ခါးနာ၊ကျောနာတတ်သူတွေ ဒီအချက်လေးတွေသိထားသင့်တယ်…

ကျောတွေနာတယ်၊ကျောတွေအောင့်တယ်ဆိုတာ ပေါ့ဆလို့မရပါဘူး။ဒါက နာတာရှည်ရောဂါတစ်ခုလိုဖြစ်သွားနိုင်ပါတယ်။မတ်တပ်ရပ်နေရင်သိပ်ပြီးမသိသာဘူး။ကျောနာတာဟာ လှဲချလိုက်တော့မှသိသာလာတာပါ။ဆေးတွေလိမ်းလဲဘာမှမထူးဘူးဆိုရင် ဒီနည်းလေးတွေအတိုင်းပြောင်းလဲကြည့်ပါ။


*အိပ်ချိန်မှန်အောင်ကြိုးစားပါ

အစ္စရေးပညာရှင်တွေရဲ့လေ့လာချက်အရ ဒီလိုနောက်ကျောနာကျင်တဲ့အောင့်တဲ့လူ ၈၀မှာ ၆၀လောက်က အိပ်ချိန်မမှန်ကန်လို့ပါတဲ့။အိပ်ပျော်ဖို့ခက်ခဲပြီးအိပ်ပျော်ရင်လည်း ခဏခဏနိုးတတ်သူတွေမှာ အဖြစ်များတာတွေ့ရပါတယ်။အထူးသဖြင့် ညဘက်အိပ်ပျော်ဖို့ခက်ခဲတဲ့အမျိုးသမီးတွေမှာပိုပြီးဖြစ်တတ်ပါတယ်။ဒါကြောင့် စောစောအိပ်တတ်တဲ့အကျင့်လေးလုပ်ကြည့်ပါ။ကိုယ်လေ့ကျင့်ကြည့်လို့မရဘူးဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးညဘက်စောစောအိပ်ပျော်နိုင်အောင်ကြိုးစားပါ။

*စိတ်ဖိစီးမှုတွေလျှော့ချပါ

စိတ်ဖိစီးမှုများတာကလည်း ကြွက်သားတွေကို ပင်ပန်းစေပါတယ်။ကြွက်သားတွေပင်ပန်းတဲ့အခါ ခါးနာတာ၊ကျောနာတာတွေအလွယ်တကူဖြစ်လာပါလိမ့်မယ်။စိတ်ဖိစီးမှုတွေရှိရင် လည်းစိတ်ကိုအပန်းဖြေပါ။စိတ်ဖိစီးမှုတွေကိုလျှော့ချပါ။အများကြီးမတွေးပဲ ခက်ခဲနေတဲ့အရာတွေကိုနည်းနည်းချင်းဖြေရှင်းပါ။ခန္ဓာကိုယ်နာကျင်မှုအများစုဟာ စိတ်ပင်ပန်းလို့ဖြစ်တာပါပဲ။


*ကြာကြာမထိုင်ပါနဲ့

ကွန်ပျူတာရှေ့မှာ၊တီဗီရှေ့မှာ အကြာကြီးထိုင်တာဟာ မကောင်းပါဘူး။ကြာကြာထိုင်တာဟာ သွေးဖိအားမြင့်တာ၊အဝလွန်တာ၊ကိုလက်စထရောဓာတ်များတာစတဲ့ကျန်းမာရေးပြဿနာတွေအပြင် နောက်ကျောနာကျင်မှုရဲ့ အကြောင်းရင်းတစ်ခုပါပဲ။ဒါကြောင့် အချိန်အကြာကြီးထိုင်ရမယ်ဆိုရင်တောင် နာရီဝက်တစ်ခါ၊တစ်နာရီတစ်ခါလောက်မတ်တပ်ရပ်၊လမ်းလျှောက်တာမျိုးလုပ်ပါ။

*ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကလည်း နောက်ကျောနာကျင်တာ၊အောင့်တာတွေနဲ့ဆက်စပ်နေပါတယ်။ဆေးလိပ်သောက်တတ်သူအများစုဟာဒီနောက်ကျောဘက်နာကျင်မှုကိုသုံးဆပိုပြီးခံစားရလေ့ရှိပါတယ်။ဒါကြောင့်ဆေးလိပ်သောက်တတ်ရင် တတ်နိုင်သလောက်လျှော့သောက်ပါ။ဆေးလိပ်အစား တစ်ခြားကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုခုနဲ့အစားထိုးကြည့်ပါ။


*လေ့ကျင့်ခန်းလုပ်ပါ

ကျောတွေနာတာ၊အောင့်တာကိုစပြီးသတိထားမိပြီဆိုရင် နောက်ကျောလေ့ကျင့်ခန်းလေးတွေ၊ခါးလေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။လေ့ကျင့်ခန်းလုပ်တာက ကြွက်သားတွေမာတင်းတာကိုလျှော့ချပေးနိုင်တဲ့အပြင်စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်လို့ နောက်ကျောနာကျင်မှုတွေအတွက်ရော၊စိတ်ဖိစီးမှုအတွက်ပါတစ်ချက်ခုတ်နှစ်ချက်ပါ။ဒါကြောင့်မနက်စောစောဖြစ်စေ၊အလုပ်ကပြန်လာရင်ဖြစ်စေ လေ့ကျင့်ခန်းပါးပါးလေးလုပ်ပေးပါ။

ဒီအချက်လေးတွေအတိုင်းသေချာပြောင်းလဲနေထိုင်မယ်ဆိုရင် ခါးနာ၊ကျောနာ၊ကျောအောင့်တာတွေကို ပျောက်ကင်းစေမှာပါ။ဒါပေမဲ့ မသိသာဘူး။အရင်အတိုင်းပဲဆိုရင် ဒါက သင့်ရဲ့အတွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုခုနဲ့ပတ်သက်နေပါပြီ။ဆရာဝန်နဲ့သေချာပြသကြည့်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*