယ်မှာထိုင်ထိုင် အောက်ခြေလွတ်နေတယ်……ကိုယ့်အရပ်နဲ့ တိုင်းထားတဲ့ ထိုင်ခုံမဟုတ်ရင် ခြေထောက်တွေက လေထဲမှာ လွတ်နေရော။

(၆) ရေကူးကန်မှာကျတော့ နှာခေါင်းမပေါ်ဘူး……ခြေဖျားပါ ထောက်ထားရတယ်။ တကယ်။

(၇) အကြောင်းမဲ့ ခေါင်းလာပုတ်တဲ့ သူတွေကရှိသေး…..ပုတဲ့သူလေးတွေကို ခေါင်းပုတ်, ပုတ်ပြီး စ နေကျ မဟုတ်လား။

(၈) မိုးရွာတဲ့အချိန် လူတွေအများကြီး ကြားထဲ ထီးဆောင်းပြီးသွားရတာ လုံး၀ မလွယ်တာဆောင်းထားတဲ့ထီးက သူများတကာမျက်နှာကို လှမ်းထိုးတတ်လို့ မျက်စောင်းထိုးခံရတယ်။ ထီးပေါ်က ရေတွေသူများကို စိုသွားလို့ အားနာနေရတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*